225 Shares 47 Views

MY TIME, MY FIFA WORLD CUP အမည္ရွိ ၂၀၁၈ ႐ုရွားဖီဖာကမၻာ့ဖလား ကမ္ပိန္းကို ေၾကညာလုိက္တဲ့ Vivo

May 25, 2018
225 47

[Zawgyi]

႐ုရွားေျမမွာက်င္းပမယ့္ ၂၀၁၈ ဖီဖာကမၻာ့ဖလားနဲ႔အတူ တစ္ကမၻာလံုးရဲ႕ အာ႐ံုစိုက္မႈကို ရယူမယ့္ ကမ္ပိန္းတစ္ခုတစ္ခုကို Vivo က ျပဳလုပ္ခဲ့ပါတယ္။

၂၀၁၈ ဖီဖာ ႐ုရွားကမၻာ့ဖလားၿပဳိင္ပြဲမွာ တရားဝင္စပြန္ဆာအျဖစ္ ပါဝင္ခြင့္ရတဲ့ Vivo ဟာ ‘MyTime, My FIFA World Cup’ အမည္ရတဲ့ ကမ္ပိန္းတစ္ခုကို ျပဳလုပ္မယ္လုိ႔ ေမလ ၂၂ ႏွစ္ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒီကမ္ပိန္းမွာ အားကစားေၾကာ္ျငာေတြ၊ ေစ်းကြက္ကို ထိေရာက္ေစမယ့္ ဓာတ္ပံု႐ိုက္ကူးမႈ၊ ဂီတဆိုင္ရာ အထူးတင္ဆက္မႈေတြ ပါဝင္မယ္လုိ႔ သိရပါတယ္။ Vivo ရဲ႕ Super Fan ေတြအတြက္ ဓာတ္ပံု႐ိုက္ကူးမႈ အေတြ႕အႀကံဳထူးအျဖစ္ ေသြးပူေလ့က်င့္မႈျပဳလုပ္ေနစဥ္ ျမက္ခင္းျပင္၊ အားကစားကြင္းအတြင္းဝင္ေရာက္ခြင့္နဲ႔ အျခားအစီအစဥ္ေတြလည္း ပါဝင္မယ္လုိ႔ သိရပါတယ္။

ဒီကမ္ပိန္းနဲ႔အတူ ကမၻာတစ္ဝန္းရွိ လူေတြအားလံုးအေနနဲ႔ ထူးကဲတဲ့ အခ်ိန္ခဏတာေလးတုိင္းကို မွတ္တမ္းတင္ သိမ္းဆည္းထားဖုိ႔ Vivo က တုိက္တြန္းတယ္လုိ႔လည္း သိရပါတယ္။ Vivo က သူတို႔ရဲ႕ ထုတ္ကုန္ကို အသံုးခ်ၿပီး ဒီကမၻာ့ဖလားပြဲႀကီးမွာ ပူးေပါင္းပါဝင္ရင္း၊ ထူးကဲတဲ့အခုိက္အတန္႔ေတြတုိင္းကို ဖမ္းယူသိမ္းဆည္း၊ ျပန္လည္မွ်ေဝတဲ့ ဖန္တီးမႈေတြ ျပဳလုပ္ေစခ်င္တဲ့ ရည္ရြယ္ခ်က္ေတြ ျဖစ္ေပၚလာေစခ်င္ေၾကာင္းလည္း ထုတ္ျပန္ေၾကညာခဲ့ပါေသးတယ္။

 

Vivo ရဲ႕ Brand Vice President Deng Li ကေတာ့ “Vivo အမွတ္တံဆိပ္ရဲ႕ DNA ဟာ Camera & Music ဆိုတာခ်ည္းပဲမဟုတ္ပါဘူး၊ လူေတြအားလံုး သူတုိ႔ရဲ႕ စမတ္ဖုန္းကိုအသံုးျပဳၿပီး ထူးကဲတဲ့ အခိုက္အတန္႔တုိင္းကို အေကာင္းဆံုး ဖမ္းယူမွတ္တမ္းတင္ၿပီး ျပန္လည္မွ်ေဝႏိုင္ဖုိ႔၊ ျပည့္စံုတဲ့အေတြ႕အႀကဳံေကာင္းေတြရဖုိ႔ဆိုတဲ့ အဓိက အခ်က္ႏွစ္ခ်က္ ျဖစ္ပါတယ္။ ဒီႏွစ္ရဲ႕ ဖီဖာကမၻာ့ဖလားမွာ Vivo အေနနဲ႔ ဒီအခ်က္ႏွစ္ခုကို အားစိုက္ေမာင္းႏွင္သြားမွာပါ။ ကၽြန္ေတာ္တုိ႔ရဲ႕ ဆန္းသစ္တီထြင္မႈႏဲ႔ နည္းပညာေတြက ”My Time, My FIFA World Cup” နဲ႔အတူ fan ေတြရဲ႕ ဘဝထဲကို သယ္ေဆာင္ေပးသြားမွာပါ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

 

ဒီပြဲအတြင္းမွာ Vivo အေနနဲ႔ Vivo Super Fan Photographers’ programme အေၾကာင္းကိုလည္း ေၾကျငာသြားပါတယ္။ ဒီအစီအစဥ္ကေတာ့ ဖုန္းနဲ႔ ဓာတ္ပံု႐ိုက္ကူးျခင္းကို စြဲလန္းႏွစ္သက္ၾကတဲ့ ေဘာလံုးပရိသတ္ေတြ၊ သံုးစြဲသူေတြနဲ႔ အထူးဧည့္သည္ေတြအားလံုးဟာ 2018, 2022 ဖီဖာကမၻာ့ဖလားေတြမွာ စုေပါင္းၿပီး အနီးကပ္ မွတ္တမ္းဓာတ္ပံုေတြ ႐ိုက္ကူးၾကဖုိ႔ပဲ ျဖစ္ပါတယ္။

 

ဘရာဇီးလက္ေရြးစင္အသင္းနဲ႔အတူ 1994 ကမၻာဖလားကို ဆြတ္ခူးရယူခဲ့တဲ့ ဂႏၳဝင္ေဘာလံုးသမားတစ္ေယာက္ျဖစ္တဲ့ Bebeto နဲ႔ 1987 Ballon d’Or ဆုရွင္ျဖစ္တဲ့ ဒတ္ခ်္ကစားသမား Ruud Gullit တုိ႔လည္း ဒီအစီအစဥ္မွာ ပါဝင္မယ္လုိ႔ သိရပါတယ္။ “ ၁၉၉၄ ကမၻာ့ဖလားတုန္းက ဂုိးသြင္းၿပီးတဲ့ေနာက္ ကၽြန္ေတ္ာ့ ေမြးကာစသားေလးအတြက္ ရည္ရြယ္ၿပီးကခဲ့တဲ့ ေအာင္ပြဲခံအကဟာ ကၽြန္ေတာ့္အတြက္ မေမ့ႏိုင္စရာ ထူးကဲတဲ့အခိုက္အတန္႔ပါပဲ။ ဒီကမၻာ့ဖလားမွာ Vivo fan ေတြအေနနဲ႔ ထူးကဲတဲ့ အခိုက္အတန္႔ေတြကို ဖမ္းယူသိမ္းဆည္းၿပီး ကမၻာႀကီးနဲ႔အတူ မွ်ေဝမယ္လို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ Beveto က ေျပာပါတယ္။

“ ၁၉၉၀ ကမၻာ့ဖလားၿပဳိင္ပြဲတုန္းက ဂိုးသြင္းယူႏုိင္ခဲ့တာက ကၽြန္ေတာ့္အတြက္ အထူးကဲဆံုး အခ်ိန္ေတြလုိ႔ ဆုိရမွာပါ။ ကမၻာေပၚက အေကာင္းဆံုးကစားသမားအခ်ဳိ႕နဲ႔ ကစားခြင့္ရခဲ့တဲ့ အခ်ိန္ေတြေပါ့။ ဒီကမၻာ့ဖလားလည္း အားလံုးနဲ႔အတူတူပါပဲ။ ခမ္းနားႀကီးက်ယ္တဲ့၊ အမွတ္တရျဖစ္ေနမယ့္ အခုိက္အတန္႔ေတြ ရွိလာဦးမယ္ဆုိတာ သံသယ ျဖစ္စရာမရွိပါဘူး ” လုိ႔ Gullit က ထပ္ေျပာပါတယ္။

 

Vivo Super Fan Photographer ေတြအေနနဲ႔ ေဘာလံုးပရိသတ္ေတြ၊ social influencer ေတြ၊ celebrity ေတြ မီဒီယာမိတ္ဖက္ေတြ စတဲ့ ကမၻာအႏွံ႔က အျခားၾကယ္ပြင့္ေတြနဲ႔လည္း ပူးေပါင္းရဦးမွာျဖစ္ပါတယ္။ အဲဒီပြဲေတြမွာ Vivo Smartphone ေတြကို ေထာက္ပံ့ေပးထားမယ့္အျပင္ ကြင္းေဘးေနရာတစ္ေနရာ၊ အားကစားကြင္းအတြင္းေနရာအခ်ဳိ႕မွာ ပြဲႀကဳိေသြးပူေလ့က်င့္ခန္းလုပ္ေနတဲ့ အားကစားသမားေတြနဲ႔အတူ ဓာတ္ပံု႐ိုက္ကူးၿပီး ကမၻာႀကီးနဲ႔ မွ်ေဝခြင့္ရမွာ ျဖစ္ပါတယ္။

“ကမၻာ့ဖလားကို ဦးတည္ေနတဲ့ ဒီအစီအစဥ္ကို စတင္ရတဲ့အတြက္ စိတ္လႈပ္ရွားရပါတယ္။ Vivo Super Fan Photographers ေတြနဲ႔အတူ ကၽြန္ေတာ္တုိ႔ရဲ႕ ေနာက္ဆံုးေပၚ တီထြင္ဆန္းသစ္ထားတဲ့ ထုတ္ကုန္ေတြကို ကမၻာႀကီးနဲ႔အတူ မွ်ေဝခြင့္ရဖုိ႔၊ ထူးကဲတဲ့ အခုိက္အတန္႔ေတြကို အမိအရဖမ္းယူၿပီး မွ်ေဝဖုိ႔ ရည္ရြယ္ပါတယ္။ Vivo ရဲ႕ ကမၻာ့ဖလားစပြန္ဆာအျဖစ္ ပူးေပါင္းခြင့္နဲ႔အတူ ႀကီးမားတဲ့ fan ေတြကို အျပည့္အဝ ပူးေပါင္းပါဝင္ႏိုင္ေစဖုိ႔ ရည္ရြယ္ပါတယ္ ” လို႔ Deng က ထပ္ၿပီးေျပာသြားပါေသးတယ္။

ကမ္ပိန္းရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ Vivo ဟာ Vivo Super Time project ကိုလည္း စတင္သြားမွာ ျဖစ္ပါတယ္။ ဂီတကို အေျခခံၿပီး စီးရီးလုိက္ ျပဳလုပ္သြားမယ့္ လႈပ္ရွားမႈေတြျဖစ္ပါတယ္။ ၿပဳိင္ပြဲေပါင္း ၆၄ ပြဲလံဳးမွာ Vivo Super DJ ေတြပါဝင္မွာျဖစ္ၿပီး ကမၻာတစ္လႊားက ေဘာလံုးပရိသတ္ေတြ၊ ဂီတခ်စ္သူေတြလည္း စုစည္းသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

 

ဇူလုိင္လ ၁၅ ရက္ ဗိုလ္လုပြဲမွာေတာ့ Vivo ဟာ Official Song Performance မွာပါဝင္ခြင့္ရဦးမွာ ျဖစ္ပါတယ္။ ဒါဟာ ပထမဆံုးအႀကိမ္ ဖိတ္ေခၚခံရျခင္းလည္း ျဖစ္ပါတယ္။

Vivo ဟာ ဒီ၂၀၁၈ ကမၻာ့ဖလားၿပဳိင္ပြဲကိုရည္ညႊန္းတဲ့အေနနဲ႔ V9 Blue limited edition ကို ထုတ္လုပ္သြားမယ္လုိ႔လည္း သိရပါတယ္။ Qualcomm Snapdragon 626 octa-core processor, 4GB RAM နဲ႔ V9 Blue ဟာ ေနာက္ဆံုးေပၚ Android 8.1 OS နဲ႔ျဖစ္ၿပီး 90% screen-to-body ratio, FullView™ Display နဲ႔ ျဖစ္ပါတယ္။

#Vivo

[Unicode]

ရုရှားမြေမှာကျင်းပမယ့် ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားနဲ့အတူ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရယူမယ့် ကမ်ပိန်းတစ်ခုတစ်ခုကို Vivo က ပြုလုပ်ခဲ့ပါတယ်။

၂၀၁၈ ဖီဖာ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ တရားဝင်စပွန်ဆာအဖြစ် ပါဝင်ခွင့်ရတဲ့ Vivo ဟာ ‘MyTime, My FIFA World Cup’ အမည်ရတဲ့ ကမ်ပိန်းတစ်ခုကို ပြုလုပ်မယ်လို့ မေလ ၂၂ နှစ်ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကမ်ပိန်းမှာ အားကစားကြော်ငြာတွေ၊ ဈေးကွက်ကို ထိရောက်စေမယ့် ဓာတ်ပုံရိုက်ကူးမှု၊ ဂီတဆိုင်ရာ အထူးတင်ဆက်မှုတွေ ပါဝင်မယ်လို့ သိရပါတယ်။ Vivo ရဲ့ Super Fan တွေအတွက် ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံထူးအဖြစ် သွေးပူလေ့ကျင့်မှုပြုလုပ်နေစဉ် မြက်ခင်းပြင်၊ အားကစားကွင်းအတွင်းဝင်ရောက်ခွင့်နဲ့ အခြားအစီအစဉ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

ဒီကမ်ပိန်းနဲ့အတူ ကမ္ဘာတစ်ဝန်းရှိ လူတွေအားလုံးအနေနဲ့ ထူးကဲတဲ့ အချိန်ခဏတာလေးတိုင်းကို မှတ်တမ်းတင် သိမ်းဆည်းထားဖို့ Vivo က တိုက်တွန်းတယ်လို့လည်း သိရပါတယ်။ Vivo က သူတို့ရဲ့ ထုတ်ကုန်ကို အသုံးချပြီး ဒီကမ္ဘာ့ဖလားပွဲကြီးမှာ ပူးပေါင်းပါဝင်ရင်း၊ ထူးကဲတဲ့အခိုက်အတန့်တွေတိုင်းကို ဖမ်းယူသိမ်းဆည်း၊ ပြန်လည်မျှဝေတဲ့ ဖန်တီးမှုတွေ ပြုလုပ်စေချင်တဲ့ ရည်ရွယ်ချက်တွေ ဖြစ်ပေါ်လာစေချင်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

 

Vivo ရဲ့ Brand Vice President Deng Li ကတော့ “Vivo အမှတ်တံဆိပ်ရဲ့ DNA ဟာ Camera & Music ဆိုတာချည်းပဲမဟုတ်ပါဘူး၊ လူတွေအားလုံး သူတို့ရဲ့ စမတ်ဖုန်းကိုအသုံးပြုပြီး ထူးကဲတဲ့ အခိုက်အတန့်တိုင်းကို အကောင်းဆုံး ဖမ်းယူမှတ်တမ်းတင်ပြီး ပြန်လည်မျှဝေနိုင်ဖို့၊ ပြည့်စုံတဲ့အတွေ့အကြုံကောင်းတွေရဖို့ဆိုတဲ့ အဓိက အချက်နှစ်ချက် ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဖီဖာကမ္ဘာ့ဖလားမှာ Vivo အနေနဲ့ ဒီအချက်နှစ်ခုကို အားစိုက်မောင်းနှင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ နည်းပညာတွေက ”My Time, My FIFA World Cup” နဲ့အတူ fan တွေရဲ့ ဘဝထဲကို သယ်ဆောင်ပေးသွားမှာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

 

ဒီပွဲအတွင်းမှာ Vivo အနေနဲ့ Vivo Super Fan Photographers’ programme အကြောင်းကိုလည်း ကြေငြာသွားပါတယ်။ ဒီအစီအစဉ်ကတော့ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးခြင်းကို စွဲလန်းနှစ်သက်ကြတဲ့ ဘောလုံးပရိသတ်တွေ၊ သုံးစွဲသူတွေနဲ့ အထူးဧည့်သည်တွေအားလုံးဟာ 2018, 2022 ဖီဖာကမ္ဘာ့ဖလားတွေမှာ စုပေါင်းပြီး အနီးကပ် မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးကြဖို့ပဲ ဖြစ်ပါတယ်။

 

ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ 1994 ကမ္ဘာဖလားကို ဆွတ်ခူးရယူခဲ့တဲ့ ဂန္ထဝင်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ Bebeto နဲ့ 1987 Ballon d’Or ဆုရှင်ဖြစ်တဲ့ ဒတ်ချ်ကစားသမား Ruud Gullit တို့လည်း ဒီအစီအစဉ်မှာ ပါဝင်မယ်လို့ သိရပါတယ်။ “ ၁၉၉၄ ကမ္ဘာ့ဖလားတုန်းက ဂိုးသွင်းပြီးတဲ့နောက် ကျွန်တေ်ာ့ မွေးကာစသားလေးအတွက် ရည်ရွယ်ပြီးကခဲ့တဲ့ အောင်ပွဲခံအကဟာ ကျွန်တော့်အတွက် မမေ့နိုင်စရာ ထူးကဲတဲ့အခိုက်အတန့်ပါပဲ။ ဒီကမ္ဘာ့ဖလားမှာ Vivo fan တွေအနေနဲ့ ထူးကဲတဲ့ အခိုက်အတန့်တွေကို ဖမ်းယူသိမ်းဆည်းပြီး ကမ္ဘာကြီးနဲ့အတူ မျှဝေမယ်လို့ မျှော်လင့်ပါတယ် ” လို့ Beveto က ပြောပါတယ်။

“ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဂိုးသွင်းယူနိုင်ခဲ့တာက ကျွန်တော့်အတွက် အထူးကဲဆုံး အချိန်တွေလို့ ဆိုရမှာပါ။ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားအချို့နဲ့ ကစားခွင့်ရခဲ့တဲ့ အချိန်တွေပေါ့။ ဒီကမ္ဘာ့ဖလားလည်း အားလုံးနဲ့အတူတူပါပဲ။ ခမ်းနားကြီးကျယ်တဲ့၊ အမှတ်တရဖြစ်နေမယ့် အခိုက်အတန့်တွေ ရှိလာဦးမယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး ” လို့ Gullit က ထပ်ပြောပါတယ်။

 

Vivo Super Fan Photographer တွေအနေနဲ့ ဘောလုံးပရိသတ်တွေ၊ social influencer တွေ၊ celebrity တွေ မီဒီယာမိတ်ဖက်တွေ စတဲ့ ကမ္ဘာအနှံ့က အခြားကြယ်ပွင့်တွေနဲ့လည်း ပူးပေါင်းရဦးမှာဖြစ်ပါတယ်။ အဲဒီပွဲတွေမှာ Vivo Smartphone တွေကို ထောက်ပံ့ပေးထားမယ့်အပြင် ကွင်းဘေးနေရာတစ်နေရာ၊ အားကစားကွင်းအတွင်းနေရာအချို့မှာ ပွဲကြိုသွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ အားကစားသမားတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးပြီး ကမ္ဘာကြီးနဲ့ မျှဝေခွင့်ရမှာ ဖြစ်ပါတယ်။

“ကမ္ဘာ့ဖလားကို ဦးတည်နေတဲ့ ဒီအစီအစဉ်ကို စတင်ရတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Vivo Super Fan Photographers တွေနဲ့အတူ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်ထားတဲ့ ထုတ်ကုန်တွေကို ကမ္ဘာကြီးနဲ့အတူ မျှဝေခွင့်ရဖို့၊ ထူးကဲတဲ့ အခိုက်အတန့်တွေကို အမိအရဖမ်းယူပြီး မျှဝေဖို့ ရည်ရွယ်ပါတယ်။ Vivo ရဲ့ ကမ္ဘာ့ဖလားစပွန်ဆာအဖြစ် ပူးပေါင်းခွင့်နဲ့အတူ ကြီးမားတဲ့ fan တွေကို အပြည့်အဝ ပူးပေါင်းပါဝင်နိုင်စေဖို့ ရည်ရွယ်ပါတယ် ” လို့ Deng က ထပ်ပြီးပြောသွားပါသေးတယ်။

ကမ်ပိန်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် Vivo ဟာ Vivo Super Time project ကိုလည်း စတင်သွားမှာ ဖြစ်ပါတယ်။ ဂီတကို အခြေခံပြီး စီးရီးလိုက် ပြုလုပ်သွားမယ့် လှုပ်ရှားမှုတွေဖြစ်ပါတယ်။ ပြိုင်ပွဲပေါင်း ၆၄ ပွဲလုံးမှာ Vivo Super DJ တွေပါဝင်မှာဖြစ်ပြီး ကမ္ဘာတစ်လွှားက ဘောလုံးပရိသတ်တွေ၊ ဂီတချစ်သူတွေလည်း စုစည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဇူလိုင်လ ၁၅ ရက် ဗိုလ်လုပွဲမှာတော့ Vivo ဟာ Official Song Performance မှာပါဝင်ခွင့်ရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ဖိတ်ခေါ်ခံရခြင်းလည်း ဖြစ်ပါတယ်။

Vivo ဟာ ဒီ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကိုရည်ညွှန်းတဲ့အနေနဲ့ V9 Blue limited edition ကို ထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။ Qualcomm Snapdragon 626 octa-core processor, 4GB RAM နဲ့ V9 Blue ဟာ နောက်ဆုံးပေါ် Android 8.1 OS နဲ့ဖြစ်ပြီး 90% screen-to-body ratio, FullView™ Display နဲ့ ဖြစ်ပါတယ်။

#Vivo

You may be interested

Instagram ရဲ႕ founders မ်ား ရာထူးမွ ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ႕ founders မ်ား ရာထူးမွ ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာ

Creepy Tyler - Sep 25, 2018

နာမည္ၾကီးလူမႈကြန္ရက္ Instagram ကို စတင္ခဲ့တဲ့ Kevin Systrom နဲ႔ Mike Krieger တို႔ကေတာ့ သူတို႔အေနနဲ႔ ရာထူးေနရာေတြကေန ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာသြားခဲ့ပါတယ္။ မိခင္ကုမၸဏီျဖစ္တဲ့ Facebook နဲ႔ အတူ အလုပ္တြဲလုပ္ေနတဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ CEO နဲ႔ CTO…

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
47 shares14 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
314 shares98 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

Leave a Comment

Most from this category