227 Shares 75 Views
May 23, 2018
227 75
[Zawgyi]
Processor
Cores: Octa (8)
CPU Bit: 64-bit
Memory And Storage
Max Memory Size: 4GB; 6GB
Storage Type: eMMC 5.1
Connectivity
Wi-Fi: a/b/g/n/ac
Bluetooth Version: 5.0
FM Radio: Yes
Graphics
Video Encoding: H.264
Camera
Camera ISP: 21MP, 13+8MP
[Unicode]
တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek
MediaTek Helio P22 SoC ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Helio P22 SoC ဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ System-on-chip (SoC) ဖြစ်ပါတယ်။ ၄င်း SoC မှာ ARM Cortex-A53 Processing Units ပါရှိပြီး Dual Camera Setup များ တပ်ဆင်နိုင်မှာ ဖြစ်သလို Artificial Intelligence (AI) နည်းပညာလည်း ပါဝင်မှာပါ။ ဒါ့အပြင် SIM ၂ကဒ် စလုံးက 4G LTE ကွန်ယက်စနစ် ထောက်ပံ့နိုင်ပြီး မြန်နှုန်းမြင့် အင်တာနက်အတွက် 802.11ac ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
MediaTek Helio P22 ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ဒီနှစ် Second Quarter ( April 1 to June 30) လောက်မှာ မြင်တွေ့နိုင်ဖွယ် ရှိပါတယ်။ MediaTek အနေနဲ့ ဒီနှစ် အစောပိုင်းတုန်းက ကျင်းပခဲ့တဲ့ MWC 2018 မှာ တန်ဖိုးသင့် (Mid-range) စမတ်ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Helio P60 ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ Oppo F7 ဟာ Helio P60 SoC ကို အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အခု Helio P22 ကတော့ တန်ဖိုးနည်း (Budget) စမတ်ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ SoC ဖြစ်ပါတယ်။
Helio P22 ဟာ Clock Speed 2.0GHz ရှိတဲ့ Octa-core ARM Cortex-A53 Processsor အမျိူးအစား ဖြစ်ပါတယ်။ Helio P22 မှာ Helio P60 မှာလိုမျိူး AI-focus APU (AI Processing Unit) တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါ့ပေမယ့်လည်း AI နဲ့ ပတ်သတ်တဲ့ Face Unlock နဲ့ Bokeh Mode တို့လို အဆင့်မြင့် Features တွေကိုတော့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ MediaTek က ပြောကြားထားပါတယ်။ ကင်မရာ စွမ်းဆောင်ရည် အပိုင်းမှာတော့ 13-Megapixel အထိ ရှိတဲ့ ကင်မရာ ၁လုံးနဲ့ 8-Megapixel အထိ ရှိတဲ့ ကင်မရာ ၁လုံး တို့ကို တွဲလျက် တပ်ဆင်နိုင်ပြီး Frame Rate 30 FPS (frames per second) ထိ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ Dual Camera မဟုတ်ဘဲ Single Camera အသုံးပြုမည် ဆိုပါက 21-Megapixel အထိ တပ်ဆင်နိုင်ပြီး Bokeh Mode ပါဝင်မှာ ဖြစ်ပါတယ်။
ယနေ့ခေတ် တန်ဖိုးနည်း စမတ်ဖုန်း တော်တော်များများက 18:9 Aspect Ratio Display တွေနဲ့ စမတ်ဖုန်း စျေးကွက်ကို ထိုးဖောက်နေကြတာပါ။ MediaTek P22 SoC က 720 x 1600 pixels အထိ ပါဝင်တဲ့ 20:9 Aspect Ratio Display တွေကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ Connectivity အပိုင်းမှာတော့ Bluetooth 5.0, 4G Dual SIM နဲ့ Four-satellite Global Navigation Satellite System (GNSS) တို့ကို ထောက်ပံ့ပေးနိုင်မှာပါ။
Processor
CPU Type(s): ARM Cortex-A53
Max CPU Frequency: 2.0GHz
Cores: Octa (8)
CPU Bit: 64-bit
Memory And Storage
Memory Type: LPDDR3, LPDDR4x
Memory Frequency: 933MHz; 1600MHz
Max Memory Size: 4GB; 6GB
Storage Type: eMMC 5.1
Connectivity
Cellular Technologies: Carrier Aggregation (CA), CDMA2000 1x/EVDO Rev. A (SRLTE), FDD / TDD LTE, HSPA +
Specific Functions: TAS 2.0, HUPE, IMS (VoLTE\ViLTE\WoWi-Fi), eMBMS, Dual 4G VoLTE (DSDS), Band 71
LTE Category: Cat-4, Cat-7 DL / Cat-13 UL
GNSS: Beidou, Galileo, Glonass, GPS
Wi-Fi: a/b/g/n/ac
Bluetooth Version: 5.0
FM Radio: Yes
Graphics
GPU Type: IMG PowerVR GE8320
Max GPU Frequency: 650MHz
Max Display Resolution: 1600 x 720
Video Encoding: H.264
Video Encoding FPS: 1080P @ 30 fps
Video Playback: H.264, H.265 / HEVC
Video Playback FPS: 1080P @ 30 fps
Mediatek Technologies
CorePilot, Imagiq, MiraVision, NeuroPilot, Pump Express, Tiny Sensor Hub
Camera
Camera ISP: 21MP, 13+8MP
Capture FPS: 21MP@30fps; 13MP+8MP@30fps
Camera Features: AI Face ID (Face Unlock), AI Smart Photo Album, Single-Cam/Dual-Cam Bokeh; Hardware Warping Engine (EIS); Rolling Shutter Compensation (RSC) engine; MEMA 3DNR; Multi-Frame Noise reduction;
Ref: MediaTek, gadgets.ndtv
You may be interested
10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views
10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Ko Thuya - Jan 18, 2019
ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…
Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views
Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Ko Thuya - Jan 18, 2019
Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…
ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views
ဘာသာစကား သင်ကြားပေးမယ့် Drops
Ko Thuya - Jan 17, 2019
Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…
Leave a Comment
Most from this category