2143 Shares 352 Views

MIUI 10 နဲ႔ ပြဲထြက္လာမယ့္ Mi 8 ကို ေမလ ၃၁ရက္ေန႔မွာ ျမင္ေတြ႕ရမည္

May 24, 2018
2143 352

[Zawgyi]

Xiaomi အေနနဲ႔ Mi ရဲ႕ ၈ႏွစ္ျပည့္ ေၾကးရတု စမတ္ဖုန္းကို ဒီလ ၃၁ရက္ေန႔မွာ မိတ္ဆက္ေပးမွာ ျဖစ္ပါတယ္။ ၄င္း မိတ္ဆက္ပြဲမွာ Mi 8 နဲ႔အတူ MIUI 10 (MI User Interface) ကိုပါ ျမင္ေတြ႕ရမွာပါ။ MIUI 10 ဟာ Artificial Intelligence (AI) နဲ႔ Machine Learning နည္းပညာေတြကို ဦးစားေပးၿပီး ဖန္တီးထားတဲ့ Version ျဖစ္ပါတယ္။

MIUI 10 နဲ႔ ပတ္သတ္ၿပီး Teaser ဓာတ္ပုံ တစ္ပုံကို Weibo ရွိ MIUI ရဲ႕ တရားဝင္ အေကာင့္မွာ လႊင့္တင္ခဲ့တာ ျဖစ္ပါတယ္။Teaser ဓာတ္ပုံမွာ MIUI 10 က “လွ်ပ္စီးထက္ ပိုျမန္တယ္” ဆိုတဲ့ သေဘာတရားနဲ႔ Xiaomi က ႂကြားလုံးထုတ္ထားပါတယ္။ ဒါ့ေၾကာင့္ MIUI ရဲ႕ Version အသစ္မွာ Performance အပိုင္းအတြက္ အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ထားမယ္လို႔ ခန္႔မွန္းရပါတယ္။ MIUI 10 ကို အသုံးျပဳႏိုင္မယ့္ စမတ္ဖုန္းေတြကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ MIUI 10 ဟာ Android 5.0 Lollipop ကိုအေျခခံၿပီး တည္ေဆာက္ထားတဲ့ Hardware ေတြကို ေထာက္ပံ့ေပးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

MIUI 10 မွာ Settings App ကို အဆင္ျမႇင့္တင္မႈမ်ား ျပဳလုပ္ထားႏိုင္ၿပီး Themes အသစ္မ်ားလည္း ပါဝင္လာႏိုင္ပါတယ္။ Battery-saving Feature အသစ္မ်ားကိုလည္း ထည့္သြင္းထားႏိုင္ပါတယ္။ ဒါ့အျပင္ Google Assistant, Siri နဲ႔ Bixby တို႔လိုမ်ိဴး Xiao Ai Assistant ကိုလည္း ကမာၻအႏွံ႔အျပားမွာ အသုံးျပဳႏိုင္မယ္လို႔ ခန္႔မွန္းရပါတယ္။

Mi 8 နဲ႔ ပတ္သတ္ၿပီး လတ္တေလာ ထြက္ရွိေနတဲ့ သတင္းမ်ားအရ Mi 8 ရဲ႕ Processor အပိုင္းအတြက္ Snapdragon 845 SoC အသုံးျပဳႏိုင္ပါတယ္။ RAM အေနနဲ႔ 8GB ပါဝင္ႏိုင္ၿပီး Onboard Storage ကေတာ့ 256GB ထည့္သြင္းထားႏိုင္ပါတယ္။ Security အပိုင္းမွာ 3D Facial Recognition ပါဝင္လာႏိုင္သလို Under Display Fingerprint Sensor လည္း ပါဝင္လာႏိုင္ပါတယ္။ Operating System အပိုင္းမွာေတာ့ ေျပာင္းလဲမႈမ်ား ျပဳလုပ္ထားတဲ့ MIUI 10 နဲ႔ ပြဲထြက္လာမွာ ျဖစ္ပါတယ္။

Mi 8 နဲ႔ MIUI 10 တို႔ကို တရားဝင္ မိတ္ဆက္တဲ့ အခါက်ရင္ Specification အျပည့္အစုံနဲ႔ Features မ်ားကို ထပ္မံ ေရးသား တင္ဆက္ေပးပါ့မယ္။ MIUI 10 သို႔ ျမႇင့္တင္ အသုံးျပဳႏိုင္မယ့္ စမတ္ဖုန္း စာရင္းကို ေၾကျငာတဲ့ အခါက်ရင္လည္း Mi ခ်စ္ပရိတ္သတ္ႀကီးကို အျမန္ဆုံး အသိေပးပါ့မယ္ ခင္ဗ်ာ။

Ref: gadgets.ndtv

[Unicode]

MIUI 10 နဲ့ ပွဲထွက်လာမယ့် Mi 8 ကို မေလ ၃၁ရက်နေ့မှာ မြင်တွေ့ရမည်

Xiaomi အနေနဲ့ Mi ရဲ့ ၈နှစ်ပြည့် ကြေးရတု စမတ်ဖုန်းကို ဒီလ ၃၁ရက်နေ့မှာ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ၄င်း မိတ်ဆက်ပွဲမှာ Mi 8 နဲ့အတူ MIUI 10 (MI User Interface) ကိုပါ မြင်တွေ့ရမှာပါ။ MIUI 10 ဟာ Artificial Intelligence (AI) နဲ့ Machine Learning နည်းပညာတွေကို ဦးစားပေးပြီး ဖန်တီးထားတဲ့ Version ဖြစ်ပါတယ်။

MIUI 10 နဲ့ ပတ်သတ်ပြီး Teaser ဓာတ်ပုံ တစ်ပုံကို Weibo ရှိ MIUI ရဲ့ တရားဝင် အကောင့်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။Teaser ဓာတ်ပုံမှာ MIUI 10 က “လျှပ်စီးထက် ပိုမြန်တယ်” ဆိုတဲ့ သဘောတရားနဲ့ Xiaomi က ကြွားလုံးထုတ်ထားပါတယ်။ ဒါ့ကြောင့် MIUI ရဲ့ Version အသစ်မှာ Performance အပိုင်းအတွက် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားမယ်လို့ ခန့်မှန်းရပါတယ်။ MIUI 10 ကို အသုံးပြုနိုင်မယ့် စမတ်ဖုန်းတွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် MIUI 10 ဟာ Android 5.0 Lollipop ကိုအခြေခံပြီး တည်ဆောက်ထားတဲ့ Hardware တွေကို ထောက်ပံ့ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

MIUI 10 မှာ Settings App ကို အဆင်မြှင့်တင်မှုများ ပြုလုပ်ထားနိုင်ပြီး Themes အသစ်များလည်း ပါဝင်လာနိုင်ပါတယ်။ Battery-saving Feature အသစ်များကိုလည်း ထည့်သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် Google Assistant, Siri နဲ့ Bixby တို့လိုမျိူး Xiao Ai Assistant ကိုလည်း ကမ္ဘာအနှံ့အပြားမှာ အသုံးပြုနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Mi 8 နဲ့ ပတ်သတ်ပြီး လတ်တလော ထွက်ရှိနေတဲ့ သတင်းများအရ Mi 8 ရဲ့ Processor အပိုင်းအတွက် Snapdragon 845 SoC အသုံးပြုနိုင်ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်နိုင်ပြီး Onboard Storage ကတော့ 256GB ထည့်သွင်းထားနိုင်ပါတယ်။ Security အပိုင်းမှာ 3D Facial Recognition ပါဝင်လာနိုင်သလို Under Display Fingerprint Sensor လည်း ပါဝင်လာနိုင်ပါတယ်။ Operating System အပိုင်းမှာတော့ ပြောင်းလဲမှုများ ပြုလုပ်ထားတဲ့ MIUI 10 နဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

Mi 8 နဲ့ MIUI 10 တို့ကို တရားဝင် မိတ်ဆက်တဲ့ အခါကျရင် Specification အပြည့်အစုံနဲ့ Features များကို ထပ်မံ ရေးသား တင်ဆက်ပေးပါ့မယ်။ MIUI 10 သို့ မြှင့်တင် အသုံးပြုနိုင်မယ့် စမတ်ဖုန်း စာရင်းကို ကြေငြာတဲ့ အခါကျရင်လည်း Mi ချစ်ပရိတ်သတ်များကို အမြန်ဆုံး အသိပေးပါ့မယ် ခင်ဗျာ။

Ref: gadgets.ndtv

You may be interested

Instagram ရဲ႕ founders မ်ား ရာထူးမွ ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ႕ founders မ်ား ရာထူးမွ ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာ

Creepy Tyler - Sep 25, 2018

နာမည္ၾကီးလူမႈကြန္ရက္ Instagram ကို စတင္ခဲ့တဲ့ Kevin Systrom နဲ႔ Mike Krieger တို႔ကေတာ့ သူတို႔အေနနဲ႔ ရာထူးေနရာေတြကေန ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာသြားခဲ့ပါတယ္။ မိခင္ကုမၸဏီျဖစ္တဲ့ Facebook နဲ႔ အတူ အလုပ္တြဲလုပ္ေနတဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ CEO နဲ႔ CTO…

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
47 shares14 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
314 shares98 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

Leave a Comment

Most from this category