606 Shares 170 Views

OnePlus 6 ကို ေ၀ဖန္သံုးသပ္ျခင္း

May 25, 2018
606 170

OnePlus ဟာ ၿပိဳင္ဖက္မ်ားထက္ တန္ဖိုးနည္းတဲ့ စြမ္းရည္ျမင့္ စမတ္ဖုန္းမ်ားကို ထုတ္လုပ္ေရာင္းခ်ရာမွာ နာမည္ႀကီးပါတယ္။ အခုလည္း ဒီႏွစ္အတြက္ သူ႔ရဲ႕ စြမ္းေဆာင္ရည္ျမင့္ OnePlus 6 ကို မိတ္ဆက္လိုက္ပါၿပီ။ OnePlus 6 ဟာ Flagship Killer လားဆိုတာ ေလ့လာၾကည့္ရေအာင္။

ဒီဇိုင္း

သူ႔ရဲ႕ ထူးျခားခ်က္က ယခင္တုန္းက ဖုန္းေတြမွာလို သတၱဳကိုယ္ထည္ အျပည့္ ဒီဇိုင္း မဟုတ္ေတာ့ဘဲ အေနာက္ဘက္ကို ေတာက္ေျပာင္တဲ့ ဖန္ျဖင့္ ဖံုးအုပ္ထားပါတယ္။ အေနာက္နဲ႔ အေရွ႕ ႏွစ္ဖက္စလံုးမွာ Gorilla Glass 5 ကို အုပ္ထားပါတယ္။ Mirror Black, Midnight Black, Silk White အေရာင္သံုးမ်ိဳးထုတ္လုပ္ေပးထားပါတယ္။ အလြန္လွပတဲ့ ဒီဇိုင္းမ်ားပါ။ ေနေရာင္ထဲမွာ အေရာင္ တစ္ဖ်ပ္ဖ်ပ္ လက္ေနမွာပါ။

ေနာက္ထပ္ ေျပာင္းလဲမႈတစ္ခုက အေနာက္ကင္မရာ ႏွစ္လံုးကို အလယ္ကို ေရႊ႕ထားၿပီး ေဒါင္လိုက္ စီတန္းထားပါတယ္။ သူ႔ေအာက္မွာ Dual LED Flash နဲ႔ ဘဲဥပံု လက္ေဗြရာ ဆန္ဆာတို႔က တစ္တန္းထဲ ရွိေနပါတယ္။ အေနာက္ဘက္မွာ ျပားခ်ပ္ၿပီး ယခင္ေမာ္ဒယ္မ်ားလိုပဲ ေထာင့္စြန္းမ်ားမွာ ေကြးညႊတ္ထားပါတယ္။ ဒါဟာ လက္ထဲမွာ သက္ေတာင့္သက္သာကိုင္ႏုိင္ေအာင္ပါ။ အေရွ႕ဘက္ စကရင္ရဲ႕ အထက္မွာေတာ့ Notch ပါလာတာကလည္း ေခတ္စားေနတဲ့ Trend ပါ။ ဒီဇိုင္းက Samsung, Huawei , Apple တို႔ရဲ႕ Flagship မ်ားကို အမီလိုက္ႏုိင္ပါတယ္။

မ်က္ႏွာျပင္

သူ႔မွာ ၆.၂၈ လက္မ Optic AMOLED Display တပ္ဆင္ထားၿပီး အရည္အေသြးမွာ 2280x1080p ျဖစ္ပါတယ္။ 401ppi ရွိပါတယ္။ မ်က္နွာျပင္ အခ်ိဳးမွာ 19:9 ျဖစ္တဲ့အတြက္ ေခတ္စားေနတဲ့ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္းပါ။ AMOLED မ်ားရဲ႕ အေကာင္းဆံုး အားသာခ်က္က Pixels မ်ားကို ပိတ္ထားႏုိင္တဲ့အတြက္ အနက္ေရာင္မ်ားဟာ မည္းေမွာင္ေနပါတယ္။ ဒါေပမယ့္ Full HD+ အရည္အေသြးသာ ရွိတာက ၿပိဳင္ဖက္ ဒိတ္ဒိတ္ၾကဲဖုန္းမ်ားထက္ အားနည္းခ်က္ပါ။

စြမ္းေဆာင္ရည္

• Snapdragon 845
• 6GB and 8GB RAM options
• 64/128/256GB storage
• 3,300mAh battery
• OxygenOS on Android 8.1 Oreo

ထံုးစံအတိုင္းပဲ OnePlus က သူ႔ရဲ႕ စြမ္းရည္ျမင့္ ဖုန္းမ်ားမွာ ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ အစိတ္အပိုင္းမ်ားကို ထည့္ေပးထားပါတယ္။ ဒါ့အျပင္ OnePlus က လြန္ခဲ့တဲ့ ႏွစ္မ်ားကတည္းက သူ႔ရဲ႕ Oxygen OS Platform မွာ App မ်ားကို လွ်င္ျမန္စြာ အလုပ္လုပ္ေစတဲ့ လုပ္ေဆာင္ခ်က္ကို ထည့္ေပးထားပါတယ္။ ဖုန္းကို ေန႔စဥ္ အလုပ္မ်ားအတြက္ သံုးၾကည့္တဲ့အခါမွာ တစ္ခ်က္ကေလးမွ တုန္႔ဆိုင္းသြားျခင္း မရွိပါဘူး။ ဂရပ္ဖစ္စြမ္းရည္မ်ားစြာ စားသံုးတဲ့ ဂိမ္းမ်ား ကစားရင္ေတာင္ ဖလမ္းဖလမ္း ထေနပါတယ္။

ကင္မရာ
• Dual 16MP + 20MP camera system
• Both f/1.7 and OIS
• 4K and 460fps super slow mo
• 16MP front camera

အေနာက္ရဲ႕ ပင္မ 16MP Camera ဟာ အလင္းေရာင္ နည္းပါးတဲ့ အေျခအေနမ်ားမွာ ဓါတ္ပံုေကာင္းမ်ား ရရွိေအာင္ ပိုမိုႀကီးမားတဲ့ Pixels မ်ားကို သံုးထားပါတယ္။ ၂ လံုးစလံုးမွာေတာ့ တုန္ခါမႈကို ထိန္းေပးတဲ့ OIS ပါပါတယ္။ Advanced HDR ပါတဲ့အတြက္ ဓါတ္ပံုေကာင္းမ်ား ရိုက္ကူးဖို႔ ခက္ခဲတဲ့အေျခအေနမ်ားမွာေတာင္ အရည္အေသြးျမင့္ ဓါတ္ပံုမ်ားကို ဖန္တီးေပးတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ကင္မရာရဲ႕ စြမ္းရည္မ်ားဟာ ယခင္မ်ိဳးဆက္မ်ားထက္ တိုးတက္လာတာကို ေတြ႕ရပါတယ္။

အလင္းေရာင္ ေကာင္းစြာ ရတဲ့ အခ်ိန္မ်ားမွာ ရိုက္ကူးတဲ့ ဓါတ္ပံုမ်ားဟာ အလြန္ေကာင္းပါတယ္။ ဒါေပမယ့္ အလင္းေရာင္ နည္းပါးခ်ိန္မွာ ရိုက္ကူးတဲ့ ဓါတ္ပုံမ်ားမွာေတာ့ အားနည္းခ်က္ အနည္းငယ္ ေတြ႕ရၿပီး P20 Pro ရဲ႕ Night Mode ကို မယွဥ္ႏုိင္ပါဘူး။ အားလံုးကို ျခံဳေျပာရရင္ေတာ့ အေနာက္ ကင္မရာမ်ားရဲ႕ စြမ္းရည္ဟာ ၿပိဳင္ဖက္မ်ားနဲ႔ သိပ္မကြာပါဘူး။

ဓါတ္ပံုသာ မက ဗီဒီယို ရိုက္ကူးမႈဟာလည္း ယခင္မ်ိဳးဆက္မ်ားထက္ ပိုေကာင္းလာပ ါတယ္။ 4K Video မ်ားကို 60fps ျဖင့္ ရိုက္ႏုိင္ပါၿပီ။ ၿပိဳင္ဖက္မ်ားကို ယွဥ္ဖို႔အတြက္လည္း Slow Motion စြမ္းရည္ကို ထည့္ေပးထားပါတယ္။

ဘက္ထရီ

သူ႔မွာ Dash Charge ပါတဲ့ 3300mAh Battery ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ Snapdragon 845 ကလည္း ယခင္မ်ိဳးဆက္မ်ားထက္ စြမ္းအင္ စားသံုးမႈ နည္းပါးလာပါတယ္။ မနက္ ၇ နာရီကစၿပီး ဖုန္းကို တစ္ေန႔လံုး မနားတမ္း သံုးရင္ေတာင္ ည ၁၁ နာရီအထိ အသံုးခံတာက အံ့မခန္းပါ။ ဒါေတာင္ ၂၀ ရာခုိင္ႏႈန္း က်န္ပါေသးတယ္။ သာမာန္သာသံုးရင္ ႏွစ္ရက္နီးပါး သုံးခံမွာပါ။ ဖုန္းကို ၃၀ မိနစ္ အားသြင္းရင္ ၀ ကေန ၆၀ ရာခုိင္ႏႈန္း အားျဖည့္ေပးတဲ့ Dash Charge ရဲ႕ အစြမ္းကလည္း အလြန္ ေကာင္းပါတယ္။

အႏွစ္ခ်ဳပ္

သူ႔ရဲ႕ ဒီဇိုင္းဟာ ဆန္းသစ္လွပၿပီး တည္ေဆာက္မႈ အရည္အေသြးက ျမင့္မားပါတယ္။ မ်က္နွာျပင္က Full HD+ သာ ရွိေပမယ့္ သိပ္မသိသာလွဘဲ အလြန္ ၾကည္လင္ၿပီး အေရာင္ အေသြး စံုပါတယ္။ စြမ္းေဆာင္ရည္က အလြန္ လွ်င္ျမန္ပါတယ္။ ကင္မရာ အပိုင္းမွာလည္း ယခင္ေမာ္ဒယ္မ်ားထက္ တိုးတက္လာပါတယ္။ Dash Charge ရဲ႕ စြမ္းရည္ကလည္း ဖုန္းအသံုးမ်ားသူမ်ားအတြက္ အိုေကပါပဲ။ အားနည္းခ်က္မ်ားကို ေျပာရရင္ ႀကိဳးမဲ့ အားသြင္း စနစ္ မပါတာပါ။ ေရစိုခံေပမယ့္ IP Rating ကို မေျပာေသးပါဘူး။ Android Apps အမ်ားစုဟာ Notch နဲ႔ အဆင္မေျပေသးပါဘူး။

Ref : pocket-lint

unicode

OnePlus 6 ကို ဝေဖန်သုံးသပ်ခြင်း

OnePlus ဟာ ပြိုင်ဖက်များထက် တန်ဖိုးနည်းတဲ့ စွမ်းရည်မြင့် စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးပါတယ်။ အခုလည်း ဒီနှစ်အတွက် သူ့ရဲ့ စွမ်းဆောင်ရည်မြင့် OnePlus 6 ကို မိတ်ဆက်လိုက်ပါပြီ။ OnePlus 6 ဟာ Flagship Killer လားဆိုတာ လေ့လာကြည့်ရအောင်။

ဒီဇိုင်း

သူ့ရဲ့ ထူးခြားချက်က ယခင်တုန်းက ဖုန်းတွေမှာလို သတ္တုကိုယ်ထည် အပြည့် ဒီဇိုင်း မဟုတ်တော့ဘဲ အနောက်ဘက်ကို တောက်ပြောင်တဲ့ ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ အနောက်နဲ့ အရှေ့ နှစ်ဖက်စလုံးမှာ Gorilla Glass 5 ကို အုပ်ထားပါတယ်။ Mirror Black, Midnight Black, Silk White အရောင်သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။ အလွန်လှပတဲ့ ဒီဇိုင်းများပါ။ နေရောင်ထဲမှာ အရောင် တစ်ဖျပ်ဖျပ် လက်နေမှာပါ။

နောက်ထပ် ပြောင်းလဲမှုတစ်ခုက အနောက်ကင်မရာ နှစ်လုံးကို အလယ်ကို ရွှေ့ထားပြီး ဒေါင်လိုက် စီတန်းထားပါတယ်။ သူ့အောက်မှာ Dual LED Flash နဲ့ ဘဲဥပုံ လက်ဗွေရာ ဆန်ဆာတို့က တစ်တန်းထဲ ရှိနေပါတယ်။ အနောက်ဘက်မှာ ပြားချပ်ပြီး ယခင်မော်ဒယ်များလိုပဲ ထောင့်စွန်းများမှာ ကွေးညွှတ်ထားပါတယ်။ ဒါဟာ လက်ထဲမှာ သက်တောင့်သက်သာကိုင်နိုင်အောင်ပါ။ အရှေ့ဘက် စကရင်ရဲ့ အထက်မှာတော့ Notch ပါလာတာကလည်း ခေတ်စားနေတဲ့ Trend ပါ။ ဒီဇိုင်းက Samsung, Huawei , Apple တို့ရဲ့ Flagship များကို အမီလိုက်နိုင်ပါတယ်။

မျက်နှာပြင်

သူ့မှာ ၆.၂၈ လက်မ Optic AMOLED Display တပ်ဆင်ထားပြီး အရည်အသွေးမှာ 2280x1080p ဖြစ်ပါတယ်။ 401ppi ရှိပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်တဲ့အတွက် ခေတ်စားနေတဲ့ မျက်နှာပြင် အရှည် ဒီဇိုင်းပါ။ AMOLED များရဲ့ အကောင်းဆုံး အားသာချက်က Pixels များကို ပိတ်ထားနိုင်တဲ့အတွက် အနက်ရောင်များဟာ မည်းမှောင်နေပါတယ်။ ဒါပေမယ့် Full HD+ အရည်အသွေးသာ ရှိတာက ပြိုင်ဖက် ဒိတ်ဒိတ်ကြဲဖုန်းများထက် အားနည်းချက်ပါ။

စွမ်းဆောင်ရည်

• Snapdragon 845
• 6GB and 8GB RAM options
• 64/128/256GB storage
• 3,300mAh battery
• OxygenOS on Android 8.1 Oreo

ထုံးစံအတိုင်းပဲ OnePlus က သူ့ရဲ့ စွမ်းရည်မြင့် ဖုန်းများမှာ နောက်ဆုံးထုတ် စွမ်းရည်မြင့် အစိတ်အပိုင်းများကို ထည့်ပေးထားပါတယ်။ ဒါ့အပြင် OnePlus က လွန်ခဲ့တဲ့ နှစ်များကတည်းက သူ့ရဲ့ Oxygen OS Platform မှာ App များကို လျှင်မြန်စွာ အလုပ်လုပ်စေတဲ့ လုပ်ဆောင်ချက်ကို ထည့်ပေးထားပါတယ်။ ဖုန်းကို နေ့စဉ် အလုပ်များအတွက် သုံးကြည့်တဲ့အခါမှာ တစ်ချက်ကလေးမှ တုန့်ဆိုင်းသွားခြင်း မရှိပါဘူး။ ဂရပ်ဖစ်စွမ်းရည်များစွာ စားသုံးတဲ့ ဂိမ်းများ ကစားရင်တောင် ဖလမ်းဖလမ်း ထနေပါတယ်။

ကင်မရာ
• Dual 16MP + 20MP camera system
• Both f/1.7 and OIS
• 4K and 460fps super slow mo
• 16MP front camera

အနောက်ရဲ့ ပင်မ 16MP Camera ဟာ အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာ ဓါတ်ပုံကောင်းများ ရရှိအောင် ပိုမိုကြီးမားတဲ့ Pixels များကို သုံးထားပါတယ်။ ၂ လုံးစလုံးမှာတော့ တုန်ခါမှုကို ထိန်းပေးတဲ့ OIS ပါပါတယ်။ Advanced HDR ပါတဲ့အတွက် ဓါတ်ပုံကောင်းများ ရိုက်ကူးဖို့ ခက်ခဲတဲ့အခြေအနေများမှာတောင် အရည်အသွေးမြင့် ဓါတ်ပုံများကို ဖန်တီးပေးတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ကင်မရာရဲ့ စွမ်းရည်များဟာ ယခင်မျိုးဆက်များထက် တိုးတက်လာတာကို တွေ့ရပါတယ်။

အလင်းရောင် ကောင်းစွာ ရတဲ့ အချိန်များမှာ ရိုက်ကူးတဲ့ ဓါတ်ပုံများဟာ အလွန်ကောင်းပါတယ်။ ဒါပေမယ့် အလင်းရောင် နည်းပါးချိန်မှာ ရိုက်ကူးတဲ့ ဓါတ်ပုံများမှာတော့ အားနည်းချက် အနည်းငယ် တွေ့ရပြီး P20 Pro ရဲ့ Night Mode ကို မယှဉ်နိုင်ပါဘူး။ အားလုံးကို ခြုံပြောရရင်တော့ အနောက် ကင်မရာများရဲ့ စွမ်းရည်ဟာ ပြိုင်ဖက်များနဲ့ သိပ်မကွာပါဘူး။

ဓါတ်ပုံသာ မက ဗီဒီယို ရိုက်ကူးမှုဟာလည်း ယခင်မျိုးဆက်များထက် ပိုကောင်းလာပ ါတယ်။ 4K Video များကို 60fps ဖြင့် ရိုက်နိုင်ပါပြီ။ ပြိုင်ဖက်များကို ယှဉ်ဖို့အတွက်လည်း Slow Motion စွမ်းရည်ကို ထည့်ပေးထားပါတယ်။

ဘက်ထရီ

သူ့မှာ Dash Charge ပါတဲ့ 3300mAh Battery ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Snapdragon 845 ကလည်း ယခင်မျိုးဆက်များထက် စွမ်းအင် စားသုံးမှု နည်းပါးလာပါတယ်။ မနက် ၇ နာရီကစပြီး ဖုန်းကို တစ်နေ့လုံး မနားတမ်း သုံးရင်တောင် ည ၁၁ နာရီအထိ အသုံးခံတာက အံ့မခန်းပါ။ ဒါတောင် ၂၀ ရာခိုင်နှုန်း ကျန်ပါသေးတယ်။ သာမာန်သာသုံးရင် နှစ်ရက်နီးပါး သုံးခံမှာပါ။ ဖုန်းကို ၃၀ မိနစ် အားသွင်းရင် ၀ ကနေ ၆၀ ရာခိုင်နှုန်း အားဖြည့်ပေးတဲ့ Dash Charge ရဲ့ အစွမ်းကလည်း အလွန် ကောင်းပါတယ်။

အနှစ်ချုပ်

သူ့ရဲ့ ဒီဇိုင်းဟာ ဆန်းသစ်လှပပြီး တည်ဆောက်မှု အရည်အသွေးက မြင့်မားပါတယ်။ မျက်နှာပြင်က Full HD+ သာ ရှိပေမယ့် သိပ်မသိသာလှဘဲ အလွန် ကြည်လင်ပြီး အရောင် အသွေး စုံပါတယ်။ စွမ်းဆောင်ရည်က အလွန် လျှင်မြန်ပါတယ်။ ကင်မရာ အပိုင်းမှာလည်း ယခင်မော်ဒယ်များထက် တိုးတက်လာပါတယ်။ Dash Charge ရဲ့ စွမ်းရည်ကလည်း ဖုန်းအသုံးများသူများအတွက် အိုကေပါပဲ။ အားနည်းချက်များကို ပြောရရင် ကြိုးမဲ့ အားသွင်း စနစ် မပါတာပါ။ ရေစိုခံပေမယ့် IP Rating ကို မပြောသေးပါဘူး။ Android Apps အများစုဟာ Notch နဲ့ အဆင်မပြေသေးပါဘူး။

Ref : pocket-lint

unicode

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category