0 Shares 39 Views

သုံးဆယ့်ခြောက်နာရီအတွင်းဒေါ်လာဆယ်ဘီလျံဖိုးရောင်းခဲ့ရတဲ့ Tesla ရဲ့လျပ်စစ်ကား Model 3

Tesla ကားကုမ္ပဏီကထုတ်လုပ်တဲ့ Model 3 လျှပ်စစ်ဆီဒင်ကားဟာ ယခုအခါမှာ အမှာစာပေါင်း ၂၇၆ ၀၀၀ အထိလက်ခံရရှိခဲ့တယ်လို့ CEO ဖြစ်သူ Elon Musk ကပြောကြားခဲ့ပါတယ်။ ဒီကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီအနေနဲ့ ခုံငါးခုံပါဝင်တဲ့ဒီကားကို ကုန်ကျစရိတ်အသက်သာဆုံး ဖြစ်အောင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ Musk ကအမှာစာတွေကို စနေနေ့ညပိုင်းအထိ လက်ခံနေကြောင်း Twitter မှာဖော်ပြခဲ့ပါတယ်။

ကြိုတင်အမှာစာတွေဟာ Model 3 ကိုရောင်းချတော့မယ်လို့ဆိုလိုတာမဟုတ်ပဲ ပထမဆုံးတင်ပို့မှုကို လာမယ့် ၂၀၁၇ခုနှစ်မှ ပြုလုပ်မှာဖြစ်ပါတယ်။ ယူကေ၊ အိုင်ယာလန်၊ ဘရာဇီးလ်၊ အိန္ဒိယ၊ တရုတ် နဲ့ နယူးဇီလန်အပါအဝင် နိုင်ငံပေါင်း တစ်ဒါဇင်ကနေ Model 3 အတွက်အမှာစာတွေကို လက်ခံခဲ့တာပါ။ Model 3 အတွက်အမှာစာတွေမှာယူထားတဲ့ အကြိုယာဉ်ပိုင်ရှင်တွေဟာ Deposit အနေနဲ့ ဒေါ်လာတစ်ထောင်ကို သူတို့ပစ္စည်းအတွက် တင်ထားရမှာဖြစ်ပါတယ်။

Musk ကပဲ “ထုတ်ကုန်တွေထုတ်လုပ်ဖို့အတွက် အစီအစဉ်တွေကို ပြန်လည်စဉ်းစားဖို့လိုပါတယ်”လို့ဆိုပါတယ်။ Musk အနေနဲ့ တစ်နှစ်အတွင်းမှာ ကားပေါင်း ငါးသိန်းခန့်ထုတ်လုပ်ဖို့ မျှော်မှန်းနေတာလည်း ဖြစ်ပါတယ်။ Model 3 အတွက်ဈေးနှုန်းတွေကို ဒေါ်လာ ၃၅ ၀၀၀ ကနေစတင်ဖို့အတွက် သတ်မှတ်ထားပြီး တစ်ခါအားသွင်းရင် အနည်းဆုံး ၂၁၅မိုင်(၃၄၆ကီလို) သွားနိုင်မှာဖြစ်ပါတယ်။

Tesla ကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ်ကလျှပ်စစ်ကား အစီးရေ ၅၀၅၈၀ စီးကိုထုတ်လုပ်ခဲ့တာဖြစ်ပြီး အများစုက Model S ဆလွန်းကားတွေဖြစ်ပါတယ်။ ဒါဟာဆိုရင် လျှပ်စစ်စွမ်းအင်သုံးကားတွေထဲမှာ Nissan ရဲ့ Leaf ပြီးရင် အရောင်းရဆုံးကားဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရင်းမြစ်တွေက ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်မှာ ကုမ္ပဏီအနေနဲ့ ဒေါ်လာ ၈၈၉သန်း အရှုံးပေါ်ခဲ့ပြီး အများစုဖြစ်တဲ့ ဒေါ်လာ ၇၁၈သန်းဟာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာအသုံးချခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအပြင် Tesla ဟာ အရန်ငွေကြေးပမာဏကို ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁.၂ဘီလျံသာထားရှိနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကထားရှိခဲ့တဲ့ ဒေါ်လာ၁.၉ဘီလျံကနေ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ လျှပ်စစ်ကားဈေးကွက်မှာ General Motor ရဲ့ Chevy Bolt နဲ့ BYD ရဲ့ Qin EV300 လိုမျိုးပြိုင်ဘက်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Ref: BBC

You may be interested

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ
NEWS, Tech Update
173 shares27 views

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

Amzon က လေဆိပ်များ ၊ ဈေးဝယ်စင်တာများလို အများပြည်သူ နေရာများမှာ လူများရဲ့ နောက်သို့ လိုက်ပါ၍ ဖုန်းအားသွင်းပေးမယ့် စက်ရုပ် Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်များမှာ အားသွင်းပေါက်များနဲ့ အားသွင်းကြိုးများကို တပ်ဆင်ပေးထားပါတယ်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်သူများနဲ့ လေဆိပ်မှာ…

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ
NEWS, Softwares & Application, Tech Update
93 shares15 views

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

ကမ္ဘာကျော် ဈေးဝယ်စင်တာ တစ်ခု ဖြစ်တဲ့ Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ အခြား စိတ်မနှစ်မြို့ဖွယ်ရာ မျက်နှာ အမူအယာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စမတ် ကင်မရာ နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီ နည်းပညာကို ငွေရှင်းတဲ့ ကောင်တာများအနီးမှာ တပ်ဆင်ထားတဲ့…

Facebook က Modular Smartphone ကို တီထွင်နေသလား ?
Mobiles & Tablets, NEWS
459 shares247 views

Facebook က Modular Smartphone ကို တီထွင်နေသလား ?

Ko Thuya - Jul 22, 2017

ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider…

Leave a Comment

Most from this category