218 Shares 103 Views

Google Chrome ကေန ကိုယ့္ရဲ႕ password ေတြအကုန္လံုးျပန္ယူမယ္ဆိုရင္

May 27, 2018
218 103

[Zawgyi]

chrome-passwords-frustration

လံုျခံဳေအာင္ဆိုျပီး password ေတြကို အရွည္ၾကီးေတြေပးျပီး ျပန္ဝင္မယ္ဆိုမွ ေမ့ေနတတ္တာမ်ိဳးျဖစ္ဖူးပါသလား?? ကိုယ္မမွတ္ႏုိင္ဘူးဆိုရင္ Chrome တုိ႔ တျခား browser ေတြကိုသိမ္းခိုင္းျပီး ဝင္မယ့္အခ်ိန္မွ password ကို ေအာ္တိုျဖည့္ခိုင္းလို႔ရပါတယ္။ ဒါေပမယ့္ auto-fill password ေတြက ဝဘ္ဆိုဒ္ေတြကိုဝင္တဲ့အခါ ကိုယ့္အတြက္လြယ္သြားေပမယ့္ သူမ်ားေတြလည္းလြယ္လြယ္ဝင္လို႔ရေနတ့ဲအတြက္ စိတ္မခ်ရပါဘူး။ password manager တစ္ခုခုသံုးရတာလည္း အလုပ္ေတြရႈပ္တဲ့အတြက္ Google က password ေတြကိုေဒါင္းလုပ္ဆြဲသိမ္းလို႔ရမယ့္ feature တစ္ခုထည့္သြင္းေပးထားပါတယ္။

Chrome browser မွာသိမ္းထားသမွ် password ေတြအကုန္လံုးကုိ ျပန္ယူသိမ္းလို႔ရဖိုဆိုတာ အရင္ကေတာ့ ေတာ္ေတာ္မလြယ္တဲ့ကိစၥပါ။ အခု chrome မွာသံုးႏုိင္တယ္ဆိုေတာ့ သိမ္းထားသမွ် password ေတြအကုန္လံုးကို ကြန္ပ်ဴတာကိုထဲကို ဘယ္လုိျပန္သိမ္းမလဲၾကည့္လိုက္ရေအာင္

၁.  Address bar မွာ “ Chrome:// flags”  လို႔ရိုက္ျပီး “Enter” ကိုႏိွပ္ပါ။

၂. ေအာက္ထိ scroll ဆြဲခ်ျပီး “Password export” ဆိုတာကိုရွာပါ။ Ctrl+F ကိုႏိွပ္ျပီးရိုက္ရွာလည္းရပါတယ္။

chrome-passwords-export-button

၃. Password export ရဲ႕ dropdown menu ကေန enable ကိုေရြးေပးလိုက္ပါ။

chrome-passwords-enable

၄. “Relaunch now” ဆိုတာေလးေပၚလာရင္ ႏိွပ္လိုက္ပါ။ ဒါဆိုရင္ေတာ့ Chrome ကိုပိတ္ျပီး ျပန္ဖြင့္ေပးပါလိမ့္မယ္။

chrome-passwords-relaunch

၅. Chrome ရဲ႕ ညာဘက္ထိပ္ေထာင့္မွာရိွတဲ့ အစက္၃စက္ Setting ကိုႏိွပ္လိုက္ပါ။ ျပီးရင္ ေအာက္ဆံုးက “Advanced” ဆိုတာကိုသြားပါ။

chrome-passwords-settings

၆.  “Passwords and forms” ကိုသြားျပီး “Manage passwords” ကိုႏိွပ္လိုက္ပါ။

chrome-passwords-manage

၇. List ရဲ႕ထိပ္ဆံုးမွာရိွတဲ့ အစက္သံုးစက္နဲ႔ menu ကုိ ႏိွပ္ျပီး “Export passwords” ကိုေရြးလိုက္ပါ။

chrome-passwords-export-all

chrome-passwords-warning

ျပီး၇င္ေတာ့ .csv ဖိုင္အေနနဲ႔ password ေတြကိုသိမ္းေပးပါလိမ့္မယ္။ password ေတြကို သိမ္းျပီးရင္ေတာ့ ကုိယ္သံုးခ်င္တဲ့ password manager မွာ import လုပ္ျပီးလည္း ထည့္သံုးလို႔ရပါတယ္။ ဒါကိုမွ ကိုယ္ရဲ႕အခ်က္အလက္ေတြပါတဲ့ဆိုဒ္ေတြိကို တစ္ေယာက္ေယာက္ကဝင္မွာ ထပ္စိုးရိမ္ေနေသးတယ္ဆိုရင္ “two-factor” , “multi-factor” authentication ေတြခံျပီးသံုးလို႔လညး္ရႏုိင္ပါေသးတယ္။

Password ေတြလံုျခံဳဖို႔ password manager နဲ႔တင္မျဖစ္ေသးပါဘူး။ auto-fill နဲ႔သာလုပ္ထားရင္ပိုဆိုးပါေသးတယ္။ ဝင္ခ်င္တုိင္းဝင္လို႔ရေနေတာ့မွာပါ။ ဒီေတာ့ လုိတ့ဲအခ်ိန္မွ import လုပ္ျပီသံုးလို႔ရႏုိင္တဲ့ chrome ရဲ႕ feature ေလးက အားလံုးအတြက္ အသံုးဝင္မယ္လို႔ထင္ပါတယ္။

Ref: Google, MakeTechEasier

[Unicode]

chrome-passwords-frustration

လုံခြုံအောင်ဆိုပြီး password တွေကို အရှည်ကြီးတွေပေးပြီး ပြန်ဝင်မယ်ဆိုမှ မေ့နေတတ်တာမျိုးဖြစ်ဖူးပါသလား?? ကိုယ်မမှတ်နိုင်ဘူးဆိုရင် Chrome တို့ တခြား browser တွေကိုသိမ်းခိုင်းပြီး ဝင်မယ့်အချိန်မှ password ကို အော်တိုဖြည့်ခိုင်းလို့ရပါတယ်။ ဒါပေမယ့် auto-fill password တွေက ဝဘ်ဆိုဒ်တွေကိုဝင်တဲ့အခါ ကိုယ့်အတွက်လွယ်သွားပေမယ့် သူများတွေလည်းလွယ်လွယ်ဝင်လို့ရနေတဲ့အတွက် စိတ်မချရပါဘူး။ password manager တစ်ခုခုသုံးရတာလည်း အလုပ်တွေရှုပ်တဲ့အတွက် Google က password တွေကိုဒေါင်းလုပ်ဆွဲသိမ်းလို့ရမယ့် feature တစ်ခုထည့်သွင်းပေးထားပါတယ်။

Chrome browser မှာသိမ်းထားသမျှ password တွေအကုန်လုံးကို ပြန်ယူသိမ်းလို့ရဖိုဆိုတာ အရင်ကတော့ တော်တော်မလွယ်တဲ့ကိစ္စပါ။ အခု chrome မှာသုံးနိုင်တယ်ဆိုတော့ သိမ်းထားသမျှ password တွေအကုန်လုံးကို ကွန်ပျူတာကိုထဲကို ဘယ်လိုပြန်သိမ်းမလဲကြည့်လိုက်ရအောင်

၁.  Address bar မှာ “ Chrome:// flags”  လို့ရိုက်ပြီး “Enter” ကိုနှိပ်ပါ။

၂. အောက်ထိ scroll ဆွဲချပြီး “Password export” ဆိုတာကိုရှာပါ။ Ctrl+F ကိုနှိပ်ပြီးရိုက်ရှာလည်းရပါတယ်။

chrome-passwords-export-button

၃. Password export ရဲ့ dropdown menu ကနေ enable ကိုရွေးပေးလိုက်ပါ။

chrome-passwords-enable

၄. “Relaunch now” ဆိုတာလေးပေါ်လာရင် နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Chrome ကိုပိတ်ပြီး ပြန်ဖွင့်ပေးပါလိမ့်မယ်။

chrome-passwords-relaunch

၅. Chrome ရဲ့ ညာဘက်ထိပ်ထောင့်မှာရှိတဲ့ အစက်၃စက် Setting ကိုနှိပ်လိုက်ပါ။ ပြီးရင် အောက်ဆုံးက “Advanced” ဆိုတာကိုသွားပါ။

chrome-passwords-settings

၆.  “Passwords and forms” ကိုသွားပြီး “Manage passwords” ကိုနှိပ်လိုက်ပါ။

chrome-passwords-manage

၇. List ရဲ့ထိပ်ဆုံးမှာရှိတဲ့ အစက်သုံးစက်နဲ့ menu ကို နှိပ်ပြီး “Export passwords” ကိုရွေးလိုက်ပါ။

chrome-passwords-export-all

chrome-passwords-warning

ပြီး၇င်တော့ .csv ဖိုင်အနေနဲ့ password တွေကိုသိမ်းပေးပါလိမ့်မယ်။ password တွေကို သိမ်းပြီးရင်တော့ ကိုယ်သုံးချင်တဲ့ password manager မှာ import လုပ်ပြီးလည်း ထည့်သုံးလို့ရပါတယ်။ ဒါကိုမှ ကိုယ်ရဲ့အချက်အလက်တွေပါတဲ့ဆိုဒ်တွေိကို တစ်ယောက်ယောက်ကဝင်မှာ ထပ်စိုးရိမ်နေသေးတယ်ဆိုရင် “two-factor” , “multi-factor” authentication တွေခံပြီးသုံးလို့လည်းရနိုင်ပါသေးတယ်။

Password တွေလုံခြုံဖို့ password manager နဲ့တင်မဖြစ်သေးပါဘူး။ auto-fill နဲ့သာလုပ်ထားရင်ပိုဆိုးပါသေးတယ်။ ဝင်ချင်တိုင်းဝင်လို့ရနေတော့မှာပါ။ ဒီတော့ လိုတဲ့အချိန်မှ import လုပ်ပြီသုံးလို့ရနိုင်တဲ့ chrome ရဲ့ feature လေးက အားလုံးအတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။

Ref: Google, MakeTechEasier

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
296 shares363 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category