149 Shares 56 Views
You Tube Premium နဲ့ YouTube Music တွေက ဘာတွေလဲ?ဘယ်လိုအားသာချက်တွေရှိသလဲ?
May 26, 2018
149 56
[Zawgyi]
[Unicode]
YouTube ကလည်း တဖြည်းဖြည်းပြောင်းလဲမှုကြီးတွေ စလုပ်လာပြီး အခုနောက်ပိုင်းမှာတော့ streaming-music ပိုင်းကိုရောက်လာခဲ့ပါပြီ။ YouTube Music app သာရောက်လာခဲ့ရင် Google Play Music ဆိုတာ နောက်ထပ်တွေ့ရတော့မှာမဟုတ်ပါဘူး။ နောက်ပြီး YouTube Red လို့နာမည်တပ်ထားတဲ့ app ကလည်း YouTube Premium ဆိုပြီးပြောင်းလဲထွက်လာမှာပါ။ ဒါဆို အခုပြောခဲ့တဲ့ YouTube Music နဲ့ YouTube Premium ဆိုတာဘာတွေလဲ..ကြည့်လိုက်ရအောင်
YouTube Music/ Music Premium = Google’s Spotify
youtube-music-premium-news-images
တကယ်တမ်းတော့ YouTube Music App ရှိခဲ့တာ ၂နှစ်လောက်တောင် ရှိသွားပါပြီ။ ဒါပေမယ့် ထွက်ပြီးကတည်းက ထပ်မြှင့်တာဘာညာမလုပ်တော့ ဘယ်သူမှမသိသလောက်ဖြစ်နေတာပါ။
အခုတော့ Update ဗားရှင်းသစ်ထုတ်ဖို့ စီစဉ်နေပြီဖြစ်ပြီး Spotify လို Music streaming ဝန်ဆောင်မှုမျိုးပေးတော့မှာဖြစ်လို့ ဖုန်း app ကနေဖြစ်ဖြစ် browser ကနေဖြစ်ဖြစ် သီချင်းတွေကို ကောင်းကောင်းခံစားနိုင်တော့မှာပါ။
youtube-music-premium-news-chart-2
Free ဗားရှင်းမှာတော့ ထုံးစံအတိုင်းကြောြ်ငာတွေပါမှာဖြစ်ပြီး ကြော်ငြာတွေမမြင်ချင်ဘူး ဖယ်ချင်တယ်ဆိုရင်တေ့ Premium ဗားရှင်းကို တစ်လ $9.99 နဲ့သုံးလို့ရနိုင်မှာပါ။ YouTube Red ကို subscribe လုပ်ပြီးသားဆိုရင်တော့ ကြော်ငြာတွေမပါတဲ့ YouTube Music လိုသုံးလို့ရနိုင်မယ့် အားသာချက်ရှိပါတယ်။
YouTube Premium = YouTube Red
youtube-music-premium-news-chart1
ခုချိန်ထိတော့ YouTube Red က တစ်လကို $9.99 ပေးရတဲ့ paid app အနေနဲ့ပဲရှိနေပါသေးတယ်။ YouTube Premium မှာတော့ ဒီပုံစံကိုပြောင်းလိုက်ပြီး တစ်လကို $11.99 သွင်းလိုက်ရုံနဲ့ YouTube Red က ကြိုက်တဲ့ဗီဒီယိုကိုကြည့်လို့ရရုံမကဘဲ YouTube Music ကိုလည်း သုံးနိုင်ဦးမှာပါ။
ပြောရရင် ခုချိန်မှာအခွင့်အရေးရနေတဲ့သူတွေကတော့ YouTube Red ကို subscribe လုပ်ထားသူတွေပါပဲ။ ၂ခုသုံးချင်ရင် သူများတွေလို $11.99 ပေးစရာမလိုဘဲ ပုံမှန်လို $9.99 ပဲပေးပြီး YouTube Music ကိုပါသုံးလို့ရမှာဆိုတော့ သူတို့အတွက်တော်တော်တန်ပါတယ်။
Google Play Music ကို subscribe လုပ်ထားသူတွေအတွက်ရော အခွင့်အရေးမရှိဘူးလား??
တူတူပါပဲ။ Google Play Music နေရာမှာ YouTube Music Premium ကိုအစားထိုးလိုက်တာဆိုတော့ Google Play Music မှာ subscribe လုပ်ထားတဲ့သူတွေအကုန်လုံးကလည်း YouTube Music Premium ကိုရောက်သွားတဲ့သဘောမျိုးပါပဲ။ Play Music ကလည်းပျောက်သွားမှာတော့မဟုတ်ပါဘူး။ ဆက်ရှိနေဦးမှာဖြစ်လို့ လက်ရှိ subscribe လုပ်ထားသူတွေအနေနဲ့ နှစ်မျိုးလုံးကိုသုံးလို့ရနိုင်မှာပါ။
YouTube Music နဲ့ Spotify တို့ဘာတွေကွာသလဲဆိုရင်??
ဆိုတော့ သန်းပေါင်းများစွာသော Spotify user တွေက ဘာလုပ်ရမှာလဲလို့ပြောကောင်းပြောပါလိမ့်မယ်။ ဘာကွာသလဲဆိုတော့ YouTube Music Premium မှာတော့ Google ရဲ့ Assistant AI ကို ထည့်သွင်းပေးထားတာက အားသာချက်လို့ပြောရမှာပါ။ သီချင်းတွေရှာချင်တဲ့အခါ ရတဲ့စာသားတစ်ပိုင်းတစ်စကိုပဲဖြစ်ဖြစ် သီချင်းသံစဉ်ပဲရတယ်ဆိုရင်လည်း  သံစဉ်လေးကိုပဲဆိုပြီးတော့ဖြစ်ဖြစ်ရှာပေးနိုင်တဲ့ Google Assistant က Spotify ထက်ပိုခိုက်စရာပါပဲ။
youtube-music-premium-news-peter-bjorn-and-john
ရောက်နေတဲ့တည်နေရာကိုသုံးပြီးတော့လည်း ကိုက်ညီတဲ့သီချင်းတွေဖွင့်ပေးနိုင်ဦးမှာပါ။ gym မှာရောက်နေတယ်ဆိုရင်လေ့ကျင့်ခန်းလုပ်ဖို့ သင့်တော်တဲ့သီချင်းတွေ လေယာဉ်မစီးခင်မှာဆို စိတ်ငြိမ်စေတဲ့သီချင်းမျိုးတွေ ဒါမျိုးတွေရွေးချယ်ပေးနိုင်မှာဖြစ်လို့ Spotify နဲ့ယှဉ်လာရင်တော့ ဘာကိုသုံးသင့်တယ်ဆိုတာ ရွေးနိုင်ပြီလို့ထင်ပါတယ်။
Spotify နဲ့တိုက်ရိုက်ယှဉ်လိုက်တယ်ဆိုတာ သဘောကိုယှဉ်လိုက်တာပါ။ နောက်ပိုင်း streaming music ဝန်ဆောင်မှုတွေများလာတော့ ဘယ်ဟာကဖြင့် ဘယ်လိုအားသာချက်တွေရှိလည်းဆိုတာကို ရွေးချယ်နိုင်ဖို့ ရွေးချယ်စရာတစ်ခုအနေနဲ့ ဖော်ပြလိုက်ခြင်းသာဖြစ်ကြောင်း…..
You may be interested
Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views
Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
Creepy Tyler - Sep 25, 2018
နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Ko Thuya - Sep 25, 2018
Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Ko Thuya - Sep 25, 2018
Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…
Leave a Comment
Most from this category