1198 Shares 2943 Views

OnePlus စမတ္ဖုန္းအားလံုးရဲ႕သမိုင္းေၾကာင္းကိုျပန္သြားတဲ့အခါ…

May 24, 2018
1198 2943

[Zawgyi]

ဒီႏွစ္ကုန္ရင္ေတာ့ OnePlus ကုမၸဏီတည္ေထာင္ခဲ့တာ ၅ႏွစ္ျပည့္ေတာ့မွာပါ။ ဒီ ၅ႏွစ္အတြင္းမွာထုတ္ခဲ့တဲ့ဖုန္းအေရအတြက္က စုစုေပါင္း ၈လံုးရိွခဲ့ျပီး OnePlus ရဲ႕ဗ်ဴဟာကလည္း Apple လိုပဲ တစ္ခုဆိုတစ္ခု ေကာင္းေကာင္းလုပ္ဖို႔ အေကာင္းဆံုးတစ္ခုခုထြက္လာဖို႔ပါပဲ။ OnePlus က သူ႔ရဲ႕ဖုန္းေတြကို upgrade လုပ္တဲ့ပံုစံကေတာ့ တစ္ႏွစ္ကို ဖုန္းအသစ္တစ္လံုးထုတ္ျပီး ႏွစ္ဝက္ၾကာတဲ့အခါမွာ အဲဒီဖုန္းကိုပဲ upgrade ဗားရွင္းအေနနဲ႔ထပ္ထုတ္တာမ်ိဳးပါ။ ဒီေတာ့ စတည္ေထာင္ကတည္းက ဒီေန႔အခ်ိန္ထိ ၅ႏွစ္အတြင္း OnePlus က ဘာဖုန္းေတြထုတ္လုပ္သြားလဲ ဘယ္လိုဖုန္းေတြလဲဆိုတာ တစ္ခ်က္ၾကည့္လုိက္ရေအာင္..

OnePlus One

OnePlus One ကို ၂၀၁၄ တုန္းကမိတ္ဆက္ခဲ့တာျဖစ္ျပီး အ့ဲဒီအခ်ိန္တုန္းက Google ရဲ႕ “pure Android” ကိုမရႏုိင္ခဲ့တဲ့အတြက္ နာမည္ၾကီး Android ROM ျဖစ္တဲ့ CyanogenMod OS ကိုသံုးျပီး ထုတ္လုပ္ခဲ့ပါတယ္။ OnePlus One ကိုေတာ့ “flagship killer” လုိ႔ေခၚၾကျပီး (အဲ့ဒီအခ်ိန္တုန္းက) ေဒၚလာ ၃၀၀ ေလာက္နဲ႔ 5.5” 1080p screen, စြမး္ရည္ျမင့္ Snapdragon 801 chipset ကိုသံုးထားတဲ့ဖုန္းကို ရဖုိ႔ဆိုတာ ေတာ္ေတာ္မလြယ္ခဲ့တဲ့အခ်ိန္ပါ။

$300 ဆိုတာ flagship ဖုန္းတစ္လံုးအတြက္ တန္လြန္းတဲ့ေစ်းလို႔ေျပာရမွာပါ။ အဲဒီအခ်ိန္တုန္းက OnePlus ကုမၸဏီတည္ေထာင္ခါစလည္းျဖစ္ သိပ္လည္းမၾကီးေသးတဲ့အခ်ိန္ျဖစ္တဲ့အတြက္ ထုတ္လုပ္မႈပမာဏလည္းနည္းျပီး ထုတ္သမွ်ကလည္းခ်က္ခ်င္းေရာင္းကုန္သြားခဲ့ပါတယ္။

အဲ့ဒီေနာက္ပိုင္းျပႆနာက Cyanogen Inc ေၾကာင့္ပါပဲ။ Cyanogen က သူ႔ရဲ႕ Cyanogen brand နဲ႔ဖုန္းေတြကို အာရွႏိုင္ငံေတြမွာေရာင္းခ်ဖို႔ OnePlus ရဲ႕ျပိဳင္ဖက္ျဖစ္တဲ့ microMax ကိုပဲေရာင္းခ်ခြင့္ေပးခဲ့တဲ့အတြက္ OnePlus အတြက္ အက်ပ္အတည္းၾကားေရာက္ခဲ့ရပါတယ္။ ဒါေပမယ့္ Google ကိုေက်ာ္တက္ဖုိ႔စဥ္းစားခဲ့တဲ့ Cyanogen လည္း ၾကာၾကာမခံခဲ့ဘဲ ေနာက္ပိုင္းေတာ့ OnePlus က Oxygen OS ကိုေျပာင္းသံုးခဲ့ပါတယ္။ သူ႔ကိုတရုတ္ႏုိင္ငံမွာေတာ့ Hydrogen OS လို႔ေျပာင္းေခၚထားပါတယ္။

OnePlus One စမတ္ဖုန္းေတြကုိေတာ့ အလံုးေရ ၁သန္းေက်ာ္ေလာက္ေရာင္းခဲ့ရျပီး အာရွမွာ ၄၀%၊ ဥေရာပမွာ ၃၀% နဲ႔ ေျမာက္အေမရိကမွာ ၂၀% ေလာက္ေရာင္းခဲ့ရပါတယ္။ Cyanogen OS ေၾကာင့္ သူ႔ထက္ေစ်း၂ဆၾကီးတဲ့ flagship ဖုန္းေတြထက္ ပိုေတာ့မျမန္ေပမယ့္ သူတို႔ထက္ေတာ့ လံုးဝမေႏွးခဲ့လို႔ ခုခ်ိန္ထိ အေကာင္းဆံုး OnePlus ဖုန္းတစ္လံုးအေနနဲ႔ သတ္မွတ္ထားၾကဆဲပါပဲ။

OnePlus 2

OnePlus One ျပီး ေနာက္တစ္ႏွစ္မွာေတာ့ OnePlus 2 ဖုန္းေတြကို ၾကိဳတင္မွာယူမႈစနစ္နဲ႔ေရာင္းခ်ခဲ့ျပန္ပါတယ္။ မိတ္ဆက္ျပီး ၃ရက္အတြင္းမွာပဲ ၾကိဳတင္မွာယူမႈေပါင္း ၁သန္းေက်ာ္ခဲ့ျပီး ၁ပတ္အတြင္း ၂သန္းေလာက္ထိေရာက္ေလာက္ေအာင္ကို ဝယ္လိုအားေတြအရမ္းမ်ားခဲ့ပါတယ္။ ေရာင္းဖို႔ booking အေရာင္းစဖြင့္ဖြင့္ခ်င္း ၁နာရီအတြင္းတင္ကို ဝယ္လိုအားမ်ားလြန္းလို႔ OnePlus ဆာဗာေတြေတာင္ မႏိုင္ေတာ့တဲ့အထိပါပဲ။

ဒီ OnePlus 2 ေတြမွာေတာ့ ကိုယ္ထည္ကုိ အလူမီနီယမ္- မက္ဂနီဆီယမ္သတၳဳစပ္နဲ႔ဖန္တီးထုတ္လုပ္ထားျပီး Kevlar, သစ္သားေတြနဲ႔အမ်ိဳးမ်ိဳးျပဳလုပ္ထားတဲ့ case မ်ိဳးစံုေတာင္ထြက္ခဲ့ပါေသးတယ္။ Snapdragon 810 chipset ေတြကိုသံုးထားျပီး အပူခ်ိန္ထိန္းႏုိင္ေအာင္ clock speed ေလွ်ာ့ခ်ထားတဲ့အားနည္းခ်က္တစ္ခုေတာ့ ရိွခဲ့ပါတယ္။ ဒါ့ျပင္ screen နဲ႔ပတ္သတ္ျပီးေတာ့လည္း touchscreen ေၾကာင္သြားတာတုိ႔ တျခားျပႆနာေတြလည္း ရိွခဲ့တဲ့ဖုန္းတစ္လံုးပါ။

ဒါေပမယ့္အားသာခ်က္တစ္ခုကေတာ့ 13MP main camera မွာ အခု OnePlus 6 ဖုန္းေတြမွာေတြ႔ရတဲ့ OIS (Optical Image Stabilization) feature ထည့္သြင္းေပးထားတာပါပဲ။

OnePlus X

OnePlus 2 နဲ႔တစ္ႏွစ္တည္းထြက္ခဲ့တဲ့ mini-phone ေလးကေတာ့ OnePlus X ေတြပါ။ အဆင္မေျပတာေတြမ်ားခဲ့တာေၾကာင့္ OnePlus X ဆိုတာမရိွခဲ့သလိုမ်ိဳးျဖစ္ေနတာပါ။ သူ႔မွာေတာ့ AMOLED screen နဲ႔ေက်ာဘက္ဖန္ကိုယ္ထည္ကိုသံုးထားပါတယ္။ အခုထြက္ခဲ့တဲ့ OnePlus 6 နဲ႔ေတာင္ ခပ္ဆင္ဆင္ပါပဲ။ OnePlus 2 ထက္ပိုေသးတဲ့ OnePlus X ကေတာ့ Snapdragon 801 ကိုသံုးထားျပီး ေစ်းႏႈန္းကို $250 ထိေလွ်ာ့ခ်ထားပါတယ္။ (OnePlus 2 ရဲ႕ေစ်းႏႈန္းက $330နဲ႔ေရာင္းခ်ေနတာပါ။)

သူ႔ကင္မရာမွာေတာ့ OIS မပါဝင္ေတာ့ပဲ fingerprint reader ကိုလည္းျဖဳတ္လိုက္တဲ့အျပင္ USB-C ေပါက္ေနရာမွာလညး္ microUSB ကုိပဲသံုးထားပါတယ္။ microSD ကဒ္ေပါက္ေတာ့ထည့္ေပးထားပါေသးတယ္။

ဒါေပမယ့္ သူ႔မွာအဓိက ျပႆနာက ေဆာ့ဖ္ဝဲလ္ပိုင္းပါ။ Android 5.1 Lollipop နဲ႔ထြက္ခဲ့ျပီး ေနာက္တစ္ႏွစ္မွာေတာ့ 6.0 Marshmallow ကိုျမွင့္လုိ႔ရခဲ့ေပမယ့္ အဲ့ေနာက္ပုိင္း update မေပးေတာ့တာပါပဲ။

OnePlus 3

OnePlus 3 မွာေတာ့ အရင္ဖုန္းေတြလို invite လုပ္ျပီးေရာင္းတာမဟုတ္ေတာ့ပါဘူး။ စြဲေဆာင္မႈရိွတဲ့သတၳဳကိုယ္ထည္ဒီဇုိင္းေၾကာင့္ လူၾကိဳက္မ်ားခဲ့ၾကျပီး Snapdragon 820 chipset, RAM 6GB ေတာင္ပါတဲ့ဖုန္းတစ္လုံုးပါ။ ဒါေပမယ့္ Oxygen OS အရင္ဗားရွင္းကိုသံုးထားတဲ့အတြက္ RAM မ်ားေပမယ့္ အျပည့္အဝမသံုးရသလိုပါပဲ။ ဒါေပမယ့္ သူ႔မွာသေဘာက်စရာအခ်က္ေတြက Oppo ရဲ႕ VOOC အားသြင္းနည္းပညာကို brand ျပန္ေျပာင္းထားတဲ့ Dash Charge အားသြင္းနည္းပညာပါဝင္လာတာပါ။ 20W ဆိုတာက ခုေခတ္ခုခ်ိန္မွာေတာင္ ဖုန္းတစ္လံုးကိုအျမန္ဆံုးအားသြင္းေပးႏုိင္တဲ့ပမာဏပါ။ သူ႔မွာလည္း Samsung ရဲ႕ AMOLED screen ေတြကိုေျပာင္းသံုးခဲ့တဲ့အတြက္ ဒီေခတ္နဲ႔ေတာ့အကိုက္ပါပဲ။

OnePlus 3T

OnePlus 3 ထြက္ျပီး ေနာက္နွစ္ဝက္အတြင္း (ႏုိဝင္ဘာလ)မွာပဲ OnePlus 3T ကိုမိတ္ဆက္လိုက္ျပန္ပါတယ္။ 3T မွာအရမး္ၾကီးအၾကီးအက်ယ္ေျပာင္းလဲလုိက္တဲ့ feature ဆိုတာေတာ့သိပ္မရိွခဲ့ပါဘူး။

သူ႔မွာေတာ့ Gunmetal နဲ႔ Soft Gold ဆိုျပီး အေရာင္သစ္ေတြပါလာျပီး chipset ကိုလည္း SD 821ေျပာင္းသံုးတဲ့အျပင္ ဆယ္လ္ဖီကင္မရာကလည္း 16MP ေတာင္ျဖစ္လာပါတယ္။ OnePlus 3 တုန္းကေတာ့ 64GB storage ပဲထုတ္ခဲ့ေပမယ့္ 3T မွာေတာ့ 128GB ဗားရွင္းပါ ပါဝင္လာပါျပီ။

Upgrade ဗားရွင္းအေနနဲ႔ထြက္လာတဲ့ ဒီ 3T ဖုန္းကေတာ့ OnePlus X တုန္းကထက္ ေဆာ့ဖ္ဝဲကို ပိုေထာက္ပံ့ေပးႏုိင္လာပါတယ။္ ထြက္တုန္းက Android 6.0 Marshmallow န႔ဲထြက္ခဲ့ျပီး ခုဆို Nougat, 8.0 Oreo ေတြထိေတာင္ update ျမွင့္လို႔ရႏုိင္ပါတယ္။

OnePlus 5

Body design ကေတာ့ တူတူပဲေပမယ့္ OnePlus 5 မွေျပာင္းသြားတာကေတာ့ ေက်ာဘက္ dual-camera ပါ။ main camera ကို 16MP Sony sensor သံုးထားျပီး ေနာက္တစ္လံုးကေတာ့ 20MP telephoto lens ကိုသံုးထားပါတယ္။ သူ႔မွာေတာ့ အရင္သံုးလံုးမွာသံုးခဲ့တ့ဲ OIS ကို ျပန္ျဖဳတ္လိုက္ပါတယ္။

RAM ပမာဏမ်ားတာက OnePlus ရဲ႕အားသာခ်က္ဆိုတဲ့အတုိင္း သူ႔မွာလည္း RAM ကို 8GB ထိသံုးထားပါတယ္။ 16:9 ratio ေခတ္ဆိုေတာ့ screen က အခုေခတ္ Full View ဖုန္းေတြလုိမဟုတ္ဘဲ 16:9 ratio နဲ႔ပါပဲ။

OnePlus 5T

၂၀၁၇ ႏွစ္ကုန္ပုိင္းေရာက္ေတာ့ ကုမၸဏီကေန OnePlus 5T ဆုိျပီးထုတ္လုိက္ျပန္ပါတယ္။ 5T ေတြက်ေတာ့ 18:9 ေခတ္ကိုေရာက္ျပီဆိုေတာ့ display ရွည္ရွည္နဲ႔ဒီဇုိင္းေလးေတြျဖစ္လာေပမယ့္ pixel density ကေတာ့ အတူတူပါပဲ။ fingerprint reader ကိုလည္း ေနာက္ဘက္ကိုပို႔လုိက္ျပီး Face Unlock လည္းပါဝင္လာပါတယ္။ Android မွာ ေဆာ့ဖ္ဝဲလ္ feature အေနနဲ႔ထည့္ရတာဆိုေတာ့ iPhone X ေလာက္ေတာ့ security အျပည့္အဝမေပးႏုိင္ပါဘူး။ 5 ကိုအဆင့္ျမွင့္ထားတယ္ဆိုေပမယ့္ ကင္မရာကေတာ့ 16MP+20MP ပဲဆက္သံုးထားပါတယ္။ ဒါေပမယ့္ ဒုတိယကင္မရာကေတာ့ main camera နဲ႔ View တူတူျဖစ္သြားျပီး bokeh effect ေတြအတြက္သံုးလို႔ရေပမယ့္ telephoto lens မဟုတ္တာေၾကာင့္ zoom အတြက္ေတာ့ အမိုက္စားမျဖစ္ႏုိင္ပါဘူး။ OnePlus 6 မွာလည္းတူတူပါပဲ dual-camera ေပမယ့္ secondary camera က ျမင္ကြင္းက်ယ္လဲမဟုတ္သလုိ telephoto lens လည္းမဟုတ္တာကေတာ့ စိတ္တုိင္းမက်စရာပါပဲ။

OnePlus 6

OnePlus 6 မွာေတာ့ display size က အရင္ 5T ရဲ႕ 6.01” (18:9 ratio) ထက္ကို ပိုရွည္ျပီး 6.28” 19:9 ျဖစ္သြားပါျပီ။ ထိပ္ဖက္မွာလည္း notch ပါလာတဲ့အတြက္ ဂ်ိဳမၾကိဳက္တဲ့သူေတြအတြက္ေတာ့ စိတ္ညစ္စရာတစ္ခ်က္ပါ။ ဒါေပမယ့္ notch ကိုေဖ်ာက္လုိ႔ရမယ့္ feature ထည့္ေပးထားတဲ့အတြက္ သိပ္ကိစၥမရိွပါဘူး။

Image result for OnePlus 6 and beyond

Main Sensor မွာေတာ့ OIS ျပန္ပါလာျပီး အလင္းနည္းတဲ့ low-light အေျခအေနေတြမွာ ရိုက္ရပိုေကာင္းလာပါျပီ။ 4K ဗီဒီယိုေတြကို 60fps နဲ႔ရိုက္ကူးႏုိင္ျပီျဖစ္လို႔ iPhone ေတြ Galaxy S9 ေတြနဲ႔ ေကာင္းေကာင္းယွဥ္လို႔ရႏုိင္ပါျပီ။ slow-mo ဗီဒီယိုေတြအတြက္ကေတာ့ 720p resolution ကို 480fps နဲ႔ရိုက္ကူးႏုိင္ျပီး storage ကေတာ့ 256GB ထိေပးထားပါတယ္။

6 မွာ တျခားထူးထူးျခားျခားၾကီး ေျပာင္းလဲပစ္လိုက္တာမ်ိဳးေတာ့မရိွပါဘူး။ ေရစိုခံႏုိင္မႈ IP rating ေတာ့ မရေပမယ့္ သာမန္ေရစိုတာေလာက္ကိုေတာ့ ခံႏုိင္ရည္ရိွတယ္လို႔ဆိုထားပါတယ္။ ဒီ 6 ေတြမွာေတာ့ ေက်ာဘက္ဖန္ကိုယ္ထည္ျဖစ္လာေပမယ့္ ၾကိဳးမဲ့အားသြင္းစနစ္မပါလာေသးပါဘူး။ OnePlus 6T ေတြက်မွပဲ ထည့္ေပးမယ္ထင္ပါတယ္။

ဒီဖုန္းေတြအကုန္လံုးက OnePlus စတည္ေထာင္လုိက္ပါျပီဆိုကတည္းက ခုခ်ိန္ထိထုတ္ခဲ့သမွ် အကုန္ပါပဲ။ ခုခ်ိန္ထိဆိုရင္ ၅ႏွစ္ေတာင္ရိွေနျပီျဖစ္ျပီး ေနာက္ ၅ႏွစ္ၾကာရင္ သူ႔ရဲ႕ဖုန္းေတြက ဘယ္လုိဘယ္ေလာက္ေတာင္ နာမည္ၾကီးေနရာယူႏုိင္မလဲဆိုတာ မွန္းဖို႔ေတာ့ခက္လြန္းပါတယ္။

Source: GsmArena, OnePlus

 

[Unicode]

ဒီနှစ်ကုန်ရင်တော့ OnePlus ကုမ္ပဏီတည်ထောင်ခဲ့တာ ၅နှစ်ြပည့်တော့မှာပါ။ ဒီ ၅နှစ်အတွင်းမှာထုတ်ခဲ့တဲ့ဖုန်းအရေအတွက်က စုစုပေါင်း ၈လုံးရှိခဲ့ပြီး OnePlus ရဲ့ဗျူဟာကလည်း Apple လိုပဲ တစ်ခုဆိုတစ်ခု ကောင်းကောင်းလုပ်ဖို့ အကောင်းဆုံးတစ်ခုခုထွက်လာဖို့ပါပဲ။ OnePlus က သူ့ရဲ့ဖုန်းတွေကို upgrade လုပ်တဲ့ပုံစံကတော့ တစ်နှစ်ကို ဖုန်းအသစ်တစ်လုံးထုတ်ပြီး နှစ်ဝက်ကြာတဲ့အခါမှာ အဲဒီဖုန်းကိုပဲ upgrade ဗားရှင်းအနေနဲ့ထပ်ထုတ်တာမျိုးပါ။ ဒီတော့ စတည်ထောင်ကတည်းက ဒီနေ့အချိန်ထိ ၅နှစ်အတွင်း OnePlus က ဘာဖုန်းတွေထုတ်လုပ်သွားလဲ ဘယ်လိုဖုန်းတွေလဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်..

OnePlus One

OnePlus One ကို ၂၀၁၄ တုန်းကမိတ်ဆက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက Google ရဲ့ “pure Android” ကိုမရနိုင်ခဲ့တဲ့အတွက် နာမည်ကြီး Android ROM ဖြစ်တဲ့ CyanogenMod OS ကိုသုံးပြီး ထုတ်လုပ်ခဲ့ပါတယ်။ OnePlus One ကိုတော့ “flagship killer” လို့ခေါ်ကြပြီး (အဲ့ဒီအချိန်တုန်းက) ဒေါ်လာ ၃၀၀ လောက်နဲ့ 5.5” 1080p screen, စွမ်းရည်မြင့် Snapdragon 801 chipset ကိုသုံးထားတဲ့ဖုန်းကို ရဖို့ဆိုတာ တော်တော်မလွယ်ခဲ့တဲ့အချိန်ပါ။

$300 ဆိုတာ flagship ဖုန်းတစ်လုံးအတွက် တန်လွန်းတဲ့ဈေးလို့ပြောရမှာပါ။ အဲဒီအချိန်တုန်းက OnePlus ကုမ္ပဏီတည်ထောင်ခါစလည်းဖြစ် သိပ်လည်းမကြီးသေးတဲ့အချိန်ဖြစ်တဲ့အတွက် ထုတ်လုပ်မှုပမာဏလည်းနည်းပြီး ထုတ်သမျှကလည်းချက်ချင်းရောင်းကုန်သွားခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းပြဿနာက Cyanogen Inc ကြောင့်ပါပဲ။ Cyanogen က သူ့ရဲ့ Cyanogen brand နဲ့ဖုန်းတွေကို အာရှနိုင်ငံတွေမှာရောင်းချဖို့ OnePlus ရဲ့ပြိုင်ဖက်ဖြစ်တဲ့ microMax ကိုပဲရောင်းချခွင့်ပေးခဲ့တဲ့အတွက် OnePlus အတွက် အကျပ်အတည်းကြားရောက်ခဲ့ရပါတယ်။ ဒါပေမယ့် Google ကိုကျော်တက်ဖို့စဉ်းစားခဲ့တဲ့ Cyanogen လည်း ကြာကြာမခံခဲ့ဘဲ နောက်ပိုင်းတော့ OnePlus က Oxygen OS ကိုပြောင်းသုံးခဲ့ပါတယ်။ သူ့ကိုတရုတ်နိုင်ငံမှာတော့ Hydrogen OS လို့ပြောင်းခေါ်ထားပါတယ်။

OnePlus One စမတ်ဖုန်းတွေကိုတော့ အလုံးရေ ၁သန်းေကျာ်လောက်ရောင်းခဲ့ရပြီး အာရှမှာ ၄၀%၊ ဥရောပမှာ ၃၀% နဲ့ မြောက်အမေရိကမှာ ၂၀% လောက်ရောင်းခဲ့ရပါတယ်။ Cyanogen OS ကြောင့် သူ့ထက်ဈေး၂ဆကြီးတဲ့ flagship ဖုန်းတွေထက် ပိုတော့မမြန်ပေမယ့် သူတို့ထက်တော့ လုံးဝမနှေးခဲ့လို့ ခုချိန်ထိ အကောင်းဆုံး OnePlus ဖုန်းတစ်လုံးအနေနဲ့ သတ်မှတ်ထားကြဆဲပါပဲ။

OnePlus 2

OnePlus One ပြီး နောက်တစ်နှစ်မှာတော့ OnePlus 2 ဖုန်းတွေကို ကြိုတင်မှာယူမှုစနစ်နဲ့ရောင်းချခဲ့ပြန်ပါတယ်။ မိတ်ဆက်ပြီး ၃ရက်အတွင်းမှာပဲ ကြိုတင်မှာယူမှုပေါင်း ၁သန်းကျော်ခဲ့ပြီး ၁ပတ်အတွင်း ၂သန်းလောက်ထိရောက်လောက်အောင်ကို ဝယ်လိုအားတွေအရမ်းများခဲ့ပါတယ်။ ရောင်းဖို့ booking အရောင်းစဖွင့်ဖွင့်ချင်း ၁နာရီအတွင်းတင်ကို ဝယ်လိုအားများလွန်းလို့ OnePlus ဆာဗာတွေတောင် မနိုင်တော့တဲ့အထိပါပဲ။

ဒီ OnePlus 2 တွေမှာတော့ ကိုယ်ထည်ကို အလူမီနီယမ်- မက်ဂနီဆီယမ်သတ္ထုစပ်နဲ့ဖန်တီးထုတ်လုပ်ထားပြီး Kevlar, သစ်သားတွေနဲ့အမျိုးမျိုးပြုလုပ်ထားတဲ့ case မျိုးစုံတောင်ထွက်ခဲ့ပါသေးတယ်။ Snapdragon 810 chipset တွေကိုသုံးထားပြီး အပူချိန်ထိန်းနိုင်အောင် clock speed လျှော့ချထားတဲ့အားနည်းချက်တစ်ခုတော့ ရှိခဲ့ပါတယ်။ ဒါ့ပြင် screen နဲ့ပတ်သတ်ပြီးတော့လည်း touchscreen ကြောင်သွားတာတို့ တခြားပြဿနာတွေလည်း ရှိခဲ့တဲ့ဖုန်းတစ်လုံးပါ။

ဒါပေမယ့်အားသာချက်တစ်ခုကတော့ 13MP main camera မှာ အခု OnePlus 6 ဖုန်းတွေမှာတွေ့ရတဲ့ OIS (Optical Image Stabilization) feature ထည့်သွင်းပေးထားတာပါပဲ။

OnePlus X

OnePlus 2 နဲ့တစ်နှစ်တည်းထွက်ခဲ့တဲ့ mini-phone လေးကတော့ OnePlus X တွေပါ။ အဆင်မပြေတာတွေများခဲ့တာကြောင့် OnePlus X ဆိုတာမရှိခဲ့သလိုမျိုးဖြစ်နေတာပါ။ သူ့မှာတော့ AMOLED screen နဲ့ကျောဘက်ဖန်ကိုယ်ထည်ကိုသုံးထားပါတယ်။ အခုထွက်ခဲ့တဲ့ OnePlus 6 နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ OnePlus 2 ထက်ပိုသေးတဲ့ OnePlus X ကတော့ Snapdragon 801 ကိုသုံးထားပြီး ဈေးနှုန်းကို $250 ထိလျှော့ချထားပါတယ်။ (OnePlus 2 ရဲ့ဈေးနှုန်းက $330နဲ့ရောင်းချနေတာပါ။)

သူ့ကင်မရာမှာတော့ OIS မပါဝင်တော့ပဲ fingerprint reader ကိုလည်းဖြုတ်လိုက်တဲ့အပြင် USB-C ပေါက်နေရာမှာလည်း microUSB ကိုပဲသုံးထားပါတယ်။ microSD ကဒ်ပေါက်တော့ထည့်ပေးထားပါသေးတယ်။

ဒါပေမယ့် သူ့မှာအဓိက ပြဿနာက ဆော့ဖ်ဝဲလ်ပိုင်းပါ။ Android 5.1 Lollipop နဲ့ထွက်ခဲ့ပြီး နောက်တစ်နှစ်မှာတော့ 6.0 Marshmallow ကိုမြှင့်လို့ရခဲ့ပေမယ့် အဲ့နောက်ပိုင်း update မပေးတော့တာပါပဲ။

OnePlus 3

OnePlus 3 မှာတော့ အရင်ဖုန်းတွေလို invite လုပ်ပြီးရောင်းတာမဟုတ်တော့ပါဘူး။ စွဲဆောင်မှုရှိတဲ့သတ္ထုကိုယ်ထည်ဒီဇိုင်းကြောင့် လူကြိုက်များခဲ့ကြပြီး Snapdragon 820 chipset, RAM 6GB တောင်ပါတဲ့ဖုန်းတစ်လုံးပါ။ ဒါပေမယ့် Oxygen OS အရင်ဗားရှင်းကိုသုံးထားတဲ့အတွက် RAM များပေမယ့် အပြည့်အဝမသုံးရသလိုပါပဲ။ ဒါပေမယ့် သူ့မှာသဘောကျစရာအချက်တွေက Oppo ရဲ့ VOOC အားသွင်းနည်းပညာကို brand ပြန်ပြောင်းထားတဲ့ Dash Charge အားသွင်းနည်းပညာပါဝင်လာတာပါ။ 20W ဆိုတာက ခုခေတ်ခုချိန်မှာတောင် ဖုန်းတစ်လုံးကိုအမြန်ဆုံးအားသွင်းပေးနိုင်တဲ့ပမာဏပါ။ သူ့မှာလည်း Samsung ရဲ့ AMOLED screen တွေကိုပြောင်းသုံးခဲ့တဲ့အတွက် ဒီခေတ်နဲ့တော့အကိုက်ပါပဲ။

OnePlus 3T

OnePlus 3 ထွက်ပြီး နောက်နှစ်ဝက်အတွင်း (နိုဝင်ဘာလ)မှာပဲ OnePlus 3T ကိုမိတ်ဆက်လိုက်ပြန်ပါတယ်။ 3T မှာအရမ်းကြီးအကြီးအကျယ်ပြောင်းလဲလိုက်တဲ့ feature ဆိုတာတော့သိပ်မရှိခဲ့ပါဘူး။

သူ့မှာတော့ Gunmetal နဲ့ Soft Gold ဆိုပြီး အရောင်သစ်တွေပါလာပြီး chipset ကိုလည်း SD 821ေြပာင်းသုံးတဲ့အပြင် ဆယ်လ်ဖီကင်မရာကလည်း 16MP ေတာင်ဖြစ်လာပါတယ်။ OnePlus 3 တုန်းကတော့ 64GB storage ပဲထုတ်ခဲ့ပေမယ့် 3T မှာတော့ 128GB ဗားရှင်းပါ ပါဝင်လာပါပြီ။

Upgrade ဗားရှင်းအနေနဲ့ထွက်လာတဲ့ ဒီ 3T ဖုန်းကတော့ OnePlus X တုန်းကထက် ဆော့ဖ်ဝဲကို ပိုထောက်ပံ့ပေးနိုင်လာပါတယ။် ထွက်တုန်းက Android 6.0 Marshmallow နဲ့ထွက်ခဲ့ပြီး ခုဆို Nougat, 8.0 Oreo တွေထိတောင် update မြှင့်လို့ရနိုင်ပါတယ်။

OnePlus 5

Body design ကတော့ တူတူပဲပေမယ့် OnePlus 5 မှပြောင်းသွားတာကတော့ ကျောဘက် dual-camera ပါ။ main camera ကို 16MP Sony sensor သုံးထားပြီး နောက်တစ်လုံးကတော့ 20MP telephoto lens ကိုသုံးထားပါတယ်။ သူ့မှာတော့ အရင်သုံးလုံးမှာသုံးခဲ့တဲ့ OIS ကို ပြန်ဖြုတ်လိုက်ပါတယ်။

RAM ပမာဏများတာက OnePlus ရဲ့အားသာချက်ဆိုတဲ့အတိုင်း သူ့မှာလည်း RAM ကို 8GB ထိသုံးထားပါတယ်။ 16:9 ratio ခေတ်ဆိုတော့ screen က အခုခေတ် Full View ဖုန်းတွေလိုမဟုတ်ဘဲ 16:9 ratio နဲ့ပါပဲ။

OnePlus 5T

၂၀၁၇ နှစ်ကုန်ပိုင်းရောက်တော့ ကုမ္ပဏီကနေ OnePlus 5T ဆိုပြီးထုတ်လိုက်ပြန်ပါတယ်။ 5T တွေကျတော့ 18:9 ခေတ်ကိုရောက်ပြီဆိုတော့ display ရှည်ရှည်နဲ့ဒီဇိုင်းလေးတွေဖြစ်လာပေမယ့် pixel density ကတော့ အတူတူပါပဲ။ fingerprint reader ကိုလည်း နောက်ဘက်ကိုပို့လိုက်ပြီး Face Unlock လည်းပါဝင်လာပါတယ်။ Android မှာ ဆော့ဖ်ဝဲလ် feature အနေနဲ့ထည့်ရတာဆိုတော့ iPhone X လောက်တော့ security အပြည့်အဝမပေးနိုင်ပါဘူး။ 5 ကိုအဆင့်မြှင့်ထားတယ်ဆိုပေမယ့် ကင်မရာကတော့ 16MP+20MP ပဲဆက်သုံးထားပါတယ်။ ဒါပေမယ့် ဒုတိယကင်မရာကတော့ main camera နဲ့ View တူတူဖြစ်သွားပြီး bokeh effect တွေအတွက်သုံးလို့ရပေမယ့် telephoto lens မဟုတ်တာကြောင့် zoom အတွက်တော့ အမိုက်စားမဖြစ်နိုင်ပါဘူး။ OnePlus 6 မှာလည်းတူတူပါပဲ dual-camera ပေမယ့် secondary camera က မြင်ကွင်းကျယ်လဲမဟုတ်သလို telephoto lens လည်းမဟုတ်တာကတော့ စိတ်တိုင်းမကျစရာပါပဲ။

OnePlus 6

OnePlus 6 မှာတော့ display size က အရင် 5T ရဲ့ 6.01” (18:9 ratio) ထက်ကို ပိုရှည်ပြီး 6.28” 19:9 ဖြစ်သွားပါပြီ။ ထိပ်ဖက်မှာလည်း notch ပါလာတဲ့အတွက် ဂျိုမကြိုက်တဲ့သူတွေအတွက်တော့ စိတ်ညစ်စရာတစ်ချက်ပါ။ ဒါပေမယ့် notch ကိုဖျောက်လို့ရမယ့် feature ထည့်ပေးထားတဲ့အတွက် သိပ်ကိစ္စမရှိပါဘူး။

Image result for OnePlus 6 and beyond

Main Sensor မှာတော့ OIS ပြန်ပါလာပြီး အလင်းနည်းတဲ့ low-light အခြေအနေတွေမှာ ရိုက်ရပိုကောင်းလာပါပြီ။ 4K ဗီဒီယိုတွေကို 60fps နဲ့ရိုက်ကူးနိုင်ပြီဖြစ်လို့ iPhone တွေ Galaxy S9 တွေနဲ့ ကောင်းကောင်းယှဉ်လို့ရနိုင်ပါပြီ။ slow-mo ဗီဒီယိုတွေအတွက်ကတော့ 720p resolution ကို 480fps နဲ့ရိုက်ကူးနိုင်ပြီး storage ကတော့ 256GB ထိပေးထားပါတယ်။

6 မှာ တခြားထူးထူးခြားခြားကြီး ပြောင်းလဲပစ်လိုက်တာမျိုးတော့မရှိပါဘူး။ ရေစိုခံနိုင်မှု IP rating တော့ မရပေမယ့် သာမန်ရေစိုတာလောက်ကိုတော့ ခံနိုင်ရည်ရှိတယ်လို့ဆိုထားပါတယ်။ ဒီ 6 တွေမှာတော့ ကျောဘက်ဖန်ကိုယ်ထည်ဖြစ်လာပေမယ့် ကြိုးမဲ့အားသွင်းစနစ်မပါလာသေးပါဘူး။ OnePlus 6T တွေကျမှပဲ ထည့်ပေးမယ်ထင်ပါတယ်။

ဒီဖုန်းတွေအကုန်လုံးက OnePlus စတည်ထောင်လိုက်ပါပြီဆိုကတည်းက ခုချိန်ထိထုတ်ခဲ့သမျှ အကုန်ပါပဲ။ ခုချိန်ထိဆိုရင် ၅နှစ်တောင်ရှိနေပြီဖြစ်ပြီး နောက် ၅နှစ်ကြာရင် သူ့ရဲ့ဖုန်းတွေက ဘယ်လိုဘယ်လောက်တောင် နာမည်ကြီးနေရာယူနိုင်မလဲဆိုတာ မှန်းဖို့တော့ခက်လွန်းပါတယ်။

Source: GsmArena, OnePlus

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category