984 Shares 185 Views

Xiaomi Mi 8 ရဲ႕ ဘူးခြံ ဓါတ္ပံု ထြက္ေပၚလာ

May 27, 2018
984 185

ေမလ ၃၁ ရက္ေန႔မွာ Xiaomi Mi 8 ကို ျမင္ရေတာ့မွာပါ။ ဖုန္း မိတ္ဆက္ပြဲ မတိုင္ခင္မွာပဲ သူ႔ရဲ႕ ဘူးခြံ ဓါတ္ပံုမ်ား ထြက္ေပၚလာပါတယ္။ ဘူးခြံမွ သတင္းအခ်က္အလက္မ်ားအရ သူ႔မွာ Qualcomm Snapdragon 845 SoC, 6GB RAM , 64GB Storage မ်ားပါမယ္ ဆိုတာ သိလိုက္ရပါတယ္။ 128GB Version လည္း ထြက္မယ္လို႔ ယခင္က သတင္းထြက္ထားပါတယ္။

ဘူးခြံမွာ Dual GPS Module ကို ထည့္ထားတယ္လို႔ ေဖာ္ျပထားၿပီး Single GPS ထက္ ဘယ္လိုထူးျခားလာမလဲဆိုတာ မသိရေသးပါဘူး။ အေနာက္ကင္မရာ ႏွစ္လံုး ပါမယ္လို႔ ေဖာ္ျပထားၿပီး တစ္လံုးဟာ 20MP အရည္အေသြး ျဖစ္ပါတယ္။ USB Type-C Cable နဲ႔ USB-C to Audio Dongle လည္းပါလာမွာျဖစ္ၿပီး ဒုတိယ တစ္ခုဟာ 3.5mm Headphone Jack ပါမယ္ဆိုတာ သက္ေသျပေနပါတယ္။

ယခင္ေပါက္ၾကားထြက္ေပၚခဲ့ဖူးတဲ့ သတင္းမ်ားအရ Xiaomi Mi 8 မွာ ၆.၀၁ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားမွာ ျဖစ္ၿပီး မ်က္နွာျပင္ရဲ႕ အထက္မွာ Width က်ယ္တဲ့ Notch ပါရွိမွာ ျဖစ္ပါတယ္။ သူ႔မွာ ေရွာင္မီ ကိုယ္တိုင္ ဖန္တီးထားတဲ့ မ်က္ႏွာျဖင့္ ဖုန္းကို Unlock လုပ္တဲ့ 3D Sensors မ်ား ပါလာမွာ ျဖစ္ပါတယ္။ Qualcomm Snapdragon 845 Chipset ပါလာမွာ ေသခ်ာသေလာက္ရွိပါတယ္။

သူ႔ကို ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။ 6GB RAM/64GB Storage ကို ၄၄၀ ေဒၚလာနဲ႔ စြမ္းရည္ျမင့္ 8GB RAM/128GB Storage ကို ၅၀၀ ေဒၚလာျဖင့္ ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီ ဖုန္းရဲ႕ အေနာက္ကင္မရာ ႏွစ္လံုးကိုလည္း ဥာဏ္ရည္တု နည္းပညာက ေထာက္ကူေပးမွာ ျဖစ္ၿပီး Scenes ေပါင္း ၂၀၀ ေက်ာ္ကို ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။ သူ႔မွာ မတူညီတဲ့ Portrait Mode ၁၂ မ်ိဳးလည္း ပါလာမွာပါ။

Xiaomi Mi 8 ရဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို ျပသတဲ့ ဗီဒီယိုလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ ဗီဒီယို အတိုေလးမွာ လူတစ္ေယာက္က ဖုန္းတစ္လံုးရဲ႕ မ်က္နွာျပင္ေပၚကို လက္ေခ်ာင္း တင္၍ ဖုန္းကို Unlock ျပဳလုပ္ေနတာကို ျပသထားပါတယ္။ ဖုန္းမွ အိုင္ကြန္မ်ားဟာ Xiaomi MIUI Android Skin ျဖစ္တဲ့အတြက္ အဲဒီ စမတ္ဖုန္းဟာ ေရွာင္မီရဲ႕ Mi 8 ျဖစ္ႏုိင္ပါတယ္။

Ref : gsmarena

unicode

Xiaomi Mi 8 ရဲ့ ဘူးခွံ ဓါတ်ပုံ ထွက်ပေါ်လာ

မေလ ၃၁ ရက်နေ့မှာ Xiaomi Mi 8 ကို မြင်ရတော့မှာပါ။ ဖုန်း မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ သူ့ရဲ့ ဘူးခွံ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။ ဘူးခွံမှ သတင်းအချက်အလက်များအရ သူ့မှာ Qualcomm Snapdragon 845 SoC, 6GB RAM , 64GB Storage များပါမယ် ဆိုတာ သိလိုက်ရပါတယ်။ 128GB Version လည်း ထွက်မယ်လို့ ယခင်က သတင်းထွက်ထားပါတယ်။

ဘူးခွံမှာ Dual GPS Module ကို ထည့်ထားတယ်လို့ ဖော်ပြထားပြီး Single GPS ထက် ဘယ်လိုထူးခြားလာမလဲဆိုတာ မသိရသေးပါဘူး။ အနောက်ကင်မရာ နှစ်လုံး ပါမယ်လို့ ဖော်ပြထားပြီး တစ်လုံးဟာ 20MP အရည်အသွေး ဖြစ်ပါတယ်။ USB Type-C Cable နဲ့ USB-C to Audio Dongle လည်းပါလာမှာဖြစ်ပြီး ဒုတိယ တစ်ခုဟာ 3.5mm Headphone Jack ပါမယ်ဆိုတာ သက်သေပြနေပါတယ်။

ယခင်ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ Xiaomi Mi 8 မှာ ၆.၀၁ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင်ရဲ့ အထက်မှာ Width ကျယ်တဲ့ Notch ပါရှိမှာ ဖြစ်ပါတယ်။ သူ့မှာ ရှောင်မီ ကိုယ်တိုင် ဖန်တီးထားတဲ့ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်တဲ့ 3D Sensors များ ပါလာမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 845 Chipset ပါလာမှာ သေချာသလောက်ရှိပါတယ်။

သူ့ကို မော်ဒယ် နှစ်မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ 6GB RAM/64GB Storage ကို ၄၄၀ ဒေါ်လာနဲ့ စွမ်းရည်မြင့် 8GB RAM/128GB Storage ကို ၅၀၀ ဒေါ်လာဖြင့် ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းရဲ့ အနောက်ကင်မရာ နှစ်လုံးကိုလည်း ဉာဏ်ရည်တု နည်းပညာက ထောက်ကူပေးမှာ ဖြစ်ပြီး Scenes ပေါင်း ၂၀၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ သူ့မှာ မတူညီတဲ့ Portrait Mode ၁၂ မျိုးလည်း ပါလာမှာပါ။

Xiaomi Mi 8 ရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ပြသတဲ့ ဗီဒီယိုလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဗီဒီယို အတိုလေးမှာ လူတစ်ယောက်က ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်ပေါ်ကို လက်ချောင်း တင်၍ ဖုန်းကို Unlock ပြုလုပ်နေတာကို ပြသထားပါတယ်။ ဖုန်းမှ အိုင်ကွန်များဟာ Xiaomi MIUI Android Skin ဖြစ်တဲ့အတွက် အဲဒီ စမတ်ဖုန်းဟာ ရှောင်မီရဲ့ Mi 8 ဖြစ်နိုင်ပါတယ်။

Ref : gsmarena

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ

Ko Thuya - Jan 18, 2019

ZTE ရဲ႕ ကုမၸဏီခြဲတစ္ခု ျဖစ္တဲ့ Nubia က ႏို၀င္ဘာလမွာ Gaming Phone ျဖစ္တဲ့ Red Magic Mars ကို ေၾကညာခဲ့ပါတယ္။ 6/64GB Model ကို ယြမ္ ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ အင္တာနက္မွာ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ေရွာင္မီက တရား၀င္ ထုတ္ျပန္လိုက္တဲ့ ဓါတ္ပံုေတြေတာ့ မဟုတ္ပါဘူး။ ဓါတ္ပံုမ်ားမွာ Mi 9 ကို ရႈေထာင့္မ်ိဳးစံုကေန ျမင္ရပါတယ္။ အေနာက္ဘက္မွာ 48MP Main…

ဘာသာစကား သင္ၾကားေပးမယ့္ Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင္ၾကားေပးမယ့္ Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ႕ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆံုး App စာရင္းထဲမွာ ပါ၀င္ပါတယ္။ သူက ဘာသာစကား သင္ၾကားေပးတဲ့ App ျဖစ္ပါတယ္။ ေပ်ာ္ရႊင္စြာျဖင့္…

Leave a Comment

Most from this category