812 Shares 157 Views

Apple ရဲ႕ဒီဇုိင္းမူပိုင္ခြင့္ကိုခ်ိဳးေဖာက္ခဲ့လို႔ ေဒၚလာ ၅၃၉သန္း ေလ်ာ္ေၾကးေပးရေတာ့မယ့္ Samsung

May 26, 2018
812 157

[Zawgyi]

နည္းပညာစီးပြားေရးေလာကမွာ အျမဲတမ္းေတြ႔ရတတ္တာက တရားစြဲတာ စြဲဆိုခံရတာေတြပါ။ ဒါေပမယ့္ ဒီထဲကမွ ခုခ်ိန္ထိမျပီးဆံုးႏုိင္ေသာ ဇာတ္လမ္းကေတာ့
Apple နဲ႔ Samsung တုိ႔ရဲ႕မူပိုင္ခြင့္တရားစြဲဆိုမႈပါပဲ။ အခ်ိန္ေတြအရမ္းၾကီးၾကာခဲ့ျပီး ေနာက္ဆံုးဒီေန႔မွာေတာ့ Apple အေနနဲ႔ Samsung ဆီက ေလွ်ာ္ေၾကး ေဒၚလာ ၅၃၉သန္းကို ရေတာ့မွာပါ။

၂၀၁၁ တုန္းက Samsung က Apple စမတ္ဖုန္းမူပုိင္ခြင့္၅ခုကိုခ်ိဳးေဖာက္ခဲ့တယ္ဆိုျပီး တရားစြဲဆိုခံထားရတာပါ။ ေထာင့္ဝုိင္းဝုိင္းေတြ ေရွ႕မ်က္ႏွာျပင္ပတ္လည္မွာေဘာင္ကြပ္တာနဲ႔ home screen မွာ icon ေတြကို Grid ဒီဇုိင္းနဲ႔ထားတာေတြ စတဲ့ဒီဇုိင္းမူပိုင္ခြင့္ ၃ခုကိုခ်ိဳးေဖာက္ခဲ့ျပီး က်န္တဲ့၂ခုကေတာ့ ဖုန္းရဲ႕အေထြေထြလုပ္ေဆာင္ခ်က္ေတြ တျခားေသာ use-case ေတြကိုအသံုးျပဳခဲ့တဲ့အတြက္ပါ။

မူပိုင္ခြင့္ခ်ဳိးေဖာက္မႈအတြက္ ေလ်ာ္ေၾကးေပးဖို႔ ထုတ္ျပီးသမွ်ဖုန္းေတြ ေရာင္းခ်မႈေပၚလိုက္ျပီး သတ္မွတ္ရမလား Apple ရဲ႕ဒီဇုိင္းကိုကူးခဲ့တဲ့ဖုန္းေတြအတြက္ပဲ ေလ်ာ္ေၾကးသတ္မွတ္ရမလားဆိုတာ ဂ်ဴရီလူၾကီးေတြဆံုးျဖတ္ရပါျပီ။ ၂၀၁၂ မွာေတာ့ ေဒၚလာ၁.၀၅ဘီလီယံေလ်ာ္ေၾကးေပးဖို႔သတ္မွတ္ခဲ့ေပမယ့္ Samsung က ပထမဆံုးေဒၚလာ ၃၉၉သန္းေပးဖို႔ သေဘာတူခဲ့ပါတယ္။ အဲဒီအခ်ိန္ထိ မူပိုင္ခြင့္ခ်ိဳးေဖာက္မႈအတြက္ ဘယ္ေပၚကိုလုိက္တြက္ခ်က္ရမလဲဆိုတာ စဥ္းစားရခက္ဆဲပါပဲ။ ဒီလိုနဲ႔ ၂၀၁၆ မွာ U.S ဗဟုိတရားရံုးကို ေရာက္လာခဲ့ျပန္ပါတယ္။

၂၀၁၆ ကစလို႔ တရားမွ်တစြာတြက္ခ်က္ျပီးတဲ့ေနာက္မွာေတာ့ ကုမၸဏီ၂ဖက္လံုးညိွႏိႈင္းခဲ့ျပီး ေနာက္ဆံုးဆံုးျဖတ္ခ်က္မွာေတာ့ Samsung အေနနဲ႔ အရင္ေပးခဲ့တဲ့ ေဒၚလာ ၃၉၉ သန္းအျပင္ ေနာက္ထပ္ ေဒၚလာ သန္း၁၄၀ ကိုထပ္ေပးေဆာင္ဖို႔ တရားရံုးကဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ အားလုံးေပါင္းလိုက္ရင္ Samsung က Apple ကိုေပးလိုက္ရတဲ့ေလ်ာ္ေၾကးက စုစုေပါင္း ေဒၚလာ ၅၃၉သန္းရိွပါတယ္။

Apple က ၁ဘီလီယံေတာင္းခဲ့ေပမယ့္ အခုရတဲ့ေလ်ာ္ေၾကးက တစ္ဝက္ေလာက္ပဲရွိပါတယ္။ ဒီေလ်ာ္ေၾကးပမာဏက Samsung မုိဘုိင္းဖုန္းေတြေရာင္းခ်မႈရဲဲ႕၂ပတ္စာအျမတ္ေလာက္ပဲရိွပါတယ္။ Apple ကေတာ့ ဒီ ၇နွစ္ၾကာ တရားရင္ဆိုင္မႈက ေငြေၾကးအတြက္တင္မဟုတ္ဘဲ ဖန္တီးတီထြင္ႏုိင္မႈ တရားမွ်တစြာယွဥ္ျပိဳင္မႈျဖစ္သင့္ေၾကာင္း ေျပာခဲ့ပါတယ္။

Apple အေနနဲ႔ ဒီဇုိင္းရဲ႕တန္ဖိုးကိုအရမ္းအေလးထားေၾကာင္း သံုးစြဲသူေတြစိတ္တုိင္းက်ျပီး ဆန္းသစ္တဲ့ပစၥည္းေတြထုတ္ဖို႔အတြက္ တစ္ဖြဲ႔လံုးအသည္းအသန္ၾကိဳးစားခ့ဲၾကရေၾကာင္း ကုမၸဏီကေျပာခဲ့ပါတယ္။

Samsung ကလည္း မူပိုင္ခြင့္ခ်ိဳးေဖာက္ခဲ့ဖူးတဲ့ကိစၥက ဒီမွာတင္ျပီးသြားျပီျဖစ္ျပီး ေနာင္မွာေတာ့ သံုးစြဲသူေတြအတြက္လည္း ဆန္းသစ္တဲ့ပစၥည္းေတြျဖစ္ဖို႔နဲ႔ ဘယ္ကုမၸဏီကိုမွလည္းမထိခိုက္ဘဲ တရားမွ်တာစြာယွဥ္ျပိဳင္ႏုိင္မယ့္ပစၥည္းေတြကို ၾကိဳးစားထုတ္လုပ္သြားမွာျဖစ္ေၾကာင္း ေျပာရင္းနဲ႔ Apple နဲ႔ Samsung တို႔ရဲ႕ ၇ႏွစ္တာတရားရင္ဆုိင္မႈၾကီး ျပီးဆံုးသြားခဲ့ပါျပီ။

[Unicode]

နည်းပညာစီးပွားရေးလောကမှာ အမြဲတမ်းတွေ့ရတတ်တာက တရားစွဲတာ စွဲဆိုခံရတာတွေပါ။ ဒါပေမယ့် ဒီထဲကမှ ခုချိန်ထိမပြီးဆုံးနိုင်သော ဇာတ်လမ်းကတော့
Apple နဲ့ Samsung တို့ရဲ့မူပိုင်ခွင့်တရားစွဲဆိုမှုပါပဲ။ အချိန်တွေအရမ်းကြီးကြာခဲ့ပြီး နောက်ဆုံးဒီနေ့မှာတော့ Apple အနေနဲ့ Samsung ဆီက လျှော်ကြေး ဒေါ်လာ ၅၃၉သန်းကို ရတော့မှာပါ။

၂၀၁၁ တုန်းက Samsung က Apple စမတ်ဖုန်းမူပိုင်ခွင့်၅ခုကိုချိုးဖောက်ခဲ့တယ်ဆိုပြီး တရားစွဲဆိုခံထားရတာပါ။ ထောင့်ဝိုင်းဝိုင်းတွေ ရှေ့မျက်နှာပြင်ပတ်လည်မှာဘောင်ကွပ်တာနဲ့ home screen မှာ icon တွေကို Grid ဒီဇိုင်းနဲ့ထားတာတွေ စတဲ့ဒီဇိုင်းမူပိုင်ခွင့် ၃ခုကိုချိုးဖောက်ခဲ့ပြီး ကျန်တဲ့၂ခုကတော့ ဖုန်းရဲ့အထွေထွေလုပ်ဆောင်ချက်တွေ တခြားသော use-case တွေကိုအသုံးပြုခဲ့တဲ့အတွက်ပါ။

မူပိုင်ခွင့်ချိုးဖောက်မှုအတွက် လျော်ကြေးပေးဖို့ ထုတ်ပြီးသမျှဖုန်းတွေ ရောင်းချမှုပေါ်လိုက်ပြီး သတ်မှတ်ရမလား Apple ရဲ့ဒီဇိုင်းကိုကူးခဲ့တဲ့ဖုန်းတွေအတွက်ပဲ လျော်ကြေးသတ်မှတ်ရမလားဆိုတာ ဂျူရီလူကြီးတွေဆုံးဖြတ်ရပါပြီ။ ၂၀၁၂ မှာတော့ ဒေါ်လာ၁.၀၅ဘီလီယံလျော်ကြေးပေးဖို့သတ်မှတ်ခဲ့ပေမယ့် Samsung က ပထမဆုံးဒေါ်လာ ၃၉၉သန်းပေးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီအချိန်ထိ မူပိုင်ခွင့်ချိုးဖောက်မှုအတွက် ဘယ်ပေါ်ကိုလိုက်တွက်ချက်ရမလဲဆိုတာ စဉ်းစားရခက်ဆဲပါပဲ။ ဒီလိုနဲ့ ၂၀၁၆ မှာ U.S ဗဟိုတရားရုံးကို ရောက်လာခဲ့ပြန်ပါတယ်။

၂၀၁၆ ကစလို့ တရားမျှတစွာတွက်ချက်ပြီးတဲ့နောက်မှာတော့ ကုမ္ပဏီ၂ဖက်လုံးညှိနှိုင်းခဲ့ပြီး နောက်ဆုံးဆုံးဖြတ်ချက်မှာတော့ Samsung အနေနဲ့ အရင်ပေးခဲ့တဲ့ ဒေါ်လာ ၃၉၉ သန်းအပြင် နောက်ထပ် ဒေါ်လာ သန်း၁၄၀ ကိုထပ်ပေးဆောင်ဖို့ တရားရုံးကဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အားလုံးပေါင်းလိုက်ရင် Samsung က Apple ကိုပေးလိုက်ရတဲ့လျော်ကြေးက စုစုပေါင်း ဒေါ်လာ ၅၃၉သန်းရှိပါတယ်။

Apple က ၁ဘီလီယံတောင်းခဲ့ပေမယ့် အခုရတဲ့လျော်ကြေးက တစ်ဝက်လောက်ပဲရှိပါတယ်။ ဒီလျော်ကြေးပမာဏက Samsung မိုဘိုင်းဖုန်းတွေရောင်းချမှုရဲ့၂ပတ်စာအမြတ်လောက်ပဲရှိပါတယ်။ Apple ကတော့ ဒီ ၇နှစ်ကြာ တရားရင်ဆိုင်မှုက ငွေကြေးအတွက်တင်မဟုတ်ဘဲ ဖန်တီးတီထွင်နိုင်မှု တရားမျှတစွာယှဉ်ပြိုင်မှုဖြစ်သင့်ကြောင်း ပြောခဲ့ပါတယ်။

Apple အနေနဲ့ ဒီဇိုင်းရဲ့တန်ဖိုးကိုအရမ်းအလေးထားကြောင်း သုံးစွဲသူတွေစိတ်တိုင်းကျပြီး ဆန်းသစ်တဲ့ပစ္စည်းတွေထုတ်ဖို့အတွက် တစ်ဖွဲ့လုံးအသည်းအသန်ကြိုးစားခဲ့ကြရကြောင်း ကုမ္ပဏီကပြောခဲ့ပါတယ်။

Samsung ကလည်း မူပိုင်ခွင့်ချိုးဖောက်ခဲ့ဖူးတဲ့ကိစ္စက ဒီမှာတင်ပြီးသွားပြီဖြစ်ပြီး နောင်မှာတော့ သုံးစွဲသူတွေအတွက်လည်း ဆန်းသစ်တဲ့ပစ္စည်းတွေဖြစ်ဖို့နဲ့ ဘယ်ကုမ္ပဏီကိုမှလည်းမထိခိုက်ဘဲ တရားမျှတာစွာယှဉ်ပြိုင်နိုင်မယ့်ပစ္စည်းတွေကို ကြိုးစားထုတ်လုပ်သွားမှာဖြစ်ကြောင်း ပြောရင်းနဲ့ Apple နဲ့ Samsung တို့ရဲ့ ၇နှစ်တာတရားရင်ဆိုင်မှုကြီး ပြီးဆုံးသွားခဲ့ပါပြီ။

You may be interested

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား
NEWS, Softwares & Application, Tech Update
0 shares0 views

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား

Ko Thuya - Mar 25, 2019

ရုရွားက စက္ရုပ္ စစ္သားမ်ားကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းကို ဗီဒီယိုတစ္ခုကေန မွ်ေ၀လိုက္ပါတယ္။ ကရင္မလင္က မွ်ေ၀လိုက္တဲ့ ဗီဒီယိုမွာ ရုရွားရဲ႕ ေနာက္ဆံုးထုတ္ ဒရုန္းနည္းပညာကို ျပသထားပါတယ္။ ဒါ့အျပင္ ေမာင္းသူမဲ့ တင့္ကားကို ျမင္ရပါတယ္။ တင့္ကားဟာ သူ႔ေဘးမွ စစ္သားရဲ႕ ေသနတ္ ခ်ိန္ရြယ္ရာ…

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
141 shares67 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

Leave a Comment

Most from this category