949 Shares 388 Views


May 23, 2018
949 388


iOS 12



iPhone SE 2


watchOS 5


Mac Pro


MacBooks နဲ့ Mac Mini



iPad Pro 2018


Ref : techradar

unicode

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ

Apple က ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် WWDC 2018 ပွဲအတွက် ဖိတ်စာများကို ဝေငှလိုက်ပါပြီ။ အဲဒီပွဲမှာ iOS 12 , macOS 11.14 တို့ကို ကြေညာမှာ သေချာပါတယ်။ ဒါ့အပြင် အခြား ဝန်ဆောင်မှုများနဲ့ ထုတ်ကုန်များကိုလည်း မိတ်ဆက်နိုင်တယ်လို့ သတင်းများထွက်နေပါတယ်။

iOS 12

iPhone နဲ့ iPad များအတွက် iOS 12 အသစ်မှာ Home Screen ဒီဇိုင်းကို ဆန်းသစ်ထားနိုင်ပါတယ်။ Mail , Camera , Photos တို့လို အဓိက Apps များကိုလည်း အဆင့်မြှင့်ထားနိုင်ပါတယ်။ ဒါပေမယ့် ဗားရှင်းအသစ်မှာ စွမ်းရည် အသစ်များထက် ဆော့ဖ်ဝဲ တည်ငြိမ်ဖို့ကို အဓိက ဖန်တီးထားမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါဟာ iOS 11 မှာ ဆော့ဖ်ဝဲ ပြဿနာများစွာ ဖြစ်ခဲ့လို့ပါ။

ဒါပေမယ့်လည်း iOS 12 မှာ စွမ်းရည်အသစ်အချို့ ပါလာ နိုင်ပါတယ်။ စွမ်းရည်အသစ်များကို AR နဲ့ Health App များမှာ ထည့်သွင်းထားမှာပါ။ Parental Controls မှာလည်း စွမ်းရည် အသစ်များ ထည့်ပေးထားနိုင်ပါတယ်။ iOS 12 မှာ Animoji များကို နေရာများစွာမှာ သုံးလာနိုင်ပါတယ်။ Chronological Notification များကိုလည်း Grouped Notification များဖြင့် အစားထိုးထားနိုင်ပါတယ်။ Phone Settings အစား Camera App ထဲမှာပဲ ကင်မရာ Settings များကို ပြောင်းလဲလာနိုင်ဖို့ ပြုလုပ်ထားနိုင်ပါတယ်။

iPhone SE 2

Apple ဟာ WWDC မှာ စမတ်ဖုန်း အသစ်များကို မိတ်ဆက်လေ့ မရှိပါဘူး။ ဒီနှစ်ပွဲမှာတော့ iPhone SE ရဲ့ မျိုးဆက်သစ်ကို မြင်တွေ့ရနိုင်တယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ ၅.၅ လက်မ အရွယ် အိုင်ဖုန်းရဲ့ သတင်း အချက်အလက်များဟာလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။

watchOS 5

watchOS 5 မှာ သူ့ရဲ့ စမတ်နာရီများအတွက် အိပ်စက်မှုကို တိုင်းတာတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားနိုင်ပါတယ်။ စမတ်နာရီရဲ့ Control Center မှာလည်း Customizations များကို ပိုမို မြင်လာရနိုင်ပါတယ်။ ဒါ့အပြင် Watch Faces အသစ်များလည်း ပါလာနိုင်ပါတယ်။ Apple Watch 4 မှာ Always-on-Display လုပ်ဆောင်ချက်ကို ထောက်ပံ့မယ့် ဆော့ဖ်ဝဲ ပါလာနိုင်ပါတယ်။

Mac Pro

ပွဲမှာ Mac Pro အသစ်ကိုလည်း တွေ့မြင်ရနိုင်ပါတယ်။ Apple က “ iMac Pro အသစ် အပြင် ကုမ္ပဏီဟာ ဒီဇိုင်း ဆန်းသစ်ထားတဲ့ Mac Pro အသစ်ကိုလည်း ဖန်တီးနေပါတယ်။ Mac Pro အသစ်ဟာ စွမ်းရည်အမြင့်ဆုံးဆိုတာကို နှစ်သက်တဲ့ လူများအတွက်ပါ။ Modular Design ကို ပံ့ပိုးပေးထားပြီး စွမ်းရည်မြင့် မျက်နှာပြင် ပါလာမှာပါ။ “ လို့ မကြာခင်က ပြောခဲ့ဖူးပါတယ်။

MacBooks နဲ့ Mac Mini

Apple ဟာ သူ့ရဲ့ လက်ပ်တော့များအတွက် မော်ဒယ်အသစ်များကို ဖန်တီးပေးနေတဲ့အတွက် ဒီပွဲမှာ MacBooks နဲ့ Mac Mini အသစ်များကို မြင်တွေ့ရနိုင်ပါတယ်။ MacBooks ကိုတော့ အနည်းငယ်သာ အဆင့်မြှင့်ထားနိုင်ပြီး RAM နဲ့ အတွင်းပိုင်း အစိတ်အပိုင်း အချို့ကို အဆင့်မြှင့်ထားမှာပါ။ Mac Pro အသစ်မှာ ပါမယ့် ပရောက်ဆက်ဆာ အသစ်များလည်း ထည့်ထားနိုင်ပါတယ်။ MacBook အသစ်မှာ iOS App များကို macOS မှာ သုံးနိုင်မယ့် ထောက်ပံ့မှု ပါလာနိုင်ပါတယ်။ MacBook Air အသစ်ကိုတောင် မြင်ရနိုင်ပါတယ်။

Mac Mini အသစ်များကိုလည်း ပွဲမှာ ကြေညာနိုင်ပါတယ်။ Apple က Mac Mini အသစ်များကို မကြေညာတာ သုံးနှစ်တောင် ရှိပါပြီ။ Apple ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Phil Schiller က Mac Mini ဟာ ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်တစ်ခု ဖြစ်တယ်လို့ ယခင်နှစ်က ပြောဖူးပါတယ်။

iPad Pro 2018

ဒီနှစ်ပွဲမှာ iPad Pro 3 သတင်းကိုလည်း ကြားရနိုင်ပါတယ်။ iPad Pro 3 လို့ အမည်ပေးထားမှာ မသေချာသေးပေမယ့် ထွက်ပေါ်နေတဲ့ သတင်းများအရ သူ့မှာ ၁၂.၉ လက်မနဲ့ ၁၀.၅ လက်မ မော်ဒယ်များ ထုတ်လုပ်ပေးထားနိုင်ပါတယ်။ iPhone X ရဲ့ Face ID , TrueDepth Camera နဲ့ ဘောင်ပျောက် ဒီဇိုင်းများ ပါလာနိုင်ပါတယ်။ လက်ပ်တော့ တစ်လုံးလို စွမ်းရည်မြင့်မားစွာ သုံးနိုင်အောင် ဖန်တီးထားမှာပါ။

Ref : techradar

You may be interested

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
0 shares0 views

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10

Ko Thuya - Dec 13, 2018

စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
81 shares27 views

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
494 shares119 views

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…

Leave a Comment

Most from this category