273 Shares 106 Views

၆.၂၂ လက်မ Notch Display ပါတဲ့ Vivo Y83 ကို ကြေညာ

May 27, 2018
273 106




Ref : gsmarena

unicode

၆.၂၂ လကျမ Notch Display ပါတဲ့ Vivo Y83 ကို ကွညော

Vivo က စွမ်းဆောင်ရည်သင့် စမတ်ဖုန်း အသစ်တစ်လုံးကို တရုတ်မှာ ကြေညာလိုက်ပြန်ပါပြီ။ သူ့ရဲ့ အမည်မှာ Y83 ဖြစ်ပါတယ်။ သူ့မှာ 2.0GHz Chipset ပါမယ်လို့ အရင်က သတင်းထွက်ခဲ့ပြီး အခုတော့ MediaTek Helio P22 ထည့်သွင်းထားတာကို သိရပါပြီ။ စွမ်းဆောင်ရည်သင့် Octa-Core Processor ထည့်သွင်းထားပါတယ်။

သူ့မှာ PowerVR GE8320 GPU , 4GB RAM , 64GB Internal Storage များ ထည့်သွင်းထားပါတယ်။ 256GB microSD Card စိုက်နိုင်ပါတယ်။ သူ့မှာ ၆.၂၂ လက်မ 720x1520p Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ ခေတ်စားနေတဲ့ 19:9 ဖြစ်ပါတယ်။ စကရင်ရဲ့ အထက်မှာ Notch ပါရှိပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာ အလွန်ပါးလွှာပါတယ်။

အနောက်ဘက်မှာ 13MP f/2.2 Camera နဲ့ LED Flash ကို တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP f/2.2 Camera ထည့်သွင်းထားပြီး AI Beauty လုပ်ဆောင်ချက်များ ပါပါတယ်။ ၇.၇ မီလီမီတာ အထူရှိပြီး 3260mAh Battery ထည့်သွင်းထားပါတယ်။ Android 8.1 Oreo အခြေပြု Funtouch 4.0 OS ထည့်သွင်းထားပါတယ်။ တရုတ်မှာ ယွမ် ၁၄၈၉ သတ်မှတ်ထားပြီး ၂၃၅ ဒေါ်လာ ဝန်းကျင် ကျသင့်ပါတယ်။ အနက် အဖြူနဲ့ အနီရောင်များ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena

You may be interested

Qualcomm ရဲ့ Mobile Gaming အတွက် အထူး ဖန်တီးထားတဲ့ Snapdragon 675 အကြောင်း
FEATURES, Mobile & Tablets
0 shares0 views

Qualcomm ရဲ့ Mobile Gaming အတွက် အထူး ဖန်တီးထားတဲ့ Snapdragon 675 အကြောင်း

Ko Thuya - Oct 23, 2018

Qualcomm က ၂၀၁၇ ခုနှစ်မှာကြေညာခဲ့တဲ့ စွမ်းရည်သင့် Snapdragon 660 Chipset ဟာ လူကြိုက်များ ခဲ့ပြီး Samsung Galaxy A9 (2018), Asus ZenFone 4, Nokia 7 Plus တို့ အပါအ၀င်…

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares10 views

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်
Android, HUBS, Mobiles & Tablets
0 shares9 views

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်

Ko Thuya - Oct 23, 2018

Mi Mix 3 ကို မိတ်ဆက်မယ့် ရက်နီးလာလေလေ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပိုမို ထွက်ပေါ်လာလေလေ ဖြစ်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့ Mi Mix Series ရဲ့ စတုတ္ထမြောက် ဖုန်း လည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ…

Leave a Comment

Most from this category