376 Shares 133 Views

၂၀၁၈ ခုႏွစ္မွာ Gaming Phone ေတြ ဘာ့ေၾကာင့္ ေရပန္းစားလာမလဲ ?

May 25, 2018
376 133

စမတ္ဖုန္းေတြ ေပၚလာကတည္းက အဲဒီ ဖုန္းေတြအတြက္ ဂိမ္းမ်ားလည္း ထြက္လာပါတယ္။ ဒါေပမယ့္ ဂိမ္း ကစားဖုိ႔အတြက္ အထူး ဖန္တီးထားတဲ့ ဖုန္းေတြကေတာ့ အခုမွ စတင္ ထြက္လာတာပါ။ ဒီႏွစ္မွာ ပထမဆံုး ထြက္လာတဲ့ Razer Phone ဟာ ေအာင္ျမင္ခဲ့ပါတယ္။ သူ႔ေနာက္မွာ Xiaomi Black Shark နဲ႔ Nubia Red Magic တို႔ကလည္း အၿပိဳင္အဆိုင္ ေပၚထြက္လာပါတယ္။ ေနာက္ထပ္လည္း ၿပိဳင္ဖက္မ်ား ထြက္လာဦးမွာပါ။ Gaming Phone ေတြဟာ ဘာ့ေၾကာင့္ ေရပန္းစားလာမလဲ ဆိုတဲ့ ေမးခြန္းကို ေျဖဖို႔အတြက္ က႑သံုးခုကို စဥ္းစားရမွာပါ။ အဲဒါေတြကေတာ့ ဖုန္း၊ ဂိမ္းနဲ႔ ကစားမယ့္ လူမ်ား ျဖစ္ပါတယ္။

စြမ္းရည္ျမင့္ ဟာ့ဒ္၀ဲနဲ႔ စြဲေဆာင္မႈရွိတဲ့ ဒီဇိုင္း

Gaming Phone ေတြဟာ တကယ္ေတာ့ အခုမွ ေပၚလာတာ မဟုတ္ပါဘူး။ ၂၀၀၂ ခုႏွစ္မွာ စမတ္ဖုန္းလိုေရာ ဂိမ္းစက္လိုပါ သံုးႏုိင္တဲ့ Nokia N-Gage ေပၚခဲ့ဖူးပါတယ္။ ဒါေပမယ့္ သူဟာ ေအာင္ျမင္မႈ မရခဲ့ပါဘူး။ ေနာက္ပိုင္းမွာလည္း Xperia Play နဲ႔ Acer Predator 6 တို႔ ထြက္ခဲ့ေပမယ့္ လူႀကိဳက္မ်ားျခင္း မရွိခဲ့ပါဘူး။

ဒီႏွစ္မွာ ထြက္လာတဲ့ ဂိမ္း ဖုန္းမ်ားဟာ ဂိမ္းကစားဖို႔အတြက္ ထူးျခားတဲ့ စြမ္းရည္မ်ားကို ထည့္သြင္းေပးထားတာက စိတ္၀င္စားစရာေကာင္းေနပါတယ္။ သူတို႔ရဲ႕ Specs မ်ားကို ၾကည့္ရင္ Trend အသစ္တစ္ခုကို ျမင္ရပါတယ္။ Nubia Red Magic နဲ႔ Xiaomi Black Shark တို႔မွာဆိုရင္ 6GB RAM , 64GB Storage ကို ထည့္ေပးထားပါတယ္။ စြမ္းရည္ျမင့္ ေမာ္ဒယ္မွာ 8GB RAM , 128GB Storage ေတာင္ ပါပါတယ္။ Razer Phone မွာ 8GB RAM, 64GB Storage ကို ထည့္ေပးထားပါတယ္။

Black Shark မွာေတာ့ ဒီႏွစ္ထုတ္ Snapdragon 845 Processor ထည့္ေပးထားပါတယ္။ Red Magic ကေတာ့ ယခင္ႏွစ္ထုတ္ Snapdragon 835 ကို သုံးထားပါတယ္။ Red Magic ဟာ ဘက္ထရီ အပိုင္းမွာ အျခားဖုန္း ႏွစ္လံုးရဲ႕ 4000mAh ထက္ အားနည္းတဲ့ 3800mAh ကို ထည့္ထားပါတယ္။ အဲဒီ ဖုန္းသံုးလံုးရဲ႕ Specs မ်ားကို ေအာက္မွာ ေလ့လာႏုိင္ပါတယ္။ ဖုန္းအားလံုးမွာ တူညီတာကေတာ့ စြမ္းရည္ျမင့္ ဟာ့ဒ္၀ဲမ်ားကို ထည့္ေပးထားတာပါ။

ဒီဇိုင္းအပိုင္းကို ၾကည့္မယ္ဆိုရင္ Black Shark နဲ႔ Red Magic တို႔ဟာ Razer ထက္ ထူးျခားေနပါတယ္။ Black Shark ရဲ႕ ဒီဇိုင္းက ဂိမ္မာမ်ားအတြက္ အလြန္ စြဲေဆာင္မႈ ရွိပါတယ္။ Red Magic ရဲ႕ အေနာက္ဘက္မွာလည္း RGB Light Strip နဲ႔ ေဖာင္းၾကြ ဒီဇိုင္းမ်ားက လွပဆန္းသစ္ပါတယ္။

အဲဒီ ဂိမ္း ဖုန္းမ်ားဟာ ယေန႔ေခတ္ စမတ္ဖုန္း ဒီဇိုင္းမ်ားကေန ခြဲထြက္ေနပါတယ္။ ဒီလို ခြဲထြက္ေနတာကလည္း အေၾကာင္းအရင္း ရွိပါတယ္။ ဂိမ္း ဖုန္းမ်ားမွာ အဆင့္ျမင့္ အေအးေပး စနစ္မ်ားကို ထည့္သြင္းထားၾကသလို လက္ထဲမွာ သက္ေတာင့္သက္သာရွိစြာ ကစားႏုိင္ေအာင္လည္း ဖန္တီးထားၾကလို႔ ျဖစ္ပါတယ္။ ဂိမ္မာမ်ားဟာ ဂိမ္းထဲမွာပါတဲ့ သိပၸံ ဆန္ဆန္ ဒီဇိုင္းမ်ားကို ႏွစ္သက္ၾကလို႔လည္း ျဖစ္ပါတယ္။

Samsung Galaxy S9 Plus , Huawei P20 Pro , Pixel 2 XL တို႔မွာလည္း ဘယ္လို ဂိမ္းမ်ိဳးကို မဆို ေခ်ာ မြတ္စြာ ကစားႏိုင္တဲ့ ဟာ့ဒ္၀ဲမ်ား ထည္ ့ေပးထားပါတယ္။ ဒါေပမယ့္ ဒီဇိုင္း အပိုင္းနဲ႔ အခ်ိဳ႕ဟာ့ဒ္၀ဲမ်ားဟာ ဂိမ္း ဖုန္းမ်ားကို မယွဥ္ႏုိင္ပါဘူး။

Razer Phone မွာ 120hz Screen ပါတဲ့အတြက္ စြမ္းရည္ျမင့္ ဂိမ္းမ်ားကို ေခ်ာမြတ္စြာ ကစားႏုိင္ပါတယ္။ Black Shark ကိုေတာ့ Gamepad နဲ႔ တြဲဖက္ ကစားႏိုင္ေအာင္ ဖန္တီးထားပါတယ္။ Red Magic မွာ ထူးျခားတဲ့ အေအးေပးစနစ္နဲ႔ Gameboost စြမ္းရည္ ပါပါတယ္။

ဂိမ္းမ်ား

အရင္ကေတာ့ ပီစီနဲ႔ ဂိမ္းစက္မ်ားမွာသာ ကစားႏုိင္တဲ့ ဂိမ္းမ်ားဟာ အခုဆိုရင္ အန္းဒရြိဳက္ ဖုန္းမ်ားမွာပါ ကစားလာႏိုင္ၾကပါၿပီ။ ဥပမာအားျဖင့္ Rayark ရဲ႕ နာမည္ေက်ာ္ Implosion : Never Lose Hope ကို Nintendo Switch , Android , iOS Device မ်ားမွာ ကစားႏုိင္ပါၿပီ။ ေနာက္ထပ္ နာမည္ေက်ာ္ Fortnite ဟာလည္း PC, Console နဲ႔ မိုဘိုင္း ကိရိယာမ်ားမွာ ကစားႏုိင္ပါၿပီ။ ပီစီနဲ႔ ဂိမ္းစက္ ဂိမ္းအေဟာင္း မ်ားစြာကိုလည္း အခုေနာက္ပိုင္းမွာ မိုဘိုင္းအတြက္ ဖန္တီးလာၾကပါၿပီ။ PUBG, Dungeon Hunter Champions, Shadowgun Legends တို႔လို အက္ရွင္ဂိမ္းမ်ားကို မိုဘိုင္းအတြက္ ျဖန္႔ခ်ီလိုက္ျခင္းဟာလည္း ဂိမ္း ဖုန္းမ်ား ေရပန္းစားလာမယ့္ အခ်က္မ်ား ျဖစ္ပါတယ္။

Gaming Phone ေတြကို ဘယ္သူေတြ ၀ယ္ယူၾကမလဲ ?

အတိုခ်ဳပ္ေျပာရရင္ တရုတ္ပါ။ Xiaomi Black Shark နဲ႔ Nubia Red Magic တို႔ဟာ တရုတ္ ကုမၸဏီမ်ားကေနထြက္ေပၚလာတာ တိုက္ဆိုက္မႈ မဟုတ္ပါဘူး။ တရုတ္ဟာ ကမာၻမွာ အႀကီးမားဆံုး အြန္လိုင္း ဂိမ္း ေစ်းကြက္ျဖစ္ပါတယ္။ တရုတ္ဟာ အစသာရွိပါေသးတယ္။ PUBG, Fortnite တို႔ နာလည္ႀကီးလာတာနဲ႔ အမွ် အျခား နုိင္ငံမ်ားမွာလည္း ဂိမ္း ဖုန္းမ်ားဟာ လူႀကိဳက္မ်ားလာမွာပါ။

Ref : androidpit

unicode

၂၀၁၈ ခုနှစ်မှာ Gaming Phone တွေ ဘာ့ကြောင့် ရေပန်းစားလာမလဲ ?

စမတ်ဖုန်းတွေ ပေါ်လာကတည်းက အဲဒီ ဖုန်းတွေအတွက် ဂိမ်းများလည်း ထွက်လာပါတယ်။ ဒါပေမယ့် ဂိမ်း ကစားဖို့အတွက် အထူး ဖန်တီးထားတဲ့ ဖုန်းတွေကတော့ အခုမှ စတင် ထွက်လာတာပါ။ ဒီနှစ်မှာ ပထမဆုံး ထွက်လာတဲ့ Razer Phone ဟာ အောင်မြင်ခဲ့ပါတယ်။ သူ့နောက်မှာ Xiaomi Black Shark နဲ့ Nubia Red Magic တို့ကလည်း အပြိုင်အဆိုင် ပေါ်ထွက်လာပါတယ်။ နောက်ထပ်လည်း ပြိုင်ဖက်များ ထွက်လာဦးမှာပါ။ Gaming Phone တွေဟာ ဘာ့ကြောင့် ရေပန်းစားလာမလဲ ဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် ကဏ္ဍသုံးခုကို စဉ်းစားရမှာပါ။ အဲဒါတွေကတော့ ဖုန်း၊ ဂိမ်းနဲ့ ကစားမယ့် လူများ ဖြစ်ပါတယ်။

စွမ်းရည်မြင့် ဟာ့ဒ်ဝဲနဲ့ စွဲဆောင်မှုရှိတဲ့ ဒီဇိုင်း

Gaming Phone တွေဟာ တကယ်တော့ အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ ၂၀၀၂ ခုနှစ်မှာ စမတ်ဖုန်းလိုရော ဂိမ်းစက်လိုပါ သုံးနိုင်တဲ့ Nokia N-Gage ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူဟာ အောင်မြင်မှု မရခဲ့ပါဘူး။ နောက်ပိုင်းမှာလည်း Xperia Play နဲ့ Acer Predator 6 တို့ ထွက်ခဲ့ပေမယ့် လူကြိုက်များခြင်း မရှိခဲ့ပါဘူး။

ဒီနှစ်မှာ ထွက်လာတဲ့ ဂိမ်း ဖုန်းများဟာ ဂိမ်းကစားဖို့အတွက် ထူးခြားတဲ့ စွမ်းရည်များကို ထည့်သွင်းပေးထားတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။ သူတို့ရဲ့ Specs များကို ကြည့်ရင် Trend အသစ်တစ်ခုကို မြင်ရပါတယ်။ Nubia Red Magic နဲ့ Xiaomi Black Shark တို့မှာဆိုရင် 6GB RAM , 64GB Storage ကို ထည့်ပေးထားပါတယ်။ စွမ်းရည်မြင့် မော်ဒယ်မှာ 8GB RAM , 128GB Storage တောင် ပါပါတယ်။ Razer Phone မှာ 8GB RAM, 64GB Storage ကို ထည့်ပေးထားပါတယ်။

Black Shark မှာတော့ ဒီနှစ်ထုတ် Snapdragon 845 Processor ထည့်ပေးထားပါတယ်။ Red Magic ကတော့ ယခင်နှစ်ထုတ် Snapdragon 835 ကို သုံးထားပါတယ်။ Red Magic ဟာ ဘက်ထရီ အပိုင်းမှာ အခြားဖုန်း နှစ်လုံးရဲ့ 4000mAh ထက် အားနည်းတဲ့ 3800mAh ကို ထည့်ထားပါတယ်။ အဲဒီ ဖုန်းသုံးလုံးရဲ့ Specs များကို အောက်မှာ လေ့လာနိုင်ပါတယ်။ ဖုန်းအားလုံးမှာ တူညီတာကတော့ စွမ်းရည်မြင့် ဟာ့ဒ်ဝဲများကို ထည့်ပေးထားတာပါ။

ဒီဇိုင်းအပိုင်းကို ကြည့်မယ်ဆိုရင် Black Shark နဲ့ Red Magic တို့ဟာ Razer ထက် ထူးခြားနေပါတယ်။ Black Shark ရဲ့ ဒီဇိုင်းက ဂိမ်မာများအတွက် အလွန် စွဲဆောင်မှု ရှိပါတယ်။ Red Magic ရဲ့ အနောက်ဘက်မှာလည်း RGB Light Strip နဲ့ ဖောင်းကြွ ဒီဇိုင်းများက လှပဆန်းသစ်ပါတယ်။

အဲဒီ ဂိမ်း ဖုန်းများဟာ ယနေ့ခေတ် စမတ်ဖုန်း ဒီဇိုင်းများကနေ ခွဲထွက်နေပါတယ်။ ဒီလို ခွဲထွက်နေတာကလည်း အကြောင်းအရင်း ရှိပါတယ်။ ဂိမ်း ဖုန်းများမှာ အဆင့်မြင့် အအေးပေး စနစ်များကို ထည့်သွင်းထားကြသလို လက်ထဲမှာ သက်တောင့်သက်သာရှိစွာ ကစားနိုင်အောင်လည်း ဖန်တီးထားကြလို့ ဖြစ်ပါတယ်။ ဂိမ်မာများဟာ ဂိမ်းထဲမှာပါတဲ့ သိပ္ပံ ဆန်ဆန် ဒီဇိုင်းများကို နှစ်သက်ကြလို့လည်း ဖြစ်ပါတယ်။

Samsung Galaxy S9 Plus , Huawei P20 Pro , Pixel 2 XL တို့မှာလည်း ဘယ်လို ဂိမ်းမျိုးကို မဆို ချော မွတ်စွာ ကစားနိုင်တဲ့ ဟာ့ဒ်ဝဲများ ထည့်ပေးထားပါတယ်။ ဒါပေမယ့် ဒီဇိုင်း အပိုင်းနဲ့ အချို့ဟာ့ဒ်ဝဲများဟာ ဂိမ်း ဖုန်းများကို မယှဉ်နိုင်ပါဘူး။

Razer Phone မှာ 120hz Screen ပါတဲ့အတွက် စွမ်းရည်မြင့် ဂိမ်းများကို ချောမွတ်စွာ ကစားနိုင်ပါတယ်။ Black Shark ကိုတော့ Gamepad နဲ့ တွဲဖက် ကစားနိုင်အောင် ဖန်တီးထားပါတယ်။ Red Magic မှာ ထူးခြားတဲ့ အအေးပေးစနစ်နဲ့ Gameboost စွမ်းရည် ပါပါတယ်။

ဂိမ်းများ

အရင်ကတော့ ပီစီနဲ့ ဂိမ်းစက်များမှာသာ ကစားနိုင်တဲ့ ဂိမ်းများဟာ အခုဆိုရင် အန်းဒရွိုက် ဖုန်းများမှာပါ ကစားလာနိုင်ကြပါပြီ။ ဥပမာအားဖြင့် Rayark ရဲ့ နာမည်ကျော် Implosion : Never Lose Hope ကို Nintendo Switch , Android , iOS Device များမှာ ကစားနိုင်ပါပြီ။ နောက်ထပ် နာမည်ကျော် Fortnite ဟာလည်း PC, Console နဲ့ မိုဘိုင်း ကိရိယာများမှာ ကစားနိုင်ပါပြီ။ ပီစီနဲ့ ဂိမ်းစက် ဂိမ်းအဟောင်း များစွာကိုလည်း အခုနောက်ပိုင်းမှာ မိုဘိုင်းအတွက် ဖန်တီးလာကြပါပြီ။ PUBG, Dungeon Hunter Champions, Shadowgun Legends တို့လို အက်ရှင်ဂိမ်းများကို မိုဘိုင်းအတွက် ဖြန့်ချီလိုက်ခြင်းဟာလည်း ဂိမ်း ဖုန်းများ ရေပန်းစားလာမယ့် အချက်များ ဖြစ်ပါတယ်။

Gaming Phone တွေကို ဘယ်သူတွေ ဝယ်ယူကြမလဲ ?

အတိုချုပ်ပြောရရင် တရုတ်ပါ။ Xiaomi Black Shark နဲ့ Nubia Red Magic တို့ဟာ တရုတ် ကုမ္ပဏီများကနေထွက်ပေါ်လာတာ တိုက်ဆိုက်မှု မဟုတ်ပါဘူး။ တရုတ်ဟာ ကမ္ဘာမှာ အကြီးမားဆုံး အွန်လိုင်း ဂိမ်း ဈေးကွက်ဖြစ်ပါတယ်။ တရုတ်ဟာ အစသာရှိပါသေးတယ်။ PUBG, Fortnite တို့ နာလည်ကြီးလာတာနဲ့ အမျှ အခြား နိုင်ငံများမှာလည်း ဂိမ်း ဖုန်းများဟာ လူကြိုက်များလာမှာပါ။

Ref : androidpit

You may be interested

Instagram ရဲ႕ founders မ်ား ရာထူးမွ ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ႕ founders မ်ား ရာထူးမွ ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာ

Creepy Tyler - Sep 25, 2018

နာမည္ၾကီးလူမႈကြန္ရက္ Instagram ကို စတင္ခဲ့တဲ့ Kevin Systrom နဲ႔ Mike Krieger တို႔ကေတာ့ သူတို႔အေနနဲ႔ ရာထူးေနရာေတြကေန ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာသြားခဲ့ပါတယ္။ မိခင္ကုမၸဏီျဖစ္တဲ့ Facebook နဲ႔ အတူ အလုပ္တြဲလုပ္ေနတဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ CEO နဲ႔ CTO…

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
47 shares14 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

Leave a Comment

Most from this category