0 Shares 127 Views

Mega Man ဂိမ်းအသစ်နဲ့ မိုဘိုင်းဂိမ်းဈေးကွက်ထဲကို ၀င်ရောက်လာတော့မယ့် Capcom

Apr 05, 2016
0 127

သင်ဟာ ဗီဒီယိုဂိမ်းတွေ မြန်မာနိုင်ငံမှာ စတင်ခေတ်စားလာကာစအချိန်မှာ ကြီးပြင်းခဲ့သူတစ်ယောက်ဆိုရင် Mega Man ၊ Street Figher ၊ Resident Evil စတဲ့ ဂန္တ၀င်ဂိမ်းတွေကို ကောင်းကောင်းကြီးသိမှာပါ။

အခုဆိုရင် ဒီလိုအမိုက်စား ဗီဒီယိုဂိမ်းတွေကို ထုတ်လုပ်သူကုမ္ပဏီ၊ Capcom လည်း မိုဘိုင်းဂိမ်းလောကထဲ ၀င်ရောက်လာပါပြီ။

ရင်းနှီးမြှပ်နှံသူတွေကို ထုတ်ပြန်ခဲ့တဲ့စာတစ်စောင်အရ၊ Capcom ဟာ စမတ်ဖုန်းဂိမ်းတွေ အဓိကထားဖန်တီးဖို့အတွက် ကုမ္ပဏီပိုင်မိုဘိုင်းဂိမ်းဌာနနဲ့ Beeline Interactive ကုမ္ပဏီခွဲတို့ကို ပူးပေါင်းကာ Capcom Mobile ကုမ္ပဏီအနေနဲ့ ပူးပေါင်းဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Beeline Interactive ဆိုတာကလည်း Capcom ရဲ့ ကုမ္ပဏီခွဲဖြစ်ပြီး၊ နာမည်ကျော် The Smurf’s Village ကို ရေးဆွဲထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီပါ။

ကုမ္ပဏီရဲ့ နာမည်ကျော်ဂိမ်းတွေဖြစ်တဲ့ Mega Man နဲ့ Monster Hunter ဂိမ်းတွေအပါအ၀င် အဓိကဂိမ်းလေးမျိုးကို ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း Android နဲ့ iOS ပေါ်မှာ စတင်ထုတ်သွားဖို့ရှိပြီး၊ နောက်ထပ် Capcom ရဲ့ နာမည်ကျော်ဂိမ်းတွေကိုလည်း မိုဘိုင်းဖုန်းပေါ်မှာ အလွယ်တကူ ဆော့နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာဆိုရင် နာမည်ကျော်ဂျပန်ဂိမ်းကုမ္ပဏီဖြစ်တဲ့ Nintendo က Miitomo ဆိုတဲ့ ပထမဆုံး စမတ်ဖုန်းဂိမ်းနဲ့ မိုဘိုင်းဂိမ်းလောကထဲ ၀င်ရောက်လာပြီးနောက် Capcom ကလည်း မျက်ခြေပြတ်မခံ ၀င်ရောက်လာတာဖြစ်ပါတယ်။

Ref: Polygon

 

 

 

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
0 shares0 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
50 shares25 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
83 shares27 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Leave a Comment

Most from this category