0 Shares 120 Views


May 24, 2018
0 120




Ref : gsmarena

unicode

ကင်မရာ လေးလုံး , HDR10 Display , Snapdragon 845 များပါတဲ့ HTC U12+

HTC က စွမ်းဆောင်ရည်မြင့် U12+ စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ ၆ လက်မ Super LCD6 Display တပ်ဆင်ထားပြီး HDR10 , DCI-P3 တို့ကို ထောက်ပံ့ပါတယ်။ မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပြီး အရည်အသွေးမှာ 1440x2280p ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၃၇ ဖြစ်ပါတယ်။ IP68 ရေစိုခံစွမ်းရည်လည်း ပါပါတယ်။ စွမ်းရည်မြင့် Snapdragon 845 ထည့်သွင်းထားပါတယ်။ သူ့ရဲ့ ကိုယ်ထည်ဟာ ဖိအားကို သိရှိပြီး အလုပ်များ လုပ်ပေးနိုင်တဲ့ Edge Sense လုပ်ဆောင်ချက်လည်း ပါပါတယ်။

အနောက်ဘက်မှာ 12MP UltraPixel Sensor နဲ့ 16MP Camera များ ထည့်သွင်းထားပြီး 2x Optical Zoom ကို ထောက်ပံ့ပါတယ်။ ပင်မ 12MP Camera မှာ OIS, PDAF, Laser Autofocus များ ပါပါတယ်။ 4K Video များကို 60fps နဲ့ Full HD Video များကို 240fps ဖြင့် ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်မှာလည်း 8MP Camera နှစ်လုံးတောင် ထည့်သွင်းထားပါတယ်။

6GB RAM ထည့်သွင်းထားပြီး 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot လည်းပါပါတယ်။ Android 8.0 Oreo ပါပြီး Android P ကို အဆင့်မြှင့်နိုင်မှာပါ။ ကြိုးမဲ့အားသွင်း စနစ်တော့ မပါပါဘူး။ 3500mAh Battery ပါပါတယ်။ အရည်အသွေးမြင့် စပီကာများထည့်ပေးထားပါတယ်။ ဥရောပမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး 64GB ကို ၇၉၉ ဒေါ်လာနဲ့ 128GB ကို ၈၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Ceramic Black မှာတော့ 64GB သာပါပြီး ၇၉၉ ဒေါ်လာဖြင့် ရောင်းချမှာပါ။

Ref : gsmarena

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category