501 Shares 160 Views

တန္ဖိုးသင့္ဖုန္းေတြမွာ high-end feature ေတြခံစားရေစမယ့္ Snapdragon 710 chipset မ်ား

May 25, 2018
501 160

Mid-range ဖုန္းေတြအတြက္ Snapdragon 600 စီးရီးေတြ…high-end ဖုန္းေတြအတြက္ SD 800 စီးရီးေတြထြက္ေနတဲ့အခ်ိန္ Qualcomm ရဲ႕ေနာက္အစီအစဥ္သစ္က ဘာမ်ားျဖစ္မလဲ??

ထင္တဲ့အတုိင္းပါပဲ။ တန္ဖုိးသင့္ဖုန္းေတြအတြက္ Qualcomm က Snapdragon 700 စီးရီးသစ္ကိုထုတ္လုပ္လိုက္ျပီျဖစ္လို႔ flagship ဖုန္းေတြမွာသာျမင္ေတြ႔ရတဲ့ high-end feature ေတြကို တန္ဖုိးသင့္ဖုန္းေတြမွာခံစားႏုိင္ေတာ့မွာပါ။

သူ႔ရဲ႕ SD 710 SoC ေတြကို 10nm process နဲ႔ဖန္တီးထုတ္လုပ္ထားျပီး AI engine ေရာ neural network processing ေတြပါ ပါဝင္လာတဲ့အတြက္ တန္ဖိုးၾကီး flagship ဖုန္းေတြမွာသံုးထားတဲ့ SoC ေတြရဲ႕ စြမ္းေဆာင္ရည္နဲ႔သိပ္ေတာင္မကြာေတာ့ပါဘူး။ mid-range ထဲက Snapdragon 660 chipset ေတြနဲ႔ယွဥ္လိုက္ရင္ ဒီ 700 series chip အသစ္ေတြက AI ပိုင္းမွာဆို ၂ဆေလာက္ေတာင္သာေနပါတယ္။

Task အၾကီးၾကီးေတြလုပ္ေဆာင္ႏုိင္ဖို႔အတြက္ စြမ္းရည္ျမင့္တဲ့ (Clock-speed 2.2GHz ရိွတဲ့) Kryo 360 [2 cores] နဲ႔ သာမန္ daily task ေတြလုပ္ေဆာင္ဖို႔အတြက္ clock-speed 1.7GHz ရိွတဲ့ Kryo 360 [6 cores] နဲ႔ဖြဲ႔စညး္ထားတဲ့ octa-core CPU သံုးထားပါတယ္။ GPU အတြက္ကေတာ့ Adreno 616 GPU ကိုသံုးထားတာပါ။

ARM Cortex နည္းပညာေပၚအေျခခံထားတဲ့ Kryo 360 ကေတာ့ စြမ္းေဆာင္ရည္မွာ ၂၀% ေတာင္ပိုျမင့္လာျပီး browse လုပ္တဲ့အခါမွာလည္း ၂၅% ေလာက္ပိုျမန္လာပါတယ္။ app ေတြကိုဖြင့္တဲ့အခ်ိန္ကလည္း ၁၅% ေလာက္ပိုျမန္လာျပီး AI အားသာတဲ့ chipset ျဖစ္တဲ့အတြက္ AI application ေတြမွာဆို ပိုျမန္ ပိုတိက်လာပါတယ္။

The new Snapdragon 710 mobile platform includes a multi-core AI engine

ဂိမ္းကစားတဲ့အခါနဲ႔ 4K HDR ဗီဒီယိုေတြဖြင့္တဲ့အခါမွာ ၄၀% ေလာက္ အားပိုေခြ်တာႏုိင္ျပီး ဗီဒီယိုေတြဆက္တုိက္ၾကည့္ရင္ေတာ့ ၂၀%ေလာက္အားကုန္သက္သာပါတယ္။ ဘက္ထရီမွာဆိုလည္း Quick Charge 4+ နဲ႔သာဆိုရင္ ၁၅မိနစ္ေလာက္အားသြင္းတာနဲ႔ ၅၀% ေလာက္ထိေတာင္ေရာက္ႏုိင္ပါတယ္။

The Snapdragon 710 mobile platform brings premium features to more affordable phones

Snapdragon X15 LTE Modem ကိုသံုးထားျပီး Cat 15 LTE (800Mbps) အျမန္ႏႈန္းကိုေထာက္ပံ့ေပးႏုိင္ပါတယ္။ 4×4 MIMO အပါအဝင္ ေနာက္ဆံုးေပၚ 4G LTE ခ်ိတ္ဆက္မႈေတြကို ျမွင့္ထားတာေၾကာင့္ လိုင္းဆြဲအားမေကာင္းတဲ့ေနရာေတြမွာေတာင္ ေဒါင္းလုပ္ဆြဲႏႈန္းက ၇၀% ေလာက္ပိုျမန္လာပါတယ္။

The new Snapdragon 710 Mobile Platform features the Snapdragon X15 LTE modem

ဒီ SoC အသစ္မွာပဲ Qualcomm Spectra 250 ISP အသစ္ေတြကိုသံုးထားတဲ့အတြက္ ပရိုဆန္တဲ့ဓာတ္ပံု ဗီဒီယိုေတြကိုရိုက္ကူးႏုိင္ပါတယ္။ low-light မွာျဖစ္တတ္တဲ့ noise ေတြကို ေလွ်ာ့ခ်ေပးႏုိင္တာ, autofocus ျမန္တာ၊ ပံုေတြကိုျငိမ္ေအာင္ထိန္းညိွေပးႏုိင္တာ၊ Zoom ဆြဲရအဆင္ေျပလာတာနဲ႔ ပိုေကာင္းတဲ့ bokeh effect ေတြရုိက္ကူးႏုိင္တဲ့အားသာခ်က္ေတြရိွပါတယ္။

ဒီေန႔ပဲ မုိဘုိင္းလ္စမတ္ဖုန္းထုတ္လုပ္သူေတြဆီ Qualcomm Snapdragon 710 SoC ေတြေရာက္ရိွလာခဲ့ျပီျဖစ္ျပီး မၾကာခင္မွာပဲ ဒီစြမ္းရည္ျမင့္ chipset ေတြကို တန္ဖိုးသင့္ဖုန္းေတြမွာ ျမင္ေတြ႔ရေတာ့မွာပါ။ ေစ်းအသင့္အတင့္ေပးျပီး high-end feature ေတြသံုးခ်င္ရင္ေတာ့ SD 710 chipset ေတြက အသင့္ေတာ္ဆံုးျဖစ္မယ္ထင္ပါတယ္။

Source: AndroidAuthority, PhoneArena

[Unicode]

Mid-range ဖုန်းတွေအတွက် Snapdragon 600 စီးရီးတွေ…high-end ဖုန်းတွေအတွက် SD 800 စီးရီးတွေထွက်နေတဲ့အချိန် Qualcomm ရဲ့နောက်အစီအစဉ်သစ်က ဘာများဖြစ်မလဲ??

ထင်တဲ့အတိုင်းပါပဲ။ တန်ဖိုးသင့်ဖုန်းတွေအတွက် Qualcomm က Snapdragon 700 စီးရီးသစ်ကိုထုတ်လုပ်လိုက်ပြီဖြစ်လို့ flagship ဖုန်းတွေမှာသာမြင်တွေ့ရတဲ့ high-end feature တွေကို တန်ဖိုးသင့်ဖုန်းတွေမှာခံစားနိုင်တော့မှာပါ။

သူ့ရဲ့ SD 710 SoC တွေကို 10nm process နဲ့ဖန်တီးထုတ်လုပ်ထားပြီး AI engine ရော neural network processing တွေပါ ပါဝင်လာတဲ့အတွက် တန်ဖိုးကြီး flagship ဖုန်းတွေမှာသုံးထားတဲ့ SoC တွေရဲ့ စွမ်းဆောင်ရည်နဲ့သိပ်တောင်မကွာတော့ပါဘူး။ mid-range ထဲက Snapdragon 660 chipset တွေနဲ့ယှဉ်လိုက်ရင် ဒီ 700 series chip အသစ်တွေက AI ပိုင်းမှာဆို ၂ဆလောက်တောင်သာနေပါတယ်။

Task အကြီးကြီးတွေလုပ်ဆောင်နိုင်ဖို့အတွက် စွမ်းရည်မြင့်တဲ့ (Clock-speed 2.2GHz ရှိတဲ့) Kryo 360 [2 cores] နဲ့ သာမန် daily task တွေလုပ်ဆောင်ဖို့အတွက် clock-speed 1.7GHz ရှိတဲ့ Kryo 360 [6 cores] နဲ့ဖွဲ့စည်းထားတဲ့ octa-core CPU သုံးထားပါတယ်။ GPU အတွက်ကတော့ Adreno 616 GPU ကိုသုံးထားတာပါ။

ARM Cortex နည်းပညာပေါ်အခြေခံထားတဲ့ Kryo 360 ကတော့ စွမ်းဆောင်ရည်မှာ ၂၀% တောင်ပိုမြင့်လာပြီး browse လုပ်တဲ့အခါမှာလည်း ၂၅% လောက်ပိုမြန်လာပါတယ်။ app တွေကိုဖွင့်တဲ့အချိန်ကလည်း ၁၅% လောက်ပိုမြန်လာပြီး AI အားသာတဲ့ chipset ဖြစ်တဲ့အတွက် AI application တွေမှာဆို ပိုမြန် ပိုတိကျလာပါတယ်။

The new Snapdragon 710 mobile platform includes a multi-core AI engine

ဂိမ်းကစားတဲ့အခါနဲ့ 4K HDR ဗီဒီယိုတွေဖွင့်တဲ့အခါမှာ ၄၀% လောက် အားပိုချွေတာနိုင်ပြီး ဗီဒီယိုတွေဆက်တိုက်ကြည့်ရင်တော့ ၂၀%ေလာက်အားကုန်သက်သာပါတယ်။ ဘက်ထရီမှာဆိုလည်း Quick Charge 4+ နဲ့သာဆိုရင် ၁၅မိနစ်လောက်အားသွင်းတာနဲ့ ၅၀% လောက်ထိတောင်ရောက်နိုင်ပါတယ်။

The Snapdragon 710 mobile platform brings premium features to more affordable phones

Snapdragon X15 LTE Modem ကိုသုံးထားပြီး Cat 15 LTE (800Mbps) အမြန်နှုန်းကိုထောက်ပံ့ပေးနိုင်ပါတယ်။ 4×4 MIMO အပါအဝင် နောက်ဆုံးပေါ် 4G LTE ချိတ်ဆက်မှုတွေကို မြှင့်ထားတာကြောင့် လိုင်းဆွဲအားမကောင်းတဲ့နေရာတွေမှာတောင် ဒေါင်းလုပ်ဆွဲနှုန်းက ၇၀% လောက်ပိုမြန်လာပါတယ်။

The new Snapdragon 710 Mobile Platform features the Snapdragon X15 LTE modem

ဒီ SoC အသစ်မှာပဲ Qualcomm Spectra 250 ISP အသစ်တွေကိုသုံးထားတဲ့အတွက် ပရိုဆန်တဲ့ဓာတ်ပုံ ဗီဒီယိုတွေကိုရိုက်ကူးနိုင်ပါတယ်။ low-light မှာဖြစ်တတ်တဲ့ noise တွေကို လျှော့ချပေးနိုင်တာ, autofocus မြန်တာ၊ ပုံတွေကိုငြိမ်အောင်ထိန်းညှိပေးနိုင်တာ၊ Zoom ဆွဲရအဆင်ပြေလာတာနဲ့ ပိုကောင်းတဲ့ bokeh effect တွေရိုက်ကူးနိုင်တဲ့အားသာချက်တွေရှိပါတယ်။

ဒီနေ့ပဲ မိုဘိုင်းလ်စမတ်ဖုန်းထုတ်လုပ်သူတွေဆီ Qualcomm Snapdragon 710 SoC တွေရောက်ရှိလာခဲ့ပြီဖြစ်ပြီး မကြာခင်မှာပဲ ဒီစွမ်းရည်မြင့် chipset တွေကို တန်ဖိုးသင့်ဖုန်းတွေမှာ မြင်တွေ့ရတော့မှာပါ။ ဈေးအသင့်အတင့်ပေးပြီး high-end feature တွေသုံးချင်ရင်တော့ SD 710 chipset တွေက အသင့်တော်ဆုံးဖြစ်မယ်ထင်ပါတယ်။

Source: AndroidAuthority, PhoneArena

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category