154 Shares 40 Views

Dual Camera ပါတဲ့ BlackBerry Key2 ရဲ႕ Teaser Video ထြက္ေပၚလာ

May 25, 2018
154 40

BlackBerry KeyOne ရဲ႕ မ်ိဳးဆက္ကို မၾကာခင္ ျမင္ရေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ ကုမၸဏီက BlackBerry Key2 ကို အနီးကပ္ျမင္ရတဲ့ Teaser Video တစ္ခုကို ထုတ္ျပန္လိုက္ပါတယ္။ ဗီဒီယိုမွာ BlackBerry Logo ကို အရင္ဆံုး ျပသထားပါတယ္။ ဖုန္းကို ကိုင္တြယ္ရတာ ၿမဲၿမံေစဖို႔အတြက္ ဖုန္းရဲ႕ အေနာက္ဘက္ကို အကြက္မ်ား၊ အဖုအထစ္မ်ားပါတဲ့ ကိုယ္ထည္ကို သံုးထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ႏွစ္လံုးနဲ႔ Dual-LED Flash ကို တပ္ဆင္ထားပါတယ္။

ဖုန္းရဲ႕ ညာဘက္မွ ခလုတ္မ်ားကိုလည္း ေတြ႕ျမင္ရပါတယ္။ အသံထိန္းခ်ဳပ္ ခလုတ္မ်ား၊ ပါ၀ါ ခလုတ္နဲ႔ Convenience Key တို႔ကို အထက္ကေန ေအာက္သို႔ တန္းစီ၍ တပ္ဆင္ထားပါတယ္။ Physical Keyboard ကိုလည္း အနီးကပ္ ျပသထားၿပီး ခလုတ္ အသစ္တစ္ခုကိုလည္း ေတြ႕ျမင္ရပါတယ္။ သူ႔ရဲ႕ ဖန္ရွင္ကိုေတာ့ မသိရေသးပါဘူး။ ခလုတ္မွာ အစက္ကိုးစက္ကို ေလးေထာင့္ပံု စီတန္းထားပါတယ္။ အဲဒီ ခလုတ္ကို ႏွိပ္ရင္ App Drawer ကို ျပသေပးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အဲဒါကို ဖိထားရင္ BlackBerry Hub လို Shortcut ကို သံုးႏုိင္မယ့္ ဖန္ရွင္မ်ိဳး ပါလာႏုိင္ပါတယ္။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ားအရ BlackBerry KEY2 ကို ေမာ္ဒယ္ ၂မ်ိဴးနဲ႔ ထုတ္လုပ္သြားႏိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။ ၄င္း ေမာ္ဒယ္ ၂မ်ိဴး စလုံးရဲ႕ အခ်က္အလက္ ေတြဟာ Geekbench ကေန တစ္ဆင့္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ Geekbench က အခ်က္အလက္မ်ားအရ ေမာ္ဒယ္ ၂မ်ိဴးစလုံးရဲ႕ Operating System အပိုင္းအတြက္ Android 8.1 Oreo ကို ထည့္သြင္းေပးထားပါတယ္။ Processor အပိုင္းအတြက္ Qualcomm Snapdragon 660 SoC ကို အသုံးျပဳထားႏိုင္ၿပီး RAM 4GB ပါဝင္ႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ ေနာက္ ေမာ္ဒယ္ တစ္မ်ိဴးမွာေတာ့ RAM 6GB ပါဝင္တာကို ေတြ႕ရပါတယ္။ RAM 4GB ပါဝင္တဲ့ ေမာ္ဒယ္ ရဲ႕ Single-core Score က 1335 နဲ႔ Multi-core Score က 4948 ျဖစ္ပါတယ္။ RAM 6GB ပါဝင္တဲ့ ေမာ္ဒယ္ရဲ႕ Single-core Score က 1291 နဲ႔ Multi-core Score က 4838 ျဖစ္ပါတယ္။

ေနာက္ေက်ာဘက္မွာ Dual Camera Setup ကို တပ္ဆင္ထားႏိုင္ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Gesture အသုံးျပဳႏိုင္မယ့္ Physical QWERTY Keyboard နဲ႔အတူ Multitouch အသုံးျပဳႏိုင္မယ့္ 3:2 Aspect Ratio Display တို႔ကို တပ္ဆင္ထားႏိုင္ဖြယ္ ရွိပါတယ္။ 3.5 mm Headphone Jack ကို အေပၚဘက္မွာ ထည့္သြင္းႏိုင္ၿပီး USB Type-C အေပါက္ကိုေတာ့ ေအာက္ေျခမွာ ထည့္သြင္းထားႏိုင္ပါတယ္။ တခ်ိဳ႕ ကြၽမ္းက်င္ ပညာရွင္မ်ားကလည္း BlackBerry KEY2 မွာ 4G LTE ကြန္ယက္စနစ္နဲ႔ Dual-SIM ပါဝင္လာႏိုင္တယ္လို႔ ခန္႔မွန္း ေျပာဆိုထားၾကပါတယ္။ တစ္ဖက္မွာလည္း BlackBerry KEYone ပိုင္ရွင္မ်ားအေနနဲ႔ Android Oreo ကို မၾကာခင္ Update လုပ္ႏိုင္မွာ ျဖစ္ေၾကာင္း Rogers Community Forums ရဲ႕ သတင္းမ်ားအရ သိရပါတယ္။

Ref : gsmarena

unicode

Dual Camera ပါတဲ့ BlackBerry Key2 ရဲ့ Teaser Video ထွက်ပေါ်လာ

BlackBerry KeyOne ရဲ့ မျိုးဆက်ကို မကြာခင် မြင်ရတော့မှာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက BlackBerry Key2 ကို အနီးကပ်မြင်ရတဲ့ Teaser Video တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ဗီဒီယိုမှာ BlackBerry Logo ကို အရင်ဆုံး ပြသထားပါတယ်။ ဖုန်းကို ကိုင်တွယ်ရတာ မြဲမြံစေဖို့အတွက် ဖုန်းရဲ့ အနောက်ဘက်ကို အကွက်များ၊ အဖုအထစ်များပါတဲ့ ကိုယ်ထည်ကို သုံးထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံးနဲ့ Dual-LED Flash ကို တပ်ဆင်ထားပါတယ်။

ဖုန်းရဲ့ ညာဘက်မှ ခလုတ်များကိုလည်း တွေ့မြင်ရပါတယ်။ အသံထိန်းချုပ် ခလုတ်များ၊ ပါဝါ ခလုတ်နဲ့ Convenience Key တို့ကို အထက်ကနေ အောက်သို့ တန်းစီ၍ တပ်ဆင်ထားပါတယ်။ Physical Keyboard ကိုလည်း အနီးကပ် ပြသထားပြီး ခလုတ် အသစ်တစ်ခုကိုလည်း တွေ့မြင်ရပါတယ်။ သူ့ရဲ့ ဖန်ရှင်ကိုတော့ မသိရသေးပါဘူး။ ခလုတ်မှာ အစက်ကိုးစက်ကို လေးထောင့်ပုံ စီတန်းထားပါတယ်။ အဲဒီ ခလုတ်ကို နှိပ်ရင် App Drawer ကို ပြသပေးမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒါကို ဖိထားရင် BlackBerry Hub လို Shortcut ကို သုံးနိုင်မယ့် ဖန်ရှင်မျိုး ပါလာနိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ BlackBerry KEY2 ကို မော်ဒယ် ၂မျိူးနဲ့ ထုတ်လုပ်သွားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ၎င်း မော်ဒယ် ၂မျိူး စလုံးရဲ့ အချက်အလက် တွေဟာ Geekbench ကနေ တစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Geekbench က အချက်အလက်များအရ မော်ဒယ် ၂မျိူးစလုံးရဲ့ Operating System အပိုင်းအတွက် Android 8.1 Oreo ကို ထည့်သွင်းပေးထားပါတယ်။ Processor အပိုင်းအတွက် Qualcomm Snapdragon 660 SoC ကို အသုံးပြုထားနိုင်ပြီး RAM 4GB ပါဝင်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။ နောက် မော်ဒယ် တစ်မျိူးမှာတော့ RAM 6GB ပါဝင်တာကို တွေ့ရပါတယ်။ RAM 4GB ပါဝင်တဲ့ မော်ဒယ် ရဲ့ Single-core Score က 1335 နဲ့ Multi-core Score က 4948 ဖြစ်ပါတယ်။ RAM 6GB ပါဝင်တဲ့ မော်ဒယ်ရဲ့ Single-core Score က 1291 နဲ့ Multi-core Score က 4838 ဖြစ်ပါတယ်။

နောက်ကျောဘက်မှာ Dual Camera Setup ကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Gesture အသုံးပြုနိုင်မယ့် Physical QWERTY Keyboard နဲ့အတူ Multitouch အသုံးပြုနိုင်မယ့် 3:2 Aspect Ratio Display တို့ကို တပ်ဆင်ထားနိုင်ဖွယ် ရှိပါတယ်။ 3.5 mm Headphone Jack ကို အပေါ်ဘက်မှာ ထည့်သွင်းနိုင်ပြီး USB Type-C အပေါက်ကိုတော့ အောက်ခြေမှာ ထည့်သွင်းထားနိုင်ပါတယ်။ တချို့ ကျွမ်းကျင် ပညာရှင်များကလည်း BlackBerry KEY2 မှာ 4G LTE ကွန်ယက်စနစ်နဲ့ Dual-SIM ပါဝင်လာနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။ တစ်ဖက်မှာလည်း BlackBerry KEYone ပိုင်ရှင်များအနေနဲ့ Android Oreo ကို မကြာခင် Update လုပ်နိုင်မှာ ဖြစ်ကြောင်း Rogers Community Forums ရဲ့ သတင်းများအရ သိရပါတယ်။

Ref : gsmarena

You may be interested

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini
Apple, Mobiles & Tablets, NEWS
0 shares0 views

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini

Nigma - Mar 19, 2019

Apple က iPad ေမာ္ဒယ္သစ္ႏွစ္မ်ိဳးကို တိတ္တဆိတ္ မိတ္ဆက္လိုက္ပါတယ္။ တတိယမ်ိဳးဆက္ 10.5-inch iPad Air နဲ႔ ပၪၥမမ်ိဳးဆက္ 7.9-inch iPad mini ပါ။ iPad Air အသစ္မွာ 10.5-inch Retina Display အသစ္…

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
243 shares160 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
102 shares157 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Leave a Comment

Most from this category