379 Shares 85 Views

Vivo က World Cup အတြက္ Blue V9 Limited Edition ကို ေရာင္းခ်

May 24, 2018
379 85

တရုတ္ စမတ္ဖုန္း ထုတ္လုပ္သူ Vivo က လာမယ့္ ကမာၻ႕ဖလား ေဘာလံုးၿပိဳင္ပြဲ ႏွစ္ခုအတြက္ Sponsor ေပးခြင့္ကို ရရွိထားပါတယ္။ လာမယ့္လမွာေတာ့ ရုရွားမွာ ၂၀၁၈ ကမာၻ႕ဖလားၿပိဳင္ပြဲကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ Vivo က ေဘဂ်င္းၿမိဳ႕ရဲ႕ Forest Park မွာ “ My Time, My FIFA World Cup “ လို႔ အမည္ရတဲ့ Campaign ကို က်င္းပခဲ့ပါတယ္။ ပြဲမွာ Vivo Super Fan Photographer Program နဲ႔ Vivo Super Time Project မ်ားကို ျပဳလုပ္ခဲ့သလို Vivo V9 ရဲ႕ ကမာၻ႕ဖလားအတြက္ အထူးထုတ္ ေမာ္ဒယ္ကိုလည္း ျပသခဲ့ပါတယ္။

စမတ္ဖုန္းရဲ႕ အမည္မွာ Vivo V9 2018 FIFA World Cup Russia ျဖစ္ၿပီး အျပာေရာင္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အတြင္းပိုင္း အစိတ္အပိုင္းမ်ားကေတာ့ မူလ V9 နဲ႔ တူညီပါတယ္။ Android Oreo အေျချပဳ Funtouch OS နဲ႔ Snapdragon 626 ထည့္သြင္းထားပါတယ္။ အထူးထုတ္ေမာ္ဒယ္မွာ ကမာၻ႕ဖလား ၿပိဳင္ပြဲ၀င္ ေဘာလံုး အသင္းမ်ားထဲမွ သင္ႏွစ္သက္တဲ့ အသင္းကို Follow လုပ္ၿပီး သတင္းအခ်က္အလက္မ်ားကို သိႏုိင္မယ့္ App မ်ား ထည့္သြင္းေပးထားပါတယ္။ သင့္ အသင္းရဲ႕ Wallpaper မ်ား ၊ Theme မ်ားကိုလည္း အသံုးျပဳႏုိင္ပါတယ္။

Beijing Forest Park မွာ အဲဒီ စမတ္ဖုန္းမ်ားကို ေရာင္းခ်ေပးခဲ့သလို ေဘာလံုး ၀ါသနာရွင္မ်ားအတြက္လည္း ဂိမ္းမ်ားကို ျပဳလုပ္ေပးခဲ့ပါတယ္။ Super Fan Photographer Program ကို ဘရာဇီး နာမည္ေက်ာ္ ေဘာလံုးသမားနဲ႔ ကမာၻ႕ဖလားကို ရယူေပးခဲ့သူ Bebeto က ဦးေဆာင္ က်င္းပခဲ့ပါတယ္။

Ref : gsmarena

unicode

Vivo က World Cup အတွက် Blue V9 Limited Edition ကို ရောင်းချ

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Vivo က လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ နှစ်ခုအတွက် Sponsor ပေးခွင့်ကို ရရှိထားပါတယ်။ လာမယ့်လမှာတော့ ရုရှားမှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ အခုတော့ Vivo က ဘေဂျင်းမြို့ရဲ့ Forest Park မှာ “ My Time, My FIFA World Cup “ လို့ အမည်ရတဲ့ Campaign ကို ကျင်းပခဲ့ပါတယ်။ ပွဲမှာ Vivo Super Fan Photographer Program နဲ့ Vivo Super Time Project များကို ပြုလုပ်ခဲ့သလို Vivo V9 ရဲ့ ကမ္ဘာ့ဖလားအတွက် အထူးထုတ် မော်ဒယ်ကိုလည်း ပြသခဲ့ပါတယ်။

စမတ်ဖုန်းရဲ့ အမည်မှာ Vivo V9 2018 FIFA World Cup Russia ဖြစ်ပြီး အပြာရောင် ဖြစ်ပါတယ်။ သူ့ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းများကတော့ မူလ V9 နဲ့ တူညီပါတယ်။ Android Oreo အခြေပြု Funtouch OS နဲ့ Snapdragon 626 ထည့်သွင်းထားပါတယ်။ အထူးထုတ်မော်ဒယ်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘောလုံး အသင်းများထဲမှ သင်နှစ်သက်တဲ့ အသင်းကို Follow လုပ်ပြီး သတင်းအချက်အလက်များကို သိနိုင်မယ့် App များ ထည့်သွင်းပေးထားပါတယ်။ သင့် အသင်းရဲ့ Wallpaper များ ၊ Theme များကိုလည်း အသုံးပြုနိုင်ပါတယ်။

Beijing Forest Park မှာ အဲဒီ စမတ်ဖုန်းများကို ရောင်းချပေးခဲ့သလို ဘောလုံး ဝါသနာရှင်များအတွက်လည်း ဂိမ်းများကို ပြုလုပ်ပေးခဲ့ပါတယ်။ Super Fan Photographer Program ကို ဘရာဇီး နာမည်ကျော် ဘောလုံးသမားနဲ့ ကမ္ဘာ့ဖလားကို ရယူပေးခဲ့သူ Bebeto က ဦးဆောင် ကျင်းပခဲ့ပါတယ်။

Ref : gsmarena

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
296 shares383 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category