179 Shares 127 Views

ပေါ့ပါးသွက်လက်စွာ Facebook သုံးနိုင်မယ့် Metal for Facebook & Twitter

May 24, 2018
179 127

Facebook Mobile App ဟာ သင့်ဖုန်းရဲ့ Memory, Storage နဲ့ Battery ကို လွန်စွာ စားသုံးပါတယ်။ အထူးသဖြင့် စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများနဲ့ Storage နည်းပါးတဲ့ စမတ်ဖုန်းများမှာ ဖုန်းကို လေးလံစေခြင်း၊ Storage မလုံလောက်ခြင်း စတဲ့ ပြဿနာများကို ဖြစ်ပေါ်စေပါတယ်။ အဲဒီ ပြဿနာများကို ဖြေရှင်းဖို့အတွက် Third-Party Developer များက Third-Party Facebook Apps များစွာကို တီထွင်လာကြပါတယ်။ အဲဒီထဲက ကောင်းမွန်တဲ့ တစ်ခုက Metal ဖြစ်ပါတယ်။ Metal ဟာ ပေါ့ပါးသွက်လက်ပြီး သင့်ဖုန်းရဲ့ စွမ်းအင် အရင်းအမြစ်များနဲ့ Storage, Battery တို့ကို အသုံးပြုမှု နည်းပါးပါတယ်။ Metal ဟာ Facebook Web Version ကို ငုံထားတာဖြစ်ပါတယ်။ အခြား ဘရောက်စာများကနေ Facebook ကို အသုံးပြုရင် မရရှိတဲ့ Notifications, Themes များကို Metal မှာ ရရှိနိုင်ပါတယ်။ Facebook Mobile App မှာ မရရှိတဲ့ Floating Window နဲ့ Page များကို Pin လုပ်ထားနိုင်ခြင်း၊ News Feed ရဲ့ ထိပ်ဆုံးကို လျှင်မြန်စွာ ပြန်သွားနိုင်ခြင်းတို့ကိုတောင် Metal မှာ အသုံးပြုနိုင်ပါတယ်။ Full Screen Mode လည်းပါရှိပါတယ်။

App ကို ပထမဆုံး အကြိမ်ဖွင့်ရင် သူ့ရဲ့ အသုံးပြုနည်းတွေကို ပြသပေးမှာဖြစ်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး ကြည့်ပါ။ နောက်ဆုံး စကရင်မှာ အမှန်ခြစ်ကို နှိပ်ပါ။

Metal ရဲ့ Menu ကို ရောက်သွားရင် Facebook ကို နှိပ်ပါ။ သင့် Facebook အကောင့်ရဲ့ အီးမေး သို့မဟုတ် ဖုန်းနံပါတ်နဲ့ Password ထည့်ပေးပြီး Log In ကို နှိပ်ပါ။ နောက်တစ်ကြိမ် Metal ကိုဖွင့်ရင် Password ရိုက်ထည့်စရာမလိုဘဲ ဂဏန်း ၄ လုံးနဲ့ Passcode ပဲ ရိုက်ထည့်ပြီး Login ၀င်နိုင်အောင် “ Optional: Add ….. “ ကို နှိပ်ပါ။ နောက်အဆင့်မှာ ဂဏန်း ၄ လုံး ရိုက်ထည့်ပေးပြီး သေချာစွာ မှတ်သားထားပါ။

ဒါဆိုရင် သင့် Facebook ရဲ့ News Feed ကို ရောက်ရှိမှာပါ။

Facebook App မှာ ထည့်သွင်းပေးထားတဲ့ Reactions Button များကိုတောင် အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

Status Update Box ရဲ့ အထက်မှ More ကို နှိပ်ရင် ပို့စ်ရေးသားခြင်း၊ ဓါတ်ပုံ၊ စိတ်ခံစားမှုများထည့်သွင်းခြင်း၊ Tag ပြုလုပ်ခြင်း၊ Check In ပြုလုပ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။

News Feed ရဲ့ ညာဘက်အပေါ်ထိပ်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပါ။ Most Recent နဲ့ Top Stories ကို ပြောင်းလဲ ကြည့်ရှုနိုင်သလို Refresh လုပ်နိုင်ပါတယ်။ News Feed ရဲ့ ထိပ်ဆုံးကို ပြန်သွားဖို့ Jump to top ကို အသုံးပြုနိုင်ပါတယ်။

Page တစ်ခုထဲသွားပြီး စကရင်ရဲ့ ညာဘက်ထိပ်မှ ကြယ်ပုံကို နှိပ်ပါ။ Pin this page ကို နှိပ်ပြီး စာမျက်နှာကို တစ်ချက်နှိပ်ပါ။ ဒါဆိုရင် အဲဒီ Page ကို Pin လုပ်ပေးထားမှာပါ။ ကြယ်ပုံကို နှိပ်ပြီး Pin လုပ်ထားတဲ့ Page များကို လျှင်မြန်စွာ ကြည့်နိုင်ပါတယ်။

News Feed ကဏ္ဍရဲ့ ညာဘက်ဘေးမှာ Friend Request, Message, Notification , Search , Menu Button များကို တွေ့နိုင်ပါတယ်။ Facebook App မှာလိုပဲ အဲဒီ ခလုတ်များက အလုပ်လုပ်ပါတယ်။ Menu Button ကို နှိပ်ရင် Account Settings ထဲသွားတဲ့နေရာကို ရောက်မှာပါ။

စကရင်ရဲ့ ဘယ်ဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ Online Friends ထဲမှာ အွန်လိုင်းပေါ်မှာ ရှိတဲ့ သူငယ်ချင်းများကို ပြသပေးထားပါတယ်။ Voice Actions မှာ Metal ကို အသံဖြင့် ခိုင်းစေနိုင်ပါတယ်။ သူက Google Now ကို အသုံးပြုထားတာပါ။

Menu ကနေ Preferences ထဲသွားပါ။ Notifications များ ရယူချင်ရင် Enable notifications မှာ အမှန်ခြစ်ပေးပါ။ လက်ဗွေရာလုံခြုံရေး စနစ်ပါတဲ့ ဖုန်းများမှာ App ကို လက်ဗွေရာနဲ့ ကာကွယ်ထားနိုင်ပါတယ်။

Enable Metal Bar မှာ အမှန်ခြစ်ပေးပါ။ ဒါဆိုရင် Notification Bar မှာ Metal Bar ကို ပြသပေးထားပါတယ်။ အခြား App များကို အသုံးပြုနေစဉ်မှာ Metal Bar ကို တစ်ချက်နှိပ်ရင် Metal ကို Floating Window အနေနဲ့ ပြသပေးမှာပါ။ အဲဒီအတွက် အခြား App များကို ပိတ်စရာမလိုဘဲ Facebook ကို အချိန်မရွေး အသုံးပြုနိုင်မှာပါ။

သူ့ရဲ့ ဖိုင်အရွယ်အစားဟာ 3 MB ရှိပြီး Android Version 4.1 နဲ့သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။

Download

ref : appreview

You may be interested

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
0 shares0 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
0 shares0 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို…

Leave a Comment

Most from this category