265 Shares 163 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

May 27, 2018
265 163

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Intrepid

UN ရဲ႕ စစ္တမ္းအရ ႏွစ္စဥ္ ကမာၻအ၀န္းမွာ မုဒိန္းက်င့္ျခင္း သို႔မဟုတ္ မုဒိန္းက်င့္ဖို႔ ႀကိဳးစားတဲ့ အေရအတြက္ဟာ ၂၅၀ ၀၀၀ ေက်ာ္ ရွိပါတယ္။ အဲဒီ စစ္တမ္းထဲမွာ ႏုိင္ငံ ၆၅ ခု ပါပါတယ္။ အခုေတာ့ MIT မွ သိပၸံပညာရွင္မ်ားက ဒီျပသာနာကို ေျဖရွင္းေပးေတာ့မွာပါ။ ပညာရွင္မ်ားက Intrepid အမည္ရ စတစ္ကာေလးကို ဖန္တီးလိုက္ပါတယ္။ သူ႔ကို ဘရာစီယာမွာ ကပ္ထားရမွာပါ။ သူ႔မွာ စမတ္ ဆန္ဆာတစ္ခု ပါၿပီး သူက သင့္ရဲ႕ လႈပ္ရွားမႈမ်ားကို အာရံုခံႏုိင္ပါတယ္။ သူက သင္ ဘရာစီယာကို ခြ်တ္တဲ့ ဟန္မ်ားကိုလည္း မွတ္သားထားပါတယ္။ သင့္ ဘရာစီယာကို လူတစ္ဦးက အၾကမ္းဖက္ၿပီး ခြ်တ္တာနဲ႔ သူက သင့္ဖုန္းထံ စာတစ္ေစာင္ ပို႔ေပးမွာပါ။ သင္က စကၠန္႔ ၃၀ ၾကာတဲ့အထိ စာျပန္ျခင္း မရွိရင္ေတာ့ သင္ ႀကိဳတင္သတ္မွတ္ထားတ့ဲ ဖုန္းနံပါတ္ ငါးခုထံ သင္ အႏၱရာယ္ ရွိေနၿပီ ျဖစ္ေၾကာင္း သတိေပးစာ ပို႔ေပးမွာပါ။

သူက အသံကိုလည္း ဖမ္းယူေပးႏုိင္ၿပီး သင့္ရဲ႕ တည္ေနရာကို သင့္ အဆက္အသြယ္မ်ားက သိေအာင္လည္း ကူညီေပးပါတယ္။ သူဟာ ဘရာစီယာမွာ တပ္ဆင္ရတဲ့ စတစ္ကာ အျဖစ္ ဖန္တီးထားေပမယ့္ သူ႔ကို သင့္ ခႏၱာကိုယ္ရဲ႕ ေနရာတိုင္းမွာ ကပ္ထားႏုိင္ပါတယ္။ သူ႔ကို အမ်ိဳးသမီးမ်ား သာမက အမ်ိဳးသားမ်ား၊ ကေလးငယ္မ်ား၊ သက္ႀကီး ရြယ္အိုမ်ားလည္း အသံုးျပဳႏုိင္ပါတယ္။

TeamGee

TeamGee က အီလက္ထရစ္ စကိတ္ဘုတ္ ျဖစ္ၿပီး အလြန္ ေပါ့ပါးေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ ၁၃ ေပါင္သာ အေလးခ်ိန္ရွိပါတယ္။ တစ္နာရီကို ၂၃ မိုင္ႏႈန္းျဖင့္ ေမာင္းႏွင္ႏုိင္ပါတယ္။ သူ႔မွာ စီးနင္းႏိုင္တဲ့ Mode ၂ ခု ပါပါတယ္။ တစ္ခုက တစ္နာရီကို ၂၃ မိုင္ႏႈန္းျဖစ္ပါတယ္။ ေနာက္တစ္ခုက တစ္နာရီကို ၁ မိုင္ႏႈန္း ျဖစ္ပါတယ္။ အျမန္ႏႈန္းကို လက္ကိုင္ Remote ကေန ေျပာင္းလဲႏုိင္ပါတယ္။ အားအျပည့္သြင္းထားရင္ ၁၁ မိုင္ေမာင္းႏွင္ႏုိင္ပါတယ္။ သူ႔ကို ၀ ကေန ၁၀၀ ရာခုိင္ႏႈန္း အားျဖည့္ဖို႔အတြက္ ၂ နာရီ ၾကာျမင့္ပါတယ္။ သူ႔ရဲ႕ ပုံသ႑ာန္ဟာ သာမာန္ စကိတ္ဘုတ္မ်ားနဲ႔ တူညီပါတယ္။ ၄.၇ လက္မသာ အျမင့္ရွိတဲ့အတြက္ က်စ္လစ္ပါတယ္။ သူ႔ကို ၄၄၉ ေဒၚလာျဖင့္ ေရာင္းခ်ေပးေနပါတယ္။

Upsee

အာရံုေၾကာနဲ႔ ၾကြက္သား ေ၀ဒနာမ်ား ခံစားေနရတဲ့ ကေလးငယ္မ်ားအတြက္ လမ္းေလွ်ာက္တဲ့အခါမွာ အခက္အခဲမ်ားစြာ ရင္ဆိုင္ရပါတယ္။ အဲဒီ ျပႆနာကို ေျဖရွင္းေပးဖုိ႔အတြက္ Upsee ကို ဖန္တီးထားပါတယ္။ သူက လူႀကီးရဲ႕ အကူအညီျဖင့္ ကေလးမ်ားအား လမ္းေလွ်ာက္ႏုိင္ေအာင္ ျပဳလုပ္ေပးတဲ့ အထိန္းေလး ျဖစ္ပါတယ္။ သူ႔ကို အ၀တ္အစား ၀တ္သလို ကေလးနဲ႔ လူႀကီးမွာ ၀တ္ဆင္ရမွာ ျဖစ္ပါတယ္။ အသက္ ၁ ႏွစ္ကေန ၈ ႏွစ္အတြင္းရွိ ကေလးငယ္မ်ား အသံုးျပဳႏုိင္ပါတယ္။ ၅၅ ေပါင္အထိ သူက သယ္ေဆာင္ႏုိင္ပါတယ္။ ကေလး သူငယ္ က်န္းမာေရး ပညာရွင္မ်ားက သူ႔ကို ခ်ီးမြမ္းမႈမ်ားလည္း ရွိေနပါတယ္။ သူ႔ကို ေလွ်ာ္ဖြပ္လို႔ လြယ္ကူေအာင္လည္း ျပဳလုပ္ေပးထားပါတယ္။ သူ႔ကို အရြယ္အစား ေလးမ်ိဳးထုတ္လုပ္ေပးထားပါတယ္။

Ref : gigdgets

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

Intrepid

UN ရဲ့ စစ်တမ်းအရ နှစ်စဉ် ကမ္ဘာအဝန်းမှာ မုဒိန်းကျင့်ခြင်း သို့မဟုတ် မုဒိန်းကျင့်ဖို့ ကြိုးစားတဲ့ အရေအတွက်ဟာ ၂၅၀ ၀၀၀ ကျော် ရှိပါတယ်။ အဲဒီ စစ်တမ်းထဲမှာ နိုင်ငံ ၆၅ ခု ပါပါတယ်။ အခုတော့ MIT မှ သိပ္ပံပညာရှင်များက ဒီပြသာနာကို ဖြေရှင်းပေးတော့မှာပါ။ ပညာရှင်များက Intrepid အမည်ရ စတစ်ကာလေးကို ဖန်တီးလိုက်ပါတယ်။ သူ့ကို ဘရာစီယာမှာ ကပ်ထားရမှာပါ။ သူ့မှာ စမတ် ဆန်ဆာတစ်ခု ပါပြီး သူက သင့်ရဲ့ လှုပ်ရှားမှုများကို အာရုံခံနိုင်ပါတယ်။ သူက သင် ဘရာစီယာကို ချွတ်တဲ့ ဟန်များကိုလည်း မှတ်သားထားပါတယ်။ သင့် ဘရာစီယာကို လူတစ်ဦးက အကြမ်းဖက်ပြီး ချွတ်တာနဲ့ သူက သင့်ဖုန်းထံ စာတစ်စောင် ပို့ပေးမှာပါ။ သင်က စက္ကန့် ၃၀ ကြာတဲ့အထိ စာပြန်ခြင်း မရှိရင်တော့ သင် ကြိုတင်သတ်မှတ်ထားတဲ့ ဖုန်းနံပါတ် ငါးခုထံ သင် အန္တရာယ် ရှိနေပြီ ဖြစ်ကြောင်း သတိပေးစာ ပို့ပေးမှာပါ။

သူက အသံကိုလည်း ဖမ်းယူပေးနိုင်ပြီး သင့်ရဲ့ တည်နေရာကို သင့် အဆက်အသွယ်များက သိအောင်လည်း ကူညီပေးပါတယ်။ သူဟာ ဘရာစီယာမှာ တပ်ဆင်ရတဲ့ စတစ်ကာ အဖြစ် ဖန်တီးထားပေမယ့် သူ့ကို သင့် ခန္တာကိုယ်ရဲ့ နေရာတိုင်းမှာ ကပ်ထားနိုင်ပါတယ်။ သူ့ကို အမျိုးသမီးများ သာမက အမျိုးသားများ၊ ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများလည်း အသုံးပြုနိုင်ပါတယ်။

TeamGee

TeamGee က အီလက်ထရစ် စကိတ်ဘုတ် ဖြစ်ပြီး အလွန် ပေါ့ပါးအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ၁၃ ပေါင်သာ အလေးချိန်ရှိပါတယ်။ တစ်နာရီကို ၂၃ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။ သူ့မှာ စီးနင်းနိုင်တဲ့ Mode ၂ ခု ပါပါတယ်။ တစ်ခုက တစ်နာရီကို ၂၃ မိုင်နှုန်းဖြစ်ပါတယ်။ နောက်တစ်ခုက တစ်နာရီကို ၁ မိုင်နှုန်း ဖြစ်ပါတယ်။ အမြန်နှုန်းကို လက်ကိုင် Remote ကနေ ပြောင်းလဲနိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၁၁ မိုင်မောင်းနှင်နိုင်ပါတယ်။ သူ့ကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ဖို့အတွက် ၂ နာရီ ကြာမြင့်ပါတယ်။ သူ့ရဲ့ ပုံသဏ္ဍာန်ဟာ သာမာန် စကိတ်ဘုတ်များနဲ့ တူညီပါတယ်။ ၄.၇ လက်မသာ အမြင့်ရှိတဲ့အတွက် ကျစ်လစ်ပါတယ်။ သူ့ကို ၄၄၉ ဒေါ်လာဖြင့် ရောင်းချပေးနေပါတယ်။

Upsee

အာရုံကြောနဲ့ ကြွက်သား ဝေဒနာများ ခံစားနေရတဲ့ ကလေးငယ်များအတွက် လမ်းလျှောက်တဲ့အခါမှာ အခက်အခဲများစွာ ရင်ဆိုင်ရပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းပေးဖို့အတွက် Upsee ကို ဖန်တီးထားပါတယ်။ သူက လူကြီးရဲ့ အကူအညီဖြင့် ကလေးများအား လမ်းလျှောက်နိုင်အောင် ပြုလုပ်ပေးတဲ့ အထိန်းလေး ဖြစ်ပါတယ်။ သူ့ကို အဝတ်အစား ဝတ်သလို ကလေးနဲ့ လူကြီးမှာ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ အသက် ၁ နှစ်ကနေ ၈ နှစ်အတွင်းရှိ ကလေးငယ်များ အသုံးပြုနိုင်ပါတယ်။ ၅၅ ပေါင်အထိ သူက သယ်ဆောင်နိုင်ပါတယ်။ ကလေး သူငယ် ကျန်းမာရေး ပညာရှင်များက သူ့ကို ချီးမွမ်းမှုများလည်း ရှိနေပါတယ်။ သူ့ကို လျှော်ဖွပ်လို့ လွယ်ကူအောင်လည်း ပြုလုပ်ပေးထားပါတယ်။ သူ့ကို အရွယ်အစား လေးမျိုးထုတ်လုပ်ပေးထားပါတယ်။

Ref : gigdgets

You may be interested

ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ားကို ေက်ာ္၊ ခြ ၾကည့္လို႔ရမယ့္ TunnelBear VPN
FEATURES, Softwares & Application
0 shares0 views

ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ားကို ေက်ာ္၊ ခြ ၾကည့္လို႔ရမယ့္ TunnelBear VPN

Ko Thuya - Jun 21, 2018

TunnelBear VPN ဟာ အခမဲ့ VPN ၀န္ေဆာင္မႈမ်ားထဲမွာ နာမည္ႀကီးပါတယ္။ VPN မ်ားဟာ ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ား၊ ၀န္ေဆာင္မႈမ်ားကို သင္က ၾကည့္ရႈႏုိင္ေအာင္ ျပဳလုပ္ေပးႏုိင္ပ ါတယ္။ ျမန္မာႏုိင္ငံကေန ၾကည့္ရႈလို႔ မရတဲ့ ၀က္ဆိုက္မ်ား၊ ၀န္ေဆာင္မႈမ်ားကို သင္က ေက်ာ္ခြ၍…

Garmin က စမတ္နာရီ အသစ္မ်ားကို မိတ္ဆက္
NEWS, smartwatch
62 shares19 views

Garmin က စမတ္နာရီ အသစ္မ်ားကို မိတ္ဆက္

Ko Thuya - Jun 21, 2018

အေမရိကန္ နည္းပညာ ကုမၸဏီ Garmin က Fitness Tracker/ Smartwatch အသစ္မ်ားကို ျပသလိုက္ပါတယ္။ Fenix 5 Plus ၊ Fenix 5S Plus နဲ႔ Fenix 5X Plus တို႔ ျဖစ္ပါတယ္။…

သၾကၤန္ႏွစ္ကူးကံစမ္းမဲဆုခ်ီးျမွင့္ျခင္းနဲ့အတူ Samsung Myanmar ရဲ႕”Bring the Big Game Home” အစီအစဥ္
Local News
61 shares6 views

သၾကၤန္ႏွစ္ကူးကံစမ္းမဲဆုခ်ီးျမွင့္ျခင္းနဲ့အတူ Samsung Myanmar ရဲ႕”Bring the Big Game Home” အစီအစဥ္

Nwe Oo - Jun 21, 2018

[Zawgyi] ျမန္မာႏိုင္ငံတြင္ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္လုပ္ေဆာင္လ်က္ရွိသည့္ Samsung Myanmar သည္ သၾကၤန္ပြဲေတာ္အထိမ္းအမွတ္ “Samsung Love Myanmar” ကံစမ္းမဲအထူးအစီအစဥ္၏ Suzuki Ciaz Car ကံထူးရွင္အပါအဝင္ အျခား ဆုမဲမ်ားေပါင္း ၁၆၀ ေက်ာ္ကို ကံထူးသြားသူမ်ားအား ဆုေပးအပ္ခ်ီးျမွင့္ျခင္း အခမ္းအနားကို…

Leave a Comment

Most from this category