170 Shares 62 Views

Apple က iOS 12 မွာ iPhone ရဲ႕ NFC Chip ကို Third Party မ်ား သံုးႏုိင္ေအာင္ ျပဳလုပ္မည္

May 27, 2018
170 62

ေသာၾကာေန႔က ထြက္ေပၚလာတဲ့ သတင္းတစ္ခုအရ Apple ဟာ iOS 12 မွာ Third Party Developers မ်ားက အိုင္ဖုန္းရဲ႕ NFC Chip ကို အသံုးျပဳႏုိင္ေအာင္ ျပဳလုပ္ေပးမယ္လို႔ သိရပါတယ္။ Apple က Apple Pay မိုဘိုင္း ေငြေပးေခ်မႈ စနစ္အတြက္ iPhone 6 , iPhone 6 Plus မ်ားမွာ NFC Chip ကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ယခုလို NFC Chip ကို Third Party မ်ားအား အသံုးျပဳခြင့္ေပးရင္ေတာ့ Apple Pay ေငြေပးေခ်မႈစနစ္အတြက္သာမက အျခား အလုပ္မ်ားစြာကို ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

ဟိုတယ္ ၊ ေနအိမ္ အခန္းကို အိုင္ဖုန္းျဖင့္ ဖြင့္ျခင္း၊ ရထား၊ ဘတ္စ္ကားမ်ား စီးနင္းခမ်ားကို အိုင္ဖုန္းျဖင့္ ေပးေခ်ျခင္းတို႔လို အရာမ်ားကို Apple က Users မ်ားအား ျပဳလုပ္ေစခ်င္ပံုေပၚပါတယ္။ ၂၀၁၆ ခုႏွစ္ကတည္းက ဂ်ပန္မွာ အဲဒီလို စနစ္မ်ားကို အသံုးျပဳေနၾကတာ ျဖစ္ပါတယ္။ ဟိုတယ္ အခ်ိဳ႕မွာ အိုင္ဖုန္းျဖင့္ အခန္းတံခါးကို ဖြင့္တဲ့ စနစ္ကို က်င္းသံုးေနေပမယ့္ Bluetooth LE Signal ကို အသံုးျပဳထားတာ ျဖစ္ပါတယ္။ ဒီစနစ္ဟာ NFC ေလာက္ လံုျခံဳစိတ္ခ်ရမႈ မရွိပါဘူး။

လာမယ့္ လမွာ က်င္းပမယ့္ WWDC ပြဲမွာ NFC ကို Third-Party မ်ားအတြက္ ခြင့္ျပဳေပးမယ့္ သတင္းကို Apple က ေၾကညာႏုိင္ပါတယ္။ လက္ရွိမွာ Apple Park မွ ၀န္ထမ္းမ်ားဟာ ရံုးတံခါးမ်ားကို ဖြင့္ျခင္းလို အလုပ္မ်ားကို အိုင္ဖုန္းမွ NFC စြမ္းရည္ျဖင့္ ျပဳလုပ္ေနၾကၿပီလို႔ သိရပါတယ္။

Ref : phonearena

unicode

Apple က iOS 12 မှာ iPhone ရဲ့ NFC Chip ကို Third Party များ သုံးနိုင်အောင် ပြုလုပ်မည်

သောကြာနေ့က ထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရ Apple ဟာ iOS 12 မှာ Third Party Developers များက အိုင်ဖုန်းရဲ့ NFC Chip ကို အသုံးပြုနိုင်အောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ Apple က Apple Pay မိုဘိုင်း ငွေပေးချေမှု စနစ်အတွက် iPhone 6 , iPhone 6 Plus များမှာ NFC Chip ကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ယခုလို NFC Chip ကို Third Party များအား အသုံးပြုခွင့်ပေးရင်တော့ Apple Pay ငွေပေးချေမှုစနစ်အတွက်သာမက အခြား အလုပ်များစွာကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဟိုတယ် ၊ နေအိမ် အခန်းကို အိုင်ဖုန်းဖြင့် ဖွင့်ခြင်း၊ ရထား၊ ဘတ်စ်ကားများ စီးနင်းခများကို အိုင်ဖုန်းဖြင့် ပေးချေခြင်းတို့လို အရာများကို Apple က Users များအား ပြုလုပ်စေချင်ပုံပေါ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက ဂျပန်မှာ အဲဒီလို စနစ်များကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဟိုတယ် အချို့မှာ အိုင်ဖုန်းဖြင့် အခန်းတံခါးကို ဖွင့်တဲ့ စနစ်ကို ကျင်းသုံးနေပေမယ့် Bluetooth LE Signal ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ NFC လောက် လုံခြုံစိတ်ချရမှု မရှိပါဘူး။

လာမယ့် လမှာ ကျင်းပမယ့် WWDC ပွဲမှာ NFC ကို Third-Party များအတွက် ခွင့်ပြုပေးမယ့် သတင်းကို Apple က ကြေညာနိုင်ပါတယ်။ လက်ရှိမှာ Apple Park မှ ဝန်ထမ်းများဟာ ရုံးတံခါးများကို ဖွင့်ခြင်းလို အလုပ်များကို အိုင်ဖုန်းမှ NFC စွမ်းရည်ဖြင့် ပြုလုပ်နေကြပြီလို့ သိရပါတယ်။

Ref : phonearena

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္
Apple, Gadgets, NEWS
40 shares24 views

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္

Nigma - Mar 25, 2019

Apple ပိုင္တဲ့ Beats က ႀကိဳးလုံးဝမပါေတာ့မယ့္ Powerbeats earbuds နားၾကပ္အသစ္ကို ဧၿပီလအတြင္း မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ အရင္ Powerbeats Wireless ေတြတုန္းကလည္း ႀကိဳးမဲ့နားၾကပ္ဆိုေပမယ့္ နားၾကပ္ႏွစ္ဖက္ကို ခ်ိတ္ဆက္ထားေတာ့ ႀကိဳးေတာ့ ပါရွိပါေသးတယ္။ အသစ္ထြက္မယ့္ Powerbeats က…

Leave a Comment

Most from this category