2403 Shares 1477 Views

Y85 ဆိုတာ ဘာလဲ

May 27, 2018
2403 1477

[Zawgyi]

Vivo ဟာ သိပ္မၾကာေသးခင္အခ်ိန္အေတာအတြင္းက Y71 ကို FullViewTM အေနနဲ႔ ျဖန္႔ခ်ိခဲ့ၿပီး သူတုိ႔ရဲ႕ Y Series ေတြကို ပိုၿပီး ေကာင္းမြန္တဲ့ မ်ဳိးဆက္အျဖစ္ ျမႇင့္တင္ဖုိ႔ ႀကဳိးစားေနတာကို ေတြ႕ရပါတယ္။ အခုလည္း Y85 ကို notch ပါတဲ့ FullViewTM Display, Dual Rear camera ေတြအျပင္ red color ပါ ထုတ္လုိက္တာကို ေတြ႕ရပါတယ္။ ၿပဳိင္ဆုိင္မႈ ျပင္းထန္ေနတဲ့ ေစ်းကြက္မွာ Y85 က ဆြဲေဆာင္မႈ တစ္ခု ျဖစ္လာမလား ဆိုတာ စိတ္ဝင္စားစရာပါ။

Design, color
Y85 ဆိုၿပီး ထြက္လာတဲ့ Vivo ရဲ႕ Y Series မ်ဳိးဆက္သစ္ဟာ ျမင္ျမင္ခ်င္းမွာပဲ ႏွစ္လုိဖြယ္ရာ အသြင္ကို ေဆာင္ေနတာကို ေတြ႕ရပါတယ္။ ဒီဇိုင္း၊ ကာလာ အေနအထား မိုက္တယ္လုိ႔ ေျပာရမွာပါ။ ေက်ာဘက္ ကိုယ္ထည္ကို တည္ေဆာက္ထားတာမွာ အရင္လုိမဟုတ္ဘဲ 2.5D ေကြးညႊတ္မႈကိုသာ သံုးထားတာေၾကာင့္ နည္းနည္းေတာ့ မာေက်ာတဲ့ ပံုစံကို ေတြ႕ရပါတယ္။ ေတာက္ေျပာင္တဲ့ ေက်ာဘက္ကိုယ္ထည္က အားလံုးၾကားထဲမွာ ထင္းခနဲ ျဖစ္ေနတာကို ေတြ႕ရပါတယ္။

မ်က္ႏွာျပင္
6.22 လက္မ FullView™ Display မ်က္ႏွာျပင္ျဖစ္ၿပီး notch ပါဝင္ပါတယ္။ V9 ပံုစံကို ႀကဳိက္ေပမယ့္ ေစ်းနည္းနည္း သက္သာခ်င္ရင္ေတာ့ Y85 က စိတ္ဝင္စားစရာပါပဲ။ 19:9 အခ်ဳိး ျဖစ္ၿပီး HD+(1520 x 720)resolution ျဖစ္တဲ့အတြက္ သင့္တင့္တယ္လုိ႔ ဆုိရမွာပါ။ notch ပါထင္တာေၾကာင့္ screen-to-body ratio က 88% လို႔ဆိုထားပါတယ္။

Specification
Funtouch OS 4.0 (based on Android 8.1) နဲ႔ျဖစ္ပါတယ္။ RAM 4GB, ROM 32GB ျဖစ္လုိ႔ ဒါကိုလည္း သင့္တင့္တဲ့ ပမာဏလုိ႔ေတာ့ ေျပာလုိ႔ရပါတယ္။ Storage မ်ားမ်ား ထပ္လုိခ်င္ရင္ေတာ့ SD Card နဲ႔ 256 GB ထပ္ျမႇင့္ရမွာေပါ့။ Processor ပိုင္းကေတာ့ Mediatek လို႔ လူသိမ်ားတဲ့ 12nm octa-core processor ေျပာင္းလဲ အသံုးျပဳထားတာကို ေတြ႕ရပါတယ္။ ဒီ အမ်ဳိးအစားက စြမ္းအင္ေခၽြတာၿပီး၊ overall performance မွာလည္း နာမည္ရၿပီးသား ျဖစ္ပါတယ္။

Camera
အေနာက္ကင္မရာကို 13MP နဲ႔ 2MP ႏွစ္လံုးတပ္ေပးထားပါတယ္။ Vivo အေနနဲ႔ သူ႔ရဲ႕ Y seires မွာ Dual camera သံုးေပးထားတာေတာ့ ဝမ္းသာစရာပါပဲ။ စြမ္းေဆာင္ရည္အေၾကာင္းေျပာရင္ေတာ့ Dual camera နဲ႔ PDAF technology ကို ေပါင္းလုိက္တာေၾကာင့္ focus ပိုျမန္လာတယ္၊ bokeh shots ေတြမွာ depth-of-field ပိုေကာင္းလာပါတယ္။ not bad လုိ႔ပဲ ဆုိရမွာပါ။
အေရွ႕ကင္မရာကေတာ့ 8MP မုိ႔လုိ႔ Selfie lover ေတြအတြက္ မခ်င့္မရဲ ျဖစ္ရမွာပါ။ ဒါေပမယ့္ AI Face Beauty အပါအဝင္ အျခားေထာက္ပံ့မႈေတြကေတာ့ V9 နဲ႔ အတူတူပဲေထာက္ပံ့ေပးထားတာကို ေတြ႕ရပါတယ္။

Features
Fingerprint sensor ကို ေက်ာဘက္မွာ ထည့္သြင္းေပးထားပါတယ္။ Face Access ကိုလည္း အသံုးျပဳလုိ႔ရတဲ့အတြက္ feeling good ပါပဲ။ Game Mode အသစ္လည္း ပါဝင္ၿပီး Background call, auto reject call, block floating preview စတဲ့ features ေတြလည္း ရရွိမွာပါ။

Y85 Specification

Funtouch OS 4.0 (based on Android 8.1)
Qualcomm Snapdragon 450
RAM 4GB, ROM 32GB, SD Card up to 256 GB
6.22” HD (1520 x 720 HD+)
8MP (Front) | 13MP+2MP (Dual Rear)
4G/3G
3260mAh
Wifi, Bluetooth, USB, OTG, GPS, FM
2 Slots: 2 Nano SIM and 1 microSD Card

[Unicode]

Y85 ဆိုတာ ဘာလဲ

Vivo ဟာ သိပ်မကြာသေးခင်အချိန်အတောအတွင်းက Y71 ကို FullViewTM အနေနဲ့ ဖြန့်ချိခဲ့ပြီး သူတို့ရဲ့ Y Series တွေကို ပိုပြီး ကောင်းမွန်တဲ့ မျိုးဆက်အဖြစ် မြှင့်တင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ အခုလည်း Y85 ကို notch ပါတဲ့ FullViewTM Display, Dual Rear camera တွေအပြင် red color ပါ ထုတ်လိုက်တာကို တွေ့ရပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ ဈေးကွက်မှာ Y85 က ဆွဲဆောင်မှု တစ်ခု ဖြစ်လာမလား ဆိုတာ စိတ်ဝင်စားစရာပါ။

Design, color
Y85 ဆိုပြီး ထွက်လာတဲ့ Vivo ရဲ့ Y Series မျိုးဆက်သစ်ဟာ မြင်မြင်ချင်းမှာပဲ နှစ်လိုဖွယ်ရာ အသွင်ကို ဆောင်နေတာကို တွေ့ရပါတယ်။ ဒီဇိုင်း၊ ကာလာ အနေအထား မိုက်တယ်လို့ ပြောရမှာပါ။ ကျောဘက် ကိုယ်ထည်ကို တည်ဆောက်ထားတာမှာ အရင်လိုမဟုတ်ဘဲ 2.5D ကွေးညွှတ်မှုကိုသာ သုံးထားတာကြောင့် နည်းနည်းတော့ မာကျောတဲ့ ပုံစံကို တွေ့ရပါတယ်။ တောက်ပြောင်တဲ့ ကျောဘက်ကိုယ်ထည်က အားလုံးကြားထဲမှာ ထင်းခနဲ ဖြစ်နေတာကို တွေ့ရပါတယ်။

မျက်နှာပြင်
6.22 လက်မ FullView™ Display မျက်နှာပြင်ဖြစ်ပြီး notch ပါဝင်ပါတယ်။ V9 ပုံစံကို ကြိုက်ပေမယ့် ဈေးနည်းနည်း သက်သာချင်ရင်တော့ Y85 က စိတ်ဝင်စားစရာပါပဲ။ 19:9 အချိုး ဖြစ်ပြီး HD+(1520 x 720)resolution ဖြစ်တဲ့အတွက် သင့်တင့်တယ်လို့ ဆိုရမှာပါ။ notch ပါထင်တာကြောင့် screen-to-body ratio က 88% လို့ဆိုထားပါတယ်။

Specification
Funtouch OS 4.0 (based on Android 8.1) နဲ့ဖြစ်ပါတယ်။ RAM 4GB, ROM 32GB ဖြစ်လို့ ဒါကိုလည်း သင့်တင့်တဲ့ ပမာဏလို့တော့ ပြောလို့ရပါတယ်။ Storage များများ ထပ်လိုချင်ရင်တော့ SD Card နဲ့ 256 GB ထပ်မြှင့်ရမှာပေါ့။ Processor ပိုင်းကတော့ Mediatek လို့ လူသိများတဲ့ 12nm octa-core processor ပြောင်းလဲ အသုံးပြုထားတာကို တွေ့ရပါတယ်။ ဒီ အမျိုးအစားက စွမ်းအင်ချွေတာပြီး၊ overall performance မှာလည်း နာမည်ရပြီးသား ဖြစ်ပါတယ်။

Camera
အနောက်ကင်မရာကို 13MP နဲ့ 2MP နှစ်လုံးတပ်ပေးထားပါတယ်။ Vivo အနေနဲ့ သူ့ရဲ့ Y seires မှာ Dual camera သုံးပေးထားတာတော့ ဝမ်းသာစရာပါပဲ။ စွမ်းဆောင်ရည်အကြောင်းပြောရင်တော့ Dual camera နဲ့ PDAF technology ကို ပေါင်းလိုက်တာကြောင့် focus ပိုမြန်လာတယ်၊ bokeh shots တွေမှာ depth-of-field ပိုကောင်းလာပါတယ်။ not bad လို့ပဲ ဆိုရမှာပါ။
အရှေ့ကင်မရာကတော့ 8MP မို့လို့ Selfie lover တွေအတွက် မချင့်မရဲ ဖြစ်ရမှာပါ။ ဒါပေမယ့် AI Face Beauty အပါအဝင် အခြားထောက်ပံ့မှုတွေကတော့ V9 နဲ့ အတူတူပဲထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။

Features
Fingerprint sensor ကို ကျောဘက်မှာ ထည့်သွင်းပေးထားပါတယ်။ Face Access ကိုလည်း အသုံးပြုလို့ရတဲ့အတွက် feeling good ပါပဲ။ Game Mode အသစ်လည်း ပါဝင်ပြီး Background call, auto reject call, block floating preview စတဲ့ features တွေလည်း ရရှိမှာပါ။

Y85 Specification

Funtouch OS 4.0 (based on Android 8.1)
Qualcomm Snapdragon 450
RAM 4GB, ROM 32GB, SD Card up to 256 GB
6.22” HD (1520 x 720 HD+)
8MP (Front) | 13MP+2MP (Dual Rear)
4G/3G
3260mAh
Wifi, Bluetooth, USB, OTG, GPS, FM
2 Slots: 2 Nano SIM and 1 microSD Card

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category