0 Shares 1742 Views

တန္ဖိုးနည္း စမတ္ဖုန္းေတြထဲက အႏွစ္သက္ဆုံး စမတ္ဖုန္း Redmi Note 5 (Budgeteers)

May 24, 2018
0 1742

[Zawgyi]

Redmi Note 5 ဟာ Xiaomi ရဲ႕ တန္ဖိုးနည္း စမတ္ဖုန္းေတြထဲက တစ္လုံး ျဖစ္ပါတယ္။ Redmi Note 5 ကို ၿပီးခဲ့တဲ့ မတ္လတုန္းက စတင္မိတ္ဆက္ခဲ့တာပါ။ ယေန႔ ျမန္မာႏိုင္ငံမွာေတာ့ RAM 3GB/ ROM 32GB ေမာ္ဒယ္ကို တန္ဖိုးေငြ ၂၁၆,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ Redmi Note 5 လို႔ ကင္ပြန္းတပ္ထားတဲ့ စမတ္ဖုန္းကို ျပည္ပႏိုင္ငံေတြမွာ Redmi Note 5 Pro ဆိုၿပီး ေရာင္းခ်တာပါ။ ျပည္ပႏိုင္ငံေတြမွာ ေရာင္းခ်ေနတဲ့ Redmi Note 5 ဆိုတာကေတာ့ ယေန႔ ျမန္မာႏိုင္ငံမွာ ေရာင္းခ်ေနတဲ့ Redmi 5 Plus ဘဲ ျဖစ္ပါတယ္။

Display
Redmi Note 5 ရဲ႕ Display အ႐ြယ္အစားက ၅.၉၉ လက္မ ရွိၿပီး IPS LCD Display ကို အသုံးျပဳထားပါတယ္။ FullView Display အမ်ိဴးအစား ျဖစ္ၿပီး Resolution က 1080 x 2160 pixels ပါဝင္ပါတယ္။ သာမန္ တန္းဖိုးနည္း စမတ္ဖုန္းေတြမွာ မေမွ်ာ္လင့္ႏိုင္တဲ့ Resolution ဘဲ ျဖစ္ပါတယ္။

Processor
Processor အပိုင္းအတြက္ Snapdragon 636 SoC နဲ႔ Adreno 509 တို႔ကို ထည့္သြင္းထားပါတယ္။ ဒီ Chipset နဲ႔ GPU ေတြ ပါဝင္တဲ့ စမတ္ဖုန္းကို ၂သိန္း ဝန္းက်င္နဲ႔ ရႏိုင္ဖို႔ဆိုတာ ရွားပါတယ္။ ရွိေတာ့ ရွိတယ္ ဒါေပမယ့္ ရွားပါလိမ့္မယ္။ ၂ သိန္း ဝန္းက်င္ အထက္ ပိုသုံးႏိုင္တယ္ ဆိုရင္ေတာ့ RAM 4GB/ ROM 64GB နဲ႔ RAM 6GB / ROM 64GB ေတြကို ေ႐ြးခ်ယ္ ဝယ္ယူႏိုင္မွာပါ။

Camera
ေနာက္တစ္ခ်က္ကေတာ့ ကင္မရာပါ။ ပိုက္ဆံလည္း အမ်ားႀကီး မကုန္ခ်င္ဘူး၊ ေနာက္ကင္မရာ ၂လုံးပါတဲ့ ဖုန္းလည္း ကိုင္ခ်င္တယ္၊ သူမ်ားေတြလို Background ဝါးဝါးပုံေတြ ႐ိုက္ခ်င္တယ္ ဆိုသူေတြအတြက္ သင့္ေတာ္မယ့္ စမတ္ဖုန္းပါ။ 12MP+5MP ကင္မရာ ၂လုံး ေက်ာဘက္မွာ ေဒါင္လိုက္ တပ္ဆင္ထားတယ္။ iPhone X ရဲ႕ ကင္မရာ ဒီဇိုင္းနဲ႔ ဆင္တူတယ္။ ေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ Selfie ဆြဲဖို႔ 13MP ကင္မရာ ၁လုံးကို တပ္ဆင္ေပးထားပါတယ္။

Battery & Weight & Operating System
ဘက္ထရီ သိုေလွာင္မႈ ပမာဏ 4000mAh ပါဝင္ၿပီး အျမန္အားသြင္း စနစ္ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ အားရစရာပါ။ အေလးခ်ိန္ကေတာ့ 181 grams ရွိပါတယ္။ Operating System အပိုင္းမွာ Android Oreo ကို ျပန္လည္ဆန္းသစ္ထားတဲ့ EMUI 9 နဲ႔ ပြဲထြက္လာတာ ျဖစ္ပါတယ္။ Xiaomi ကလည္း MIUI 10 ကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနတယ္၊ Redmi Note 5 ကလည္း ထြက္ထားတာ မၾကာေသးဘူးဆိုေတာ့ MIUI 10 ကို ျမႇင့္တင္ အသုံးျပဳႏိုင္မယ့္ စာရင္းထဲမွာ ပါဝင္လာႏိုင္ပါတယ္။

အႏွစ္ခ်ဴပ္အေနနဲ႔ ေျပာရမယ္ ဆိုရင္ Redmi Note 5 ဟာ ေငြက်ပ္ ၂သိန္း ဝန္းက်င္သုံး႐ုံနဲ႔ Resolution ျမင့္ FullView Display၊ Dual Camera နဲ႔ Snapdragon 636 SoC ေတြကို ပိုင္ဆိုင္ႏိုင္မယ့္ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Xiaomi ရဲ႕ Redmi Note 5 ကို ဒီတစ္ပတ္ Budgeteers က႑အတြက္ ေ႐ြးခ်ယ္ ေပးလိုက္ရျခင္း ျဖစ္ပါတယ္။

[Unicode]

တန်ဖိုးနည်း စမတ်ဖုန်းတွေထဲက အနှစ်သက်ဆုံး စမတ်ဖုန်း Redmi Note 5 (Budgeteers)

Redmi Note 5 ဟာ Xiaomi ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေထဲက တစ်လုံး ဖြစ်ပါတယ်။ Redmi Note 5 ကို ပြီးခဲ့တဲ့ မတ်လတုန်းက စတင်မိတ်ဆက်ခဲ့တာပါ။ ယနေ့ မြန်မာနိုင်ငံမှာတော့ RAM 3GB/ ROM 32GB မော်ဒယ်ကို တန်ဖိုးငွေ ၂၁၆,၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ Redmi Note 5 လို့ ကင်ပွန်းတပ်ထားတဲ့ စမတ်ဖုန်းကို ပြည်ပနိုင်ငံတွေမှာ Redmi Note 5 Pro ဆိုပြီး ရောင်းချတာပါ။ ပြည်ပနိုင်ငံတွေမှာ ရောင်းချနေတဲ့ Redmi Note 5 ဆိုတာကတော့ ယနေ့ မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ Redmi 5 Plus ဘဲ ဖြစ်ပါတယ်။

Display
Redmi Note 5 ရဲ့ Display အရွယ်အစားက ၅.၉၉ လက်မ ရှိပြီး IPS LCD Display ကို အသုံးပြုထားပါတယ်။ FullView Display အမျိူးအစား ဖြစ်ပြီး Resolution က 1080 x 2160 pixels ပါဝင်ပါတယ်။ သာမန် တန်းဖိုးနည်း စမတ်ဖုန်းတွေမှာ မမျှော်လင့်နိုင်တဲ့ Resolution ဘဲ ဖြစ်ပါတယ်။

Processor
Processor အပိုင်းအတွက် Snapdragon 636 SoC နဲ့ Adreno 509 တို့ကို ထည့်သွင်းထားပါတယ်။ ဒီ Chipset နဲ့ GPU တွေ ပါဝင်တဲ့ စမတ်ဖုန်းကို ၂သိန်း ဝန်းကျင်နဲ့ ရနိုင်ဖို့ဆိုတာ ရှားပါတယ်။ ရှိတော့ ရှိတယ် ဒါပေမယ့် ရှားပါလိမ့်မယ်။ ၂ သိန်း ဝန်းကျင် အထက် ပိုသုံးနိုင်တယ် ဆိုရင်တော့ RAM 4GB/ ROM 64GB နဲ့ RAM 6GB / ROM 64GB တွေကို ရွေးချယ် ဝယ်ယူနိုင်မှာပါ။

Camera
နောက်တစ်ချက်ကတော့ ကင်မရာပါ။ ပိုက်ဆံလည်း အများကြီး မကုန်ချင်ဘူး၊ နောက်ကင်မရာ ၂လုံးပါတဲ့ ဖုန်းလည်း ကိုင်ချင်တယ်၊ သူများတွေလို Background ဝါးဝါးပုံတွေ ရိုက်ချင်တယ် ဆိုသူတွေအတွက် သင့်တော်မယ့် စမတ်ဖုန်းပါ။ 12MP+5MP ကင်မရာ ၂လုံး ကျောဘက်မှာ ဒေါင်လိုက် တပ်ဆင်ထားတယ်။ iPhone X ရဲ့ ကင်မရာ ဒီဇိုင်းနဲ့ ဆင်တူတယ်။ ရှေ့ဘက် မျက်နှာပြင်မှာတော့ Selfie ဆွဲဖို့ 13MP ကင်မရာ ၁လုံးကို တပ်ဆင်ပေးထားပါတယ်။

Battery & Weight & Operating System
ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ပါဝင်ပြီး အမြန်အားသွင်း စနစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အားရစရာပါ။ အလေးချိန်ကတော့ 181 grams ရှိပါတယ်။ Operating System အပိုင်းမှာ Android Oreo ကို ပြန်လည်ဆန်းသစ်ထားတဲ့ EMUI 9 နဲ့ ပွဲထွက်လာတာ ဖြစ်ပါတယ်။ Xiaomi ကလည်း MIUI 10 ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်၊ Redmi Note 5 ကလည်း ထွက်ထားတာ မကြာသေးဘူးဆိုတော့ MIUI 10 ကို မြှင့်တင် အသုံးပြုနိုင်မယ့် စာရင်းထဲမှာ ပါဝင်လာနိုင်ပါတယ်။

အနှစ်ချူပ်အနေနဲ့ ပြောရမယ် ဆိုရင် Redmi Note 5 ဟာ ငွေကျပ် ၂သိန်း ဝန်းကျင်သုံးရုံနဲ့ Resolution မြင့် FullView Display၊ Dual Camera နဲ့ Snapdragon 636 SoC တွေကို ပိုင်ဆိုင်နိုင်မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Xiaomi ရဲ့ Redmi Note 5 ကို ဒီတစ်ပတ် Budgeteers ကဏ္ဍအတွက် ရွေးချယ် ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

You may be interested

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္
NEWS
0 shares0 views

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္

Nigma - May 25, 2019

Uber နဲ႔ တကၠစီ အျပင္ ေရငုပ္သေဘၤာပါ ငွားႏိုင္ၿပီ ျဖစ္ပါတယ္။ အငွားယာဥ္ဝန္ေဆာင္မႈ ကုမၸဏီ Uber က ေရငုပ္သေဘၤာ ငွားစီးၿပီး၊ ေရေအာက္က မဟာသႏၲာေက်ာက္တန္း (Great Barrier Reef) ဆီ သြားေရာက္ၾကည့္ရႈႏိုင္တဲ့ ဝန္ေဆာင္မႈတခုကို စတင္လိုက္ပါတယ္။ 'scUber'…

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို

Nigma - May 25, 2019

အေမရိကန္အစိုးရက Huawei ကို ပိတ္ပင္လိုက္ၿပီးေနာက္မွာ တ႐ုတ္ႏိုင္ငံဘက္ကလည္း ျပန္လည္ တုံ႔ျပန္မႈေတြရွိႏိုင္တယ္လို႔ အမ်ားစုက ခန္႔မွန္းထားၾကပါတယ္။ တရားဝင္တုံ႔ျပန္မႈမ်ိဳး မရွိေသးေပမယ့္ တ႐ုတ္ျပည္တြင္းမွာေတာ့ အေမရိကန္အေျခစိုက္ Apple ကုမၸဏီကို သပိတ္ေမွာက္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဒီလိုအခ်ိန္မွာ Huawei တည္ေထာင္သူနဲ႔ CEO ျဖစ္သူ Ren…

၂၀၁၈/၂၀၁၉ ဘ႑ာႏွစ္မွာ စံခ်ိန္တင္ဝင္ေငြ ရရွိခဲ့ေၾကာင္း Lenovo ထုတ္ျပန္
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘ႑ာႏွစ္မွာ စံခ်ိန္တင္ဝင္ေငြ ရရွိခဲ့ေၾကာင္း Lenovo ထုတ္ျပန္

Nigma - May 25, 2019

တ႐ုတ္နည္းပညာကုမၸဏီတခုျဖစ္တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြက္ စီးပြားေရးရလဒ္ေတြကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ Lenovo အတြက္ ေမွ်ာ္မွန္းထားတာထက္ကို အေျခအေနေကာင္းတဲ့ ဘ႑ာေရးႏွစ္လို႔ ဆိုရမွာပါ။ Intelligent Transformation လို႔ အမည္ေပးထားတဲ့ စီးပြားေရးဗ်ဴဟာနဲ႔ လုပ္ငန္းလည္ပတ္မႈစြမ္းေဆာင္ရည္ ေကာင္းမြန္မႈတို႔ေၾကာင့္ ကုမၸဏီအေနနဲ႔ စံခ်ိန္တင္ဝင္ေငြ ရရွိခဲ့တာ…

Leave a Comment

Most from this category