188 Shares 129 Views

ဒီတစ်ပတ်အတွင်း နာမည်ကြီးခဲ့သမျှနည်းပညာသတင်းများ

May 27, 2018
188 129

[Zawgyi]





၎. Samsung Galaxy S Light Luxury ဖုန်းတွေကိုမိတ်ဆက်လိုက်တဲ့သတင်း


 











၎. Samsung Galaxy S Light Luxury ဖုန်းတွေကိုမိတ်ဆက်လိုက်တဲ့သတင်း






 

[Unicode]

ဒီတစ်ပတ်အတွင်းမှာပဲဖြစ်ပျက်ခဲ့တဲ့ နည်းပညာသတင်းလေးတွေကို အကြမ်းဖျင်းသိရအောင် အကျဉ်းချုပ်ပြီး ဖော်ပြလိုက်ပါတယ်။

၁.  HTC U12+ ကိုမိတ်ဆက်လိုက်တဲ့သတင်း

၂.  Xiaomi MI 8 ကိုမေလ၃၁ရက်နေ့မှာမိတ်ဆက်တော့မယ့်သတင်း

၃. ဇွန်လ ၁၂ရက်နေ့မှာ Vivo Apex စမတ်ဖုန်းတွေမိတ်ဆက်တော့မယ့်သတင်း

၄. Samsung Galaxy S Light Luxury ဖုန်းတွေကိုမိတ်ဆက်လိုက်တဲ့သတင်း

၅. ZTE က အမေရိကန်ထုတ်ပစ္စည်းအစိတ်အပိုင်းတွေကို ပြန်လည်ဝယ်ယူခွင့်ရသွားတဲ့သတင်းတွေပဲဖြစ်ပါတယ်။

 

၁.  HTC U12+ ကိုမိတ်ဆက်လိုက်တဲ့သတင်း

HTC ကနေစွမ်းဆောင်ရည်မြင့်တဲ့ U12+ ဖုန်းကိုမိတ်ဆက်ခဲ့ပါပြီ။ 6-ich Super LCD 6 Display, 18:9 ratio display, 1440×2280 p resolution (537ppi), IP68, Snapdragon 845 တွေကိုသုံးထားပြီး HTC ရဲ့ Edge sense နည်းပညာလည်းပါတဲ့အဆင့်မြင့်ဖုန်းတစ်လုံးပါ။

နောက်ဘက်မှာ 12MP+16MP (2x optical zoom) ကိုမှ feature အစုံနဲ့သုံးနိုင်ပြီးရှေ့ဘက်မှာ 8MP ကင်မရာ၂လုံးသုံးထားပါတယ်။ 4K ဗီဒီယိုတွေကို 60fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပြီး RAM 6GB, storage 64GB/128GB ပါ။

—-> သတင်းအပြည့်အစုံဖတ်ရန် <—-

၂.  Xiaomi MI 8 ကိုမေလ၃၁ရက်နေ့မှာမိတ်ဆက်တော့မယ့်သတင်း

Xiaomi ကုမ္ပဏီတည်ထောင်တာ ၈နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ Mi 7 အစား Mi 8 လို့နာမည်ပေးပြီးမိတ်ဆက်လာတော့မှာပါ။ 6.01-inch display, Snapdragon 845, 3D Face Unlock, RAM 6GB/8GB , Storage 64GB/128GB, မျက်နှာပြင်အောက် under display fingerprint scanner, MIUI 10 တို့နဲ့ မေလ ၃၁ရက်နေ့မှာပွဲထွက်လာတော့မယ်လို့သိရပါတယ်။

—-> သတင်းအပြည့်အစုံဖတ်ရန် <—-

၃. ဇွန်လ ၁၂ရက်နေ့မှာ Vivo Apex စမတ်ဖုန်းတွေမိတ်ဆက်တော့မယ့်သတင်း

နောက်ပိုင်းစမတ်ဖုန်းတွေမှာ မျက်နှာပြင်ကျယ်အောင်လုပ်လာရာကနေ notch တွေစခေတ်စားလာပါတယ်။ နောက်ပိုင်းဖုန်းတိုင်းလိုလို ပါလာတော့ notch မပါဘဲ full view စစ်စစ်စမတ်ဖုန်းတစ်လုံးထုတ်နိုင်တယ်ဆိုတဲ့အကြောင်းကို Vivo Apex စမတ်ဖုန်းနဲ့ Vivo က သက်သေပြလိုက်ပါတယ်။ earpiece အတွက် Screen Sound casting နည်းပညာ၊ သုံးမယ့်အချိန်မှထွက်လာမယ့် Pop up ကင်မရာ၊ ရှေ့မျက်နှာပြင်တစ်ဝက်လုံးမှာ ကြိုက်တဲ့နေရာကိုနှိပ်ပြီးလော့ခ်ဖွင့်နိုင်တဲ့ in-display  fingerprint scanner ဒါတွေကတော့ သူများနဲ့မတူတဲ့ APEX စမတ်ဖုန်းရဲ့ အဓိက feature တွေပါ။ ဒီဖုန်းတွေကိုတော့ လာမယ့်ဇွန်လ ၁၂ရက်နေ့မှာမြင်တွေ့ရတော့မယ်လို့ ဆိုထားပါတယ်။

—-> သတင်းအပြည့်အစုံဖတ်ရန် <—-

၄. Samsung Galaxy S Light Luxury ဖုန်းတွေကိုမိတ်ဆက်လိုက်တဲ့သတင်း

Samsung Galaxy S8 Lite လို့သတင်းထွက်ခဲ့တဲ့ဖုန်းကတော့ Samsung Galaxy S Light Luxury ဆိုတဲ့နာမည်နဲ့ တရုတ်နိုင်ငံမှာမိတ်ဆက်လိုက်ပါပြီ။ 5.8 inch Infinity display( Super AMOLED panel) 1080x2220p resolution, 18.5:9 ratio, 4K ဗီဒီယိုတွေကို 30fps နဲ့ရိုက်ကူးနိုင်တဲ့ နောက်ဘက် 16MP ကင်မရာ ရှေ့ဘက် 8MP ကင်မရာတွေပါပါတယ်။ Snapdragon 660 chipset, RAM 4GB, storage 64GB, 3000 mAh battery, အားသွင်းအမြန်စနစ်, IP68, 3.5mm နားကြပ်ပေါက်, USB-C ပေါက်၊ ကျောဘက် fingerprint scanner, Bixby ခလုတ်တွေပါတဲ့ ဖုန်းတစ်လုံးပါ။ ဈေးကတော့ ၆၂၅ဒေါ်လာလောက်ရှိပါတယ်။

—-> သတင်းအပြည့်အစုံဖတ်ရန် <—-

၅. ZTE က အမေရိကန်ထုတ်ပစ္စည်းအစိတ်အပိုင်းတွေကို ပြန်လည်ဝယ်ယူခွင့်ရသွားတဲ့သတင်း

Qualcomm ရဲ့ processor တွေကိုအီရန်နိုင်ငံကိုရောင်းချတဲ့ကိစ္စကြောင့် အမေရိကန်က Qualcomm chipset တွေ အမေရိကန်ထုတ်ပစ္စည်းအစိတ်အပိုင်းတွေကို ZTEဆီမရောင်းချဖို့ တားမြစ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သမ္မတ ဒေါ်နယ်ထရမ့်က တားမြစ်ချက်ကိုရုတ်သိမ်းပြီး ဒဏ်ငွေတပ်လိုက်ပါတယ်။ ZTE ကြောင့်မို့ အမေရိကန်နဲ့ တရုတ်ဆိုတဲ့ စီးပွားရေးနိုင်ငံကြီး၂ခုကြား စီးပွားရေးတင်းမာမှုတွေ ပြေလျော့လာလိမ့်မယ်လို့တော့ မှန်းရပါတယ်။

—-> သတင်းအပြည့်အစုံဖတ်ရန် <—-

 

You may be interested

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
0 shares0 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
0 shares0 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို…

Leave a Comment

Most from this category