0 Shares 85 Views

ဟောင်ကောင်အမျိုးသားတစ်ဦးဖန်တီးတဲ့ ကျပ်သိန်းခြောက်ရာတန်Scarlett Johansson စက်ရုပ်

ဟောင်ကောင်အမျိုးသားတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းအတွင်းမှာ Scarlett Johanson စက်ရုပ်တစ်ရုပ်ကိုဖန်တီးခဲ့တယ်လို့သိရပါတယ်။ Ricky Ma လို့အမည်ရတဲ့ အသက် ၄၂နှစ်အရွယ်ဒီဇိုင်နာဟာ ‘Mark 1’ လို့အမည်ရတဲ့ ဒီလူသားစက်ရုပ်မလေးကို ဖန်တီးဖို့အတွက် အချိန်တစ်နှစ်ကျော်ပေးခဲ့ရပြီး ငွေကျပ်သိန်းခြောက်ရာနီးပါး ကုန်ကျခံခဲ့ရတာဖြစ်ပါတယ်။

Reuters ကနေဖော်ပြချက်အရ Ma ဟာ သူ့အနေနဲ့ ဟောလီးဝုဒ်စတားရဲ့ရုပ်ရည်ရူပကာ အမူအကျင့်တွေကို တုပပြီး ပြုလုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Scarlett Johansson အနေနဲ့ သူ့ကိုဘယ်လောက်လွှမ်းမိုးမှုရှိပြီး ဘယ်လောက်ဥာဏ်ကွန့်မြူးနိုင်စေခဲ့တယ်ဆိုတာတော့ ဖွင့်ပြောခဲ့ခြင်းမရှိတာဖြစ်ပါတယ်။စက်ရုပ်မလေးအနေနဲ့ သူ့ရဲ့ခြေတံလက်တံတွေကိုလှုပ်ရှားတာတွေ၊ မျက်နှာအမူအယာပြုလုပ်တာတွေအပြင် Ma ကမိုက်ကရိုဖုန်းကနေတစ်ဆင့်ပြောတာကို ပြန်လည်ပြောဆိုတာတွေတောင် ပြုလုပ်နိုင်တာလည်း ဖြစ်ပါတယ်။

scarlette johansson robot2

Mark 1 ဟာ တုန့်ပြန်မှုမြန်ဆန်ကောင်းမွန်ပြီး အလွန်လှပတဲ့စက်ရုပ်မကလေးတစ်ယောက်ဖြစ်ပါတယ်။ ဖန်တီးသမျှလူသားစက်ရုပ်တွေထဲမှာ သူမဟာ အသပ်ရပ်အသက်ဝင်ဆုံးတော့ပြောဖို့ ခက်ခဲပေမယ့် အကောင်းဆုံးပြုလုပ်ထားတဲ့လက်ရာတွေကို တွေ့ရမှာပါ။

Ma က သူ့အနေနဲ့ ဒီစက်ရုပ်ကိုတည်ဆောက်ရာမှာ စက်မှုပိုင်းဆိုင်ရာမှာ ပြဿနာမရှိပေမယ့် ပရိုဂရမ်ပိုင်းမှာတော့အခက်အခဲရှိခဲ့တယ်လို့ဆိုပါတယ်။ သူ့အနေနဲ့ Program ပိုင်းကိုလေ့လာခဲ့ဖူးခြင်းမရှိပေမယ့် အကောင်းဆုံးဖြစ်အောင်ပြုလုပ်နိုင်ခဲ့တာဖြစ်ကြောင်း စက်ရုပ်အတွင်းပိုင်းနဲ့ အပြင်ပိုင်း အသားအရေနဲ့ တခြားအစိတ်အပိုင်းတွေအတွက် သူ့အနေနဲ့ 3D နည်းပညာကိုအသုံးပြုပြီး ဖန်တီးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Independent

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
0 shares0 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
80 shares20 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
96 shares27 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Leave a Comment

Most from this category