4232 Shares 1398 Views

Xiaomi Mi 8 ဟာ ပထမႏွစ္၀က္မွာ ထြက္ရွိလာတဲ့ ေစ်းအသက္သာဆံုး Flagship ျဖစ္လာႏုိင္

May 28, 2018
4232 1398

တရုတ္မွ စမတ္ဖုန္း ေစ်းကြက္ ကြ်မ္းက်င္သူ တစ္ဦးက Xiaomi Mi 8 ဟာ ယခုႏွစ္ ပထမႏွစ္၀က္မွာ ထြက္ရွိလာတဲ့ ေစ်းအသက္သာဆံုး Flagship ျဖစ္လာႏုိင္တယ္လို႔ ေဟာကိန္းထုတ္လုိက္ပါတယ္။ သူ႔ရဲ႕ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ဟာ တရုတ္မွာ ယြမ္ ၂၇၉၉ ရွိၿပီး ၄၄၀ ေဒၚလာသာ ရွိပါတယ္။

အဲဒီေမာ္ဒယ္မွာ 6GB RAM , 64GB Storage မ်ား ပါမွာ ျဖစ္ၿပီး OnePlus 6 ရဲ႕ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ထက္ ၉၀ ေဒၚလာေလာက္ သက္သာမွာပါ။ လက္ရွိမွာေတာ့ OnePlus 6 ဟာ ေစ်းကြက္ထဲမွာ တန္ဖိုးအသက္သာဆံုး Flagship ျဖစ္ေနပါတယ္။ လာမယ့္ ၃ ရက္ေရာက္ရင္ေတာ့ သူ႔ရဲ႕ သရဖူကို Xiami Mi 8 က လုယူသြားႏုိင္ပါတယ္။

Xiaomi Mi 8 ရဲ႕ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းအခ်က္အလက္မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ Xiaomi Mi 8 မွာ ၆.၀၁ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားမွာ ျဖစ္ၿပီး မ်က္နွာျပင္ရဲ႕ အထက္မွာ Width က်ယ္တဲ့ Notch ပါရွိမွာ ျဖစ္ပါတယ္။ သူ႔မွာ ေရွာင္မီ ကိုယ္တိုင္ ဖန္တီးထားတဲ့ မ်က္ႏွာျဖင့္ ဖုန္းကို Unlock လုပ္တဲ့ 3D Sensors မ်ား ပါလာမွာ ျဖစ္ပါတယ္။ Qualcomm Snapdragon 845 Chipset ပါလာမွာ ေသခ်ာသေလာက္ရွိပါတယ္။

သူ႔ကို ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။ 6GB RAM/64GB Storage ကို ၄၄၀ ေဒၚလာနဲ႔ စြမ္းရည္ျမင့္ 8GB RAM/128GB Storage ကို ၅၀၀ ေဒၚလာျဖင့္ ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီ ဖုန္းရဲ႕ အေနာက္ကင္မရာ ႏွစ္လံုးကိုလည္း ဥာဏ္ရည္တု နည္းပညာက ေထာက္ကူေပးမွာ ျဖစ္ၿပီး Scenes ေပါင္း ၂၀၀ ေက်ာ္ကို ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။ သူ႔မွာ မတူညီတဲ့ Portrait Mode ၁၂ မ်ိဳးလည္း ပါလာမွာပါ။

Xiaomi Mi 8 ရဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို ျပသတဲ့ ဗီဒီယိုလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ ဗီဒီယို အတိုေလးမွာ လူတစ္ေယာက္က ဖုန္းတစ္လံုးရဲ႕ မ်က္နွာျပင္ေပၚကို လက္ေခ်ာင္း တင္၍ ဖုန္းကို Unlock ျပဳလုပ္ေနတာကို ျပသထားပါတယ္။ ဖုန္းမွ အိုင္ကြန္မ်ားဟာ Xiaomi MIUI Android Skin ျဖစ္တဲ့အတြက္ အဲဒီ စမတ္ဖုန္းဟာ ေရွာင္မီရဲ႕ Mi 8 ျဖစ္ႏုိင္ပါတယ္။ သူ႔မွာ Quick Charge 4.0+ လည္း ပါလာမယ္လို႔ Qualcomm က အတည္ျပဳထားပါတယ္။

Ref : gsmarena

unicode

Xiaomi Mi 8 ဟာ ပထမနှစ်ဝက်မှာ ထွက်ရှိလာတဲ့ ဈေးအသက်သာဆုံး Flagship ဖြစ်လာနိုင်

တရုတ်မှ စမတ်ဖုန်း ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက Xiaomi Mi 8 ဟာ ယခုနှစ် ပထမနှစ်ဝက်မှာ ထွက်ရှိလာတဲ့ ဈေးအသက်သာဆုံး Flagship ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ သူ့ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ တရုတ်မှာ ယွမ် ၂၇၉၉ ရှိပြီး ၄၄၀ ဒေါ်လာသာ ရှိပါတယ်။

အဲဒီမော်ဒယ်မှာ 6GB RAM , 64GB Storage များ ပါမှာ ဖြစ်ပြီး OnePlus 6 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ထက် ၉၀ ဒေါ်လာလောက် သက်သာမှာပါ။ လက်ရှိမှာတော့ OnePlus 6 ဟာ ဈေးကွက်ထဲမှာ တန်ဖိုးအသက်သာဆုံး Flagship ဖြစ်နေပါတယ်။ လာမယ့် ၃ ရက်ရောက်ရင်တော့ သူ့ရဲ့ သရဖူကို Xiami Mi 8 က လုယူသွားနိုင်ပါတယ်။

Xiaomi Mi 8 ရဲ့ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအချက်အလက်များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Xiaomi Mi 8 မှာ ၆.၀၁ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင်ရဲ့ အထက်မှာ Width ကျယ်တဲ့ Notch ပါရှိမှာ ဖြစ်ပါတယ်။ သူ့မှာ ရှောင်မီ ကိုယ်တိုင် ဖန်တီးထားတဲ့ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်တဲ့ 3D Sensors များ ပါလာမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 845 Chipset ပါလာမှာ သေချာသလောက်ရှိပါတယ်။

သူ့ကို မော်ဒယ် နှစ်မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ 6GB RAM/64GB Storage ကို ၄၄၀ ဒေါ်လာနဲ့ စွမ်းရည်မြင့် 8GB RAM/128GB Storage ကို ၅၀၀ ဒေါ်လာဖြင့် ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းရဲ့ အနောက်ကင်မရာ နှစ်လုံးကိုလည်း ဉာဏ်ရည်တု နည်းပညာက ထောက်ကူပေးမှာ ဖြစ်ပြီး Scenes ပေါင်း ၂၀၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ သူ့မှာ မတူညီတဲ့ Portrait Mode ၁၂ မျိုးလည်း ပါလာမှာပါ။

Xiaomi Mi 8 ရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ပြသတဲ့ ဗီဒီယိုလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဗီဒီယို အတိုလေးမှာ လူတစ်ယောက်က ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်ပေါ်ကို လက်ချောင်း တင်၍ ဖုန်းကို Unlock ပြုလုပ်နေတာကို ပြသထားပါတယ်။ ဖုန်းမှ အိုင်ကွန်များဟာ Xiaomi MIUI Android Skin ဖြစ်တဲ့အတွက် အဲဒီ စမတ်ဖုန်းဟာ ရှောင်မီရဲ့ Mi 8 ဖြစ်နိုင်ပါတယ်။ သူ့မှာ Quick Charge 4.0+ လည်း ပါလာမယ်လို့ Qualcomm က အတည်ပြုထားပါတယ်။

Ref : gsmarena

You may be interested

ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ားကို ေက်ာ္၊ ခြ ၾကည့္လို႔ရမယ့္ TunnelBear VPN
FEATURES, Softwares & Application
0 shares0 views

ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ားကို ေက်ာ္၊ ခြ ၾကည့္လို႔ရမယ့္ TunnelBear VPN

Ko Thuya - Jun 21, 2018

TunnelBear VPN ဟာ အခမဲ့ VPN ၀န္ေဆာင္မႈမ်ားထဲမွာ နာမည္ႀကီးပါတယ္။ VPN မ်ားဟာ ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ား၊ ၀န္ေဆာင္မႈမ်ားကို သင္က ၾကည့္ရႈႏုိင္ေအာင္ ျပဳလုပ္ေပးႏုိင္ပ ါတယ္။ ျမန္မာႏုိင္ငံကေန ၾကည့္ရႈလို႔ မရတဲ့ ၀က္ဆိုက္မ်ား၊ ၀န္ေဆာင္မႈမ်ားကို သင္က ေက်ာ္ခြ၍…

Garmin က စမတ္နာရီ အသစ္မ်ားကို မိတ္ဆက္
NEWS, smartwatch
62 shares19 views

Garmin က စမတ္နာရီ အသစ္မ်ားကို မိတ္ဆက္

Ko Thuya - Jun 21, 2018

အေမရိကန္ နည္းပညာ ကုမၸဏီ Garmin က Fitness Tracker/ Smartwatch အသစ္မ်ားကို ျပသလိုက္ပါတယ္။ Fenix 5 Plus ၊ Fenix 5S Plus နဲ႔ Fenix 5X Plus တို႔ ျဖစ္ပါတယ္။…

သၾကၤန္ႏွစ္ကူးကံစမ္းမဲဆုခ်ီးျမွင့္ျခင္းနဲ့အတူ Samsung Myanmar ရဲ႕”Bring the Big Game Home” အစီအစဥ္
Local News
61 shares6 views

သၾကၤန္ႏွစ္ကူးကံစမ္းမဲဆုခ်ီးျမွင့္ျခင္းနဲ့အတူ Samsung Myanmar ရဲ႕”Bring the Big Game Home” အစီအစဥ္

Nwe Oo - Jun 21, 2018

[Zawgyi] ျမန္မာႏိုင္ငံတြင္ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္လုပ္ေဆာင္လ်က္ရွိသည့္ Samsung Myanmar သည္ သၾကၤန္ပြဲေတာ္အထိမ္းအမွတ္ “Samsung Love Myanmar” ကံစမ္းမဲအထူးအစီအစဥ္၏ Suzuki Ciaz Car ကံထူးရွင္အပါအဝင္ အျခား ဆုမဲမ်ားေပါင္း ၁၆၀ ေက်ာ္ကို ကံထူးသြားသူမ်ားအား ဆုေပးအပ္ခ်ီးျမွင့္ျခင္း အခမ္းအနားကို…

Leave a Comment

Most from this category