342 Shares 55 Views

Apple က ေမာင္းသူမဲ့ ၀န္ထမ္း ႀကိဳ၊ ပို႔ ကားမ်ားကို ဖန္တီးေန

May 24, 2018
342 55

Apple ဟာ ေမာင္းသူမဲ့ ၀န္ထမ္း ႀကိဳ၊ ပို႔ ကားမ်ားကို ဖန္တီးဖို႔အတြက္ BMW , Mercedes တို႔နဲ႔ ေဆြးေႏြးခဲ့ေပမယ့္ အဆင္မေျပခဲ့ဘူးလို႔ သိရပါတယ္။ အခုေတာ့ ကုမၸဏီက Volkswagen နဲ႔ ပူးေပါင္းေနတယ္လို႔ The Wall Street Journal က ေရးသားထားပါတယ္။ Apple က သူ႔ရံုးမွာ လက္ရွိသံုးေနတဲ့ T6 Transporeter Vans မ်ားမွာ ေမာင္းသူမဲ့ နည္းပညာ ထည့္သြင္းမွာပါ။

ယခင္ႏွစ္ ဇူလိုင္လက Apple ဟာ ေမာင္းသူမဲ့ ေဆာ့ဖ္၀ဲနဲ႔ Sensors မ်ားကို စမ္းသပ္ဖို႔ အေမရိကန္ အငွားယာဥ္ ကုမၸဏီ Hertz ထံကေန Lexus Sport-Utility Vehicles ကားအနည္းငယ္ကို ငွားရမ္းထားတယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။

၂၀၁၁ ခုႏွစ္မွာ ေသဆံုးသြားခဲ့တဲ့ Apple ရဲ႕ ပူးတြဲတည္ေထာင္သူ Steve Jobs က ကားမ်ားမွာ ကုမၸဏီရဲ႕ ေဆာ့ဖ္၀ဲနဲ႔ ဟာ့ဒ္၀ဲမ်ားကို အသံုးျပဳႏုိင္ေအာင္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ကတည္းက တီထြင္ေနခဲ့တာလို႔ သတင္းမ်ားက ဆိုၾကပါတယ္။ ယခင္ႏွစ္ ဇြန္လလယ္မွာ Apple ရဲ႕ စီအီးအုိ Tim Cook က ဥာဏ္ရည္တု နည္းပညာ အတြက္ စီမံကိန္းနဲ႔ ေမာင္းသူမဲ့ ကားမ်ားအတြက္ ေဆာ့ဖ္၀ဲကို ကုမၸဏီက အာရံုစိုက္ေနတယ္လို႔ ေၾကညာခဲ့ပါတယ္။

ခြဲျခမ္းစိတ္ျဖာသူမ်ားက သြားခ်င္တဲ့ အခ်ိန္မွာ ေမာင္းသူမဲ့ ကားမ်ားကို စမတ္ဖုန္းကေန အလြယ္တကူ ေခၚဆိုႏုိင္တဲ့ နည္းပညာဟာ အလြန္ႀကီးမားတဲ့ ေစ်းကြက္ႀကီး ျဖစ္လာမယ္လို႔ တြက္ခ်က္ထားၾကပါတယ္။ Apple ဟာ ေမာင္းသူမဲ့ ကားမ်ားကို စမ္းသပ္ဖို႔ ကယ္လီဖိုးနီးယား ေမာ္ေတာ္ယာဥ္ အာဏာပိုင္မ်ားထံကေန ခြင့္ျပဳခ်က္ကိုလည္း ယခင္ႏွစ္ကတည္းက ရရွိခဲ့ပါတယ္။ ကုမၸဏီရဲ႕ အေဆာက္အဦး အနီးမွာ ေမာင္းသူမဲ့ Lexus ကို စမ္းသပ္ေနတဲ့ ဓါတ္ပံုမ်ားလည္း ထြက္ရွိခဲ့ပါတယ္။

Apple ဟာ တရုတ္ Ride-Sharing Company ျဖစ္တဲ့ Didi မွာလည္း ေငြေၾကးမ်ား ရင္းႏွီးျမွပ္ႏွံထားပါတယ္။ Apple ဟာ ေမာင္းသူမဲ့ တကၠစီမ်ားကို တီထြင္ေနတဲ့ Uber ကို ယွဥ္ၿပိဳင္ခ်င္ေနတယ္လို႔လည္း ယခင္က သတင္းထြက္ခဲ့ဖူးပါတယ္။

Ref : theverge

unicode

Apple က မောင်းသူမဲ့ ဝန်ထမ်း ကြို၊ ပို့ ကားများကို ဖန်တီးနေ

Apple ဟာ မောင်းသူမဲ့ ဝန်ထမ်း ကြို၊ ပို့ ကားများကို ဖန်တီးဖို့အတွက် BMW , Mercedes တို့နဲ့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။ အခုတော့ ကုမ္ပဏီက Volkswagen နဲ့ ပူးပေါင်းနေတယ်လို့ The Wall Street Journal က ရေးသားထားပါတယ်။ Apple က သူ့ရုံးမှာ လက်ရှိသုံးနေတဲ့ T6 Transporeter Vans များမှာ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းမှာပါ။

ယခင်နှစ် ဇူလိုင်လက Apple ဟာ မောင်းသူမဲ့ ဆော့ဖ်ဝဲနဲ့ Sensors များကို စမ်းသပ်ဖို့ အမေရိကန် အငှားယာဉ် ကုမ္ပဏီ Hertz ထံကနေ Lexus Sport-Utility Vehicles ကားအနည်းငယ်ကို ငှားရမ်းထားတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

၂၀၁၁ ခုနှစ်မှာ သေဆုံးသွားခဲ့တဲ့ Apple ရဲ့ ပူးတွဲတည်ထောင်သူ Steve Jobs က ကားများမှာ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲများကို အသုံးပြုနိုင်အောင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက တီထွင်နေခဲ့တာလို့ သတင်းများက ဆိုကြပါတယ်။ ဇွန်လလယ်မှာ Apple ရဲ့ စီအီးအို Tim Cook က ဉာဏ်ရည်တု နည်းပညာ အတွက် စီမံကိန်းနဲ့ မောင်းသူမဲ့ ကားများအတွက် ဆော့ဖ်ဝဲကို ကုမ္ပဏီက အာရုံစိုက်နေတယ်လို့ ကြေညာခဲ့ပါတယ်။

ခွဲခြမ်းစိတ်ဖြာသူများက သွားချင်တဲ့ အချိန်မှာ မောင်းသူမဲ့ ကားများကို စမတ်ဖုန်းကနေ အလွယ်တကူ ခေါ်ဆိုနိုင်တဲ့ နည်းပညာဟာ အလွန်ကြီးမားတဲ့ ဈေးကွက်ကြီး ဖြစ်လာမယ်လို့ တွက်ချက်ထားကြပါတယ်။ Apple ဟာ မောင်းသူမဲ့ ကားများကို စမ်းသပ်ဖို့ ကယ်လီဖိုးနီးယား မော်တော်ယာဉ် အာဏာပိုင်များထံကနေ ခွင့်ပြုချက်ကို မကြာခင်က ရရှိခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အဆောက်အဦး အနီးမှာ မောင်းသူမဲ့ Lexus ကို စမ်းသပ်နေတဲ့ ဓါတ်ပုံများလည်း ထွက်ရှိခဲ့ပါတယ်။

Apple ဟာ တရုတ် Ride-Sharing Company ဖြစ်တဲ့ Didi မှာလည်း ငွေကြေးများ ရင်းနှီးမြှပ်နှံထားပါတယ်။ Apple ဟာ မောင်းသူမဲ့ တက္ကစီများကို တီထွင်နေတဲ့ Uber ကို ယှဉ်ပြိုင်ချင်နေတယ်လို့လည်း ယခင်က သတင်းထွက်ခဲ့ဖူးပါတယ်။

Ref : theverge

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category