1609 Shares 369 Views

Xiaomi MIUI 10 Closed Beta ကို ရယူဖို႔ စာရင္းေပးသြင္းႏုိင္ၿပီ

May 25, 2018
1609 369

MIUI 10 Software ကို အေစာဆံုး အသံုးျပဳခ်င္သူမ်ားအတြက္ ေရွာင္မီက ျပဳလုပ္ေပးလိုက္ပါတယ္။ MIUI 10 Closed Beta ကို စမ္းသပ္ အသံုးျပဳခ်င္သူမ်ားဟာ စာရင္းေပးသြင္းထားႏုိင္ပါတယ္။ ေမလ ၃၁ ရက္ေန႔မွာ Xiaomi Mi 8 နဲ႔ MIUI 10 ကို မိတ္ဆက္မွာပါ။ အဲဒီေနာက္မွာ စာရင္းေပးသြင္းထားသူမ်ားအတြက္ MIUI 10 Closed Beta ကို ျဖန္႔ခ်ီေပးမွာ ျဖစ္ပါတယ္။

ေနာက္ပိုင္းထုတ္ ဖုန္းမ်ားျဖစ္တဲ့ Redmi Note 5, Mi Mix , Mi Mix 2 , Mi Mix 2S , Mi 6 တို႔မွာသာ အဲဒါကို ထည့္သြင္းႏုိင္မွာ ျဖစ္ပါတယ္။ လက္ရွိမွာ တရုတ္မွ လူမ်ားသာ အက်ံုး၀င္ပါေသးတယ္။ စာရင္းေပးသြင္းဖို႔အတြက္ သင့္ရဲ႕ WeChat ID ကို အသံုးျပဳရမယ္လို႔ သိရပါတယ္။ Beta အဆင့္သာ ရွိေသးတဲ့အတြက္ Error မ်ား ပါလာႏုိင္တာကိုေတာ့ သတိျပဳပါ။

MIUI 10 ဟာ Artificial Intelligence (AI) နဲ႔ Machine Learning နည္းပညာေတြကို ဦးစားေပးၿပီး ဖန္တီးထားတဲ့ Version ျဖစ္ပါတယ္။ MIUI 10 နဲ႔ ပတ္သတ္ၿပီး Teaser ဓာတ္ပုံ တစ္ပုံကို Weibo ရွိ MIUI ရဲ႕ တရားဝင္ အေကာင့္မွာ လႊင့္တင္ခဲ့တာ ျဖစ္ပါတယ္။ Teaser ဓာတ္ပုံမွာ MIUI 10 က “လွ်ပ္စီးထက္ ပိုျမန္တယ္” ဆိုတဲ့ သေဘာတရားနဲ႔ Xiaomi က ႂကြားလုံးထုတ္ထားပါတယ္။ ဒါ့ေၾကာင့္ MIUI ရဲ႕ Version အသစ္မွာ Performance အပိုင္းအတြက္ အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ထားမယ္လို႔ ခန္႔မွန္းရပါတယ္။ MIUI 10 ကို အသုံးျပဳႏိုင္မယ့္ စမတ္ဖုန္းေတြကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ MIUI 10 ဟာ Android 5.0 Lollipop ကိုအေျခခံၿပီး တည္ေဆာက္ထားတဲ့ Hardware ေတြကို ေထာက္ပံ့ေပးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

MIUI 10 မွာ Settings App ကို အဆင္ျမႇင့္တင္မႈမ်ား ျပဳလုပ္ထားႏိုင္ၿပီး Themes အသစ္မ်ားလည္း ပါဝင္လာႏိုင္ပါတယ္။ Battery-saving Feature အသစ္မ်ားကိုလည္း ထည့္သြင္းထားႏိုင္ပါတယ္။ ဒါ့အျပင္ Google Assistant, Siri နဲ႔ Bixby တို႔လိုမ်ိဴး Xiao Ai Assistant ကိုလည္း ကမာၻအႏွံ႔အျပားမွာ အသုံးျပဳႏိုင္မယ္လို႔ ခန္႔မွန္းရပါတယ္။

Ref : gsmarena

unicode

Xiaomi MIUI 10 Closed Beta ကို ရယူဖို့ စာရင်းပေးသွင်းနိုင်ပြီ

MIUI 10 Software ကို အစောဆုံး အသုံးပြုချင်သူများအတွက် ရှောင်မီက ပြုလုပ်ပေးလိုက်ပါတယ်။ MIUI 10 Closed Beta ကို စမ်းသပ် အသုံးပြုချင်သူများဟာ စာရင်းပေးသွင်းထားနိုင်ပါတယ်။ မေလ ၃၁ ရက်နေ့မှာ Xiaomi Mi 8 နဲ့ MIUI 10 ကို မိတ်ဆက်မှာပါ။ အဲဒီနောက်မှာ စာရင်းပေးသွင်းထားသူများအတွက် MIUI 10 Closed Beta ကို ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။

နောက်ပိုင်းထုတ် ဖုန်းများဖြစ်တဲ့ Redmi Note 5, Mi Mix , Mi Mix 2 , Mi Mix 2S , Mi 6 တို့မှာသာ အဲဒါကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်မှ လူများသာ အကျုံးဝင်ပါသေးတယ်။ စာရင်းပေးသွင်းဖို့အတွက် သင့်ရဲ့ WeChat ID ကို အသုံးပြုရမယ်လို့ သိရပါတယ်။ Beta အဆင့်သာ ရှိသေးတဲ့အတွက် Error များ ပါလာနိုင်တာကိုတော့ သတိပြုပါ။

MIUI 10 ဟာ Artificial Intelligence (AI) နဲ့ Machine Learning နည်းပညာတွေကို ဦးစားပေးပြီး ဖန်တီးထားတဲ့ Version ဖြစ်ပါတယ်။ MIUI 10 နဲ့ ပတ်သတ်ပြီး Teaser ဓာတ်ပုံ တစ်ပုံကို Weibo ရှိ MIUI ရဲ့ တရားဝင် အကောင့်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ Teaser ဓာတ်ပုံမှာ MIUI 10 က “လျှပ်စီးထက် ပိုမြန်တယ်” ဆိုတဲ့ သဘောတရားနဲ့ Xiaomi က ကြွားလုံးထုတ်ထားပါတယ်။ ဒါ့ကြောင့် MIUI ရဲ့ Version အသစ်မှာ Performance အပိုင်းအတွက် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားမယ်လို့ ခန့်မှန်းရပါတယ်။ MIUI 10 ကို အသုံးပြုနိုင်မယ့် စမတ်ဖုန်းတွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် MIUI 10 ဟာ Android 5.0 Lollipop ကိုအခြေခံပြီး တည်ဆောက်ထားတဲ့ Hardware တွေကို ထောက်ပံ့ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

MIUI 10 မှာ Settings App ကို အဆင်မြှင့်တင်မှုများ ပြုလုပ်ထားနိုင်ပြီး Themes အသစ်များလည်း ပါဝင်လာနိုင်ပါတယ်။ Battery-saving Feature အသစ်များကိုလည်း ထည့်သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် Google Assistant, Siri နဲ့ Bixby တို့လိုမျိူး Xiao Ai Assistant ကိုလည်း ကမ္ဘာအနှံ့အပြားမှာ အသုံးပြုနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref : gsmarena

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category