662 Shares 123 Views

ဘက္ထရီ မပါမယ့္ Lamborghini ရဲ႕ အီလက္ထရစ္ကား

May 28, 2018
662 123

Lamborghini နဲ႔ Massachusetts Institute of Technology (MIT) တို႔က ယခင္ႏွစ္မွာ ေခတ္ေရွ႕ေျပး ဒီဇိုင္းပါတဲ့ အီလက္ထရစ္ ကား နမူနာပံုစံကို ျပသခဲ့ပါတယ္။ သူ႔ရဲ႕ အမည္မွာ Terzo Millennio ျဖစ္ၿပီး သဘာ၀ ပတ္၀န္းက်င္နဲ႔ လိုက္ေလ်ာညီေထြရွိမယ့္ အနာဂတ္ Sports Car မ်ား ျဖစ္လာမွာပါ။ လန္ေဘာ္ဂီနီရဲ႕ သုေတသနဌာနမွ ေခါင္းေဆာင္ ျဖစ္သူ Maurizio Reggiani က စြမ္းရည္ျပည့္ အီလက္ထရစ္ကားမ်ားရဲ႕ အနာဂတ္ ဒီဇိုင္းနဲ႔ စီးနင္းႏုိင္မယ့္ အခ်ိန္မ်ားနဲ႔ ပတ္သက္ၿပီးေတာ့ Digital Trends ကို ေျပာၾကားခဲ့ပါတယ္။

သူက “ Tesla, Nissan , Jaguar တို႔လို ကုမၸဏီမ်ားရဲ႕ ကားမ်ားမွ လက္ရွိ နည္းပညာမ်ားဟာ Aventador S လို Super Sports Car မ်ားအတြက္ေတာ့ မသင့္ေတာ္ပါဘူး။ အဓိက ျပႆနာက အေလးခ်ိန္နဲ႔ ဘက္ထရီ ထည့္သြင္းထားမႈ ျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ ကားမ်ားဟာ အျမန္ဆံုး အေနျဖင့္ တစ္နာရီလွ်င္ ၁၈၆ မိုင္ ေမာင္းႏွင္ႏိုင္ရမွာ ျဖစ္ၿပီး ကားေမာင္းၿပိဳင္ကြင္းတစ္ခုကို အျမန္ဆံုး အရွိန္ျဖင့္ သံုးပတ္အထိ ေမာင္းႏွင္ႏိုင္ရမွာပါ။ သူတို႔မွာ အဆင့္ျမင့္ ထိန္းခ်ဳပ္စနစ္မ်ား ပါရမွာပါ။ လက္ရွိ ဘက္ထရီ နည္းကပညာမ်ားနဲ႔ဆို ဒါမ်ိဳး လုပ္လို႔ မရပါဘူး။ “ လို႔ ေျပာပါတယ္။

လန္ေဘာ္ဂီနီက ကားမ်ားမွာ ဘက္ထရီ မထည့္သြင္းဘဲ စြမ္းအင္မ်ားကို ကာဗြန္ဖိုက္ဘာမွာ သိုေလွာင္သိမ္းဆည္းနိုင္မယ့္ နည္းပညာမ်ားကို ဖန္တီးေနပါတယ္။ ကားထုိင္ခံုမ်ား၊ Suspension အစိတ္အပိုင္းမ်ားလို ကားရဲ႕ ကိုယ္ထည္မ်ားမွာ စြမ္းအင္ကို သိမ္းဆည္းထားမွာ ျဖစ္ပါတယ္။ လာမယ့္ ၃ ႏွစ္အတြင္းမွာ ဒီနည္းပညာကို တီထြင္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားၿပီး ၂၀၃၀ ခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်ႏုိင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း Reggiani က ေျပာပါတယ္။

Ref : digitaltrends

unicode

ဘက်ထရီ မပါမယ့် Lamborghini ရဲ့ အီလက်ထရစ်ကားများ

Lamborghini နဲ့ Massachusetts Institute of Technology (MIT) တို့က ယခင်နှစ်မှာ ခေတ်ရှေ့ပြေး ဒီဇိုင်းပါတဲ့ အီလက်ထရစ် ကား နမူနာပုံစံကို ပြသခဲ့ပါတယ်။ သူ့ရဲ့ အမည်မှာ Terzo Millennio ဖြစ်ပြီး သဘာ၀ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမယ့် အနာဂတ် Sports Car များ ဖြစ်လာမှာပါ။ လန်ဘော်ဂီနီရဲ့ သုတေသနဌာနမှ ခေါင်းဆောင် ဖြစ်သူ Maurizio Reggiani က စွမ်းရည်ပြည့် အီလက်ထရစ်ကားများရဲ့ အနာဂတ် ဒီဇိုင်းနဲ့ စီးနင်းနိုင်မယ့် အချိန်များနဲ့ ပတ်သက်ပြီးတော့ Digital Trends ကို ပြောကြားခဲ့ပါတယ်။

သူက “ Tesla, Nissan , Jaguar တို့လို ကုမ္ပဏီများရဲ့ ကားများမှ လက်ရှိ နည်းပညာများဟာ Aventador S လို Super Sports Car များအတွက်တော့ မသင့်တော်ပါဘူး။ အဓိက ပြဿနာက အလေးချိန်နဲ့ ဘက်ထရီ ထည့်သွင်းထားမှု ဖြစ်ပါတယ်။ ကျွန်တော်တို့ ကားများဟာ အမြန်ဆုံး အနေဖြင့် တစ်နာရီလျှင် ၁၈၆ မိုင် မောင်းနှင်နိုင်ရမှာ ဖြစ်ပြီး ကားမောင်းပြိုင်ကွင်းတစ်ခုကို အမြန်ဆုံး အရှိန်ဖြင့် သုံးပတ်အထိ မောင်းနှင်နိုင်ရမှာပါ။ သူတို့မှာ အဆင့်မြင့် ထိန်းချုပ်စနစ်များ ပါရမှာပါ။ လက်ရှိ ဘက်ထရီ နည်းကပညာများနဲ့ဆို ဒါမျိုး လုပ်လို့ မရပါဘူး။ “ လို့ ပြောပါတယ်။

လန်ဘော်ဂီနီက ကားများမှာ ဘက်ထရီ မထည့်သွင်းဘဲ စွမ်းအင်များကို ကာဗွန်ဖိုက်ဘာမှာ သိုလှောင်သိမ်းဆည်းနိုင်မယ့် နည်းပညာများကို ဖန်တီးနေပါတယ်။ ကားထိုင်ခုံများ၊ Suspension အစိတ်အပိုင်းများလို ကားရဲ့ ကိုယ်ထည်များမှာ စွမ်းအင်ကို သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။ လာမယ့် ၃ နှစ်အတွင်းမှာ ဒီနည်းပညာကို တီထွင်နိုင်မယ်လို့ မျှော်လင့်ထားပြီး ၂၀၃၀ ခုနှစ်မှာ ထုတ်လုပ်ရောင်းချနိုင်မယ်လို့ မျှော်လင့်ကြောင်း Reggiani က ပြောပါတယ်။

Ref : digitaltrends

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
296 shares383 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category