177 Shares 48 Views


May 26, 2018
177 48





Download

ref : google play

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy Game လို့ ပြောနိုင်ပါတယ်။ အခမဲ့ ကစားနိုင်ပြီး သူဟာ နာမည်ကျော် အွန်လိုင်း ပီစီ ဗားရှင်းကို အခြေပြု၍ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကို နောက်ခံထားပြီး ဇာတ်လမ်း ဆင်ထားပါတယ်။

စစ်တိုက်တဲ့ ဂိမ်းများကို နှစ်သက်သူများအတွက် သူ့ကို ကြိုက်မှာ သေချာပါတယ်။ အွန်လိုင်းကနေ Multiplayer အနေနဲ့ ကစားရမှာပါ။ Offline လည်း ကစားနိုင်ပါတယ်။ တိုက်သင်္ဘော ၊ ဖျက်သင်္ဘောနဲ့ လေယာဉ်တင် သင်္ဘောများစွာ ပါရှိပါတယ်။ ဂျပန်၊ အမေရိကန်၊ ဂျာမနီ နိုင်ငံများမှ သင်္ဘောပေါင်း ၉၀ ကျော်ကို ရွေးချယ်နိုင်ပါတယ်။

ဂိမ်းထဲမှ စစ်တိုက်တဲ့တည်နေရာများဟာ တကယ့် ပြင်ပမှ တည်နေရာများ ဖြစ်ပြီး အတ္တလန်တစ်၊ ပစိဖိတ်၊ အာတစ် ပင်လယ်များထဲမှာ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Levels, Missions, Difficulty များစွာကို ရွေးချယ်နိုင်ပါတယ်။ ဒုံးကျည်များ၊ တော်ပီဒိုနဲ့ စက်သေနတ်များစွာဖြင့် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Single Player Missions များ အပြင် သူငယ်ချင်းများနဲ့ ပူးပေါင်းပြီး ရန်သူများကို တိုက်ခိုက်နိုင်ပါတယ်။

စားနပ်ရိက္ခာများ သိမ်းယူခြင်း၊ လက်နက်နဲ့ သင်္ဘောများကို အဆင့်မြှင့်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ကမ္ဘာအဝန်းမှ လူများနဲ့ အွန်လိုင်းကနေ တိုက်ခိုက်နိုင်ပါတယ်။ ဖိုင်အရွယ်အစားမှာ 59MB ဖြစ်ပြီး Android 4.4 နဲ့ သူ့အထက်မှာ ကစားနိုင်ပါတယ်။

Download

ref : google play

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category