377 Shares 93 Views

Single/ FA တို့ဆော့သင့်တဲ့ Couple တိုက်ဖျက်ရေးဂိမ်း (リア充撲滅RUN)

May 25, 2018
377 93

[Zawgyi]




リア充撲滅RUN ကစားပုံကစားနည်း


စဆော့မယ်ဆိုရင် ပုံမှာပြထားတဲ့ထောင့်၎ကွက်ထဲက အဝါရောင်နဲ့ကွက်ပြထားတဲ့အကွက်လေးကိုနှိပ်လိုက်ပါ။ ( ゲーム  スタート = “Game Start”)






Android —> Download

iOS—> Download  


[Unicode]


ဒီတစ်ပတ် TGIF ကတော့ Single တွေ FA တွေအတွက် စိတ်ကျေနပ်စရာပိတ်ရက်လို့ပဲပြောရမလား?? couple ဆိုရင်ကို မျက်စိစပါးမွေးစူးတဲ့ (တချို့သော) Single/ FA တို့အတွက် ဂိမ်းလေးတစ်ခုရှာတွေ့ထားတယ်နော်…(စုံပလုံစီအောင်မွှေနှောက်ရှာဖို့အားထုတ်ခဲ့ရလို့ admin ကိုအကျင့်ပုပ်တယ်မမြင်စေချင်ပါ 😝😝😝)

သူများတွေလို ပိတ်ရက်အတူတူထွက်လည်စရာလူလည်းမရှိမယ့်အတူတူ အိမ်မှာပဲပျော်ပျော်နေပြီး ဆော့ရအောင် ဒီ リア充撲滅RUN ဆိုတဲ့ဂိမ်းလေးကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ဂျပန်နိုင်ငံ Goodia Inc ကနေဖန်တီးထားတာဖြစ်လို့ ဂျပန်ဘာသာကလွဲရင် ကျန်တဲ့ဘာသာစကားတွေကို ထောက်ပံ့မပေးနိုင်သေးပါဘူး။ ဒါပေမယ့် ဂျပန်လိုမဖတ်တတ်လည်း ကိစ္စမရှိလောက်အောင်ကို ဆော့ရလွယ်တဲ့ဂိမ်းတစ်ခုပါ။ အပြင်မှာမဟုတ်ဘဲဂိမ်းထဲမှာလိုက်ဖျက်တာဆိုတော့ ငရဲမကြီးဘူးတော့ထင်ပါတယ်။ အပြင်မှာပါ လိုက်ဖျက်ရင်တော့ အရိုက်ခံရမှာပါ 😝

リア充撲滅RUN ကစားပုံကစားနည်း

နာမည်ကတော့ “Couple Destroying Run” လို့အဓိပ္ပာယ်ရပြီး တောက်လျှောက်ပြေးရတဲ့ဂိမ်းမျိုးပါ။ လမ်းမှာသွားနေတဲ့အတွဲတွေကို ကြားထဲကဝင်ဖျက်ပြီး ကွဲအောင်လုပ်ရမှာပါ။ ဒါပေမယ့် သေချာချိန်မပြေးနိုင်ဘဲ တိုက်ရိုက်တိုက်မိရင်တော့ ကိုယ်ပဲလဲကျပြီး game over ဖြစ်သွားမှာပါ။ အတွဲများများဖြတ်နိုင်လေ point များများရလေပါပဲ။ ဒါပေမယ့် ဖျက်ချင်ဇောတွေများပြီး လမ်းမှာရှိတဲ့ခလုတ်တွေကို မမြင်မိရင်လည်း တိုက်မိပြီး game over ဖြစ်မှာပါ။

စဆော့မယ်ဆိုရင် ပုံမှာပြထားတဲ့ထောင့်၄ကွက်ထဲက အဝါရောင်နဲ့ကွက်ပြထားတဲ့အကွက်လေးကိုနှိပ်လိုက်ပါ။ ( ゲーム  スタート = “Game Start”)

ဒီဂိမ်းက စွဲလည်းစွဲ နာမည်လည်းအရမ်းကြီးခဲ့ ကြီးနေဆဲ ဂိမ်းတစ်ခုပါပဲ။ အပျော်ဆော့ဖို့ဂိမ်းတစ်ခုပေမယ့်လည်း skill နည်းနည်းတော့လိုပါတယ်။ ဒီဂိမ်းထဲမှာပဲ ကိုယ့်ထဲကသူငယ်ချင်းတွေနဲ့ ranking ယှဉ်လို့ရအောင်လုပ်ပေးထားတဲ့အတွက် FA တွေထဲမှာ ဘယ်သူက skill အဂျွတ်ဆုံးလဲဆိုတာကိုလည်းသိနိုင်ဦးမှာပါ။

Image result for (リア充撲滅RUN) for Android/iOS

တိုက်ရခိုက်ရတဲ့ဂိမ်းတွေဆော့ရတာလည်းပျင်းလာပြီ အပျော်ဆော့ဖို့ဂိမ်းတစ်ခုခုဆော့ချင်တယ် အထူးသဖြင့် FA တွေဆိုရင်တော့ ဒီဂိမ်းလေးက အကြိုက်တွေ့နိုင်စေလောက်မယ်လို့ မျှော်လင့်ရင်း….

(အခုပဲ သင့်ရဲ့ သူငယ်ချင်း FA/ Single တွေကို မန်းရှင်းခေါ်ပေးလိုက်ပါ)

ဒေါင်းလုပ်ဆွဲချင်ရင်တော့

Android —> Download

iOS—> Download  

Source : GooglePlay,1Phut

You may be interested

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
0 shares0 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
0 shares0 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို…

Leave a Comment

Most from this category