807 Shares 156 Views

တစ္ကမာၻလံုးကိုျမန္ႏႈန္းျမင့္အင္တာနက္ေပးစြမ္းမယ့္ အင္တာနက္ျဂိဳလ္တုေတြအေၾကာင္း

May 23, 2018
807 156

[Zawgyi]

အင္တာနက္ဆိုတာအေရးပါလာတဲ့ဒီေခတ္မွာ ေနာက္ထပ္ေရြးခ်ယ္စရာတစ္ခုတိုးလာျပန္ပါျပီ။ သူကေတာ့ ျဂိဳလ္တုကေန တစ္ကမာၻလံုးကုိ အင္တာနက္ထုတ္လႊတ္ေပးႏုိင္မယ့္ အင္တာနက္ျဂိဳလ္တုေတြပါ။

ဒါေပမယ့္ သူ႔ရဲ႕ျဖစ္ႏုိင္တဲ့အားနည္းခ်က္ကေတာ့ ရာသီဥတုဆိုးဝါးတဲ့အခ်ိန္မွာ Fiber ေတြ cable ေတြထက္ ပိုၾကန္႔ၾကာႏုိင္ေခ်မ်ားတဲ့အျပင္ attack လုပ္ခံရရင္လည္း ပိုဆိုးက်ိဳးမ်ားေစမယ့္ကြန္ယက္တစ္ခုလို႔ေျပာလို႔ရပါတယ။္ ဒီျပႆနာေတြသာေျဖရွင္းျပီးရင္ေတာ့ ကမာၻ႔ေနရာအႏွံ႔အျပားကို အျမန္ဆံုးႏႈန္းနဲ႔အင္တာနက္ဝန္ေဆာင္မႈေပးမယ့္ ဒီျဂိဳလ္တုေတြက နံပါတ္၁ျဖစ္လာႏုိင္ပါတယ္။

လက္ရိွ ဒီအင္တာနက္ျဂိဳလ္တုအတြက္ ပေရာဂ်က္ေတြအမ်ားၾကီးရိွေနတဲ့ထဲမွာ SpaceX ရဲ႕ Starlink ကလည္း တစ္ခုအပါအဝင္ပါပဲ။ ၂၀၁၈ ေဖေဖာ္ဝါရီတုန္းကပဲ Starlink ျဂိဳလ္တု၂လံုးကို ပထမဆံုးလႊတ္တင္ခဲ့ျပီးျဖစ္လို႔ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ ျဂိဳလ္တုအင္တာနက္ေတြစတင္ရလာႏုိင္ေခ်ရိွပါတယ္။ ၂၀၂၄ ခုႏွစ္ကိုေရာက္ရင္ေတာ့ တစ္ကမာၻလံုးကိုအင္တာနက္ခ်ိတ္ဆက္မႈေပးႏုိင္ေတာ့မယ့္ ကြန္ယက္တစ္ခုျဖစ္လာႏိုင္မယ္ထင္ပါတယ္။

အင္တာနက္ျဂိဳလ္တုေတြ ဘယ္လိုအလုပ္လုပ္သလဲ?

starlink-connected-earth

အင္တာနက္ျဂိဳလ္တုေတြက လက္ရိွကမာၻကိုပတ္ေနတဲ့ျဂိဳလ္တုေတြလိုပဲ သူ႔လမ္းေၾကာင္းေပၚမွာ သူပတ္ေနမွာပါ။ GPS ကိုသံုးတဲ့အခါ ျဂိဳလ္တုကေန တည္ေနရာအခ်က္အလက္ေတြေပးပို႔သလုိမ်ိဳး ဒီအင္တာနက္ျဂိဳလ္တုေတြကလည္း ကမာၻကိုလွမ္းျပီးအင္တာနက္ဝန္ေဆာင္မႈေပးပို႔ေနမွာပါ။

လက္ရိွ Starlink ကေတာ့ အင္တာနက္ျဂိဳလ္တုေပါင္း ၈၀၀ ကေန ၁၂၀၀၀ ေလာက္ထိ တည္ေဆာက္လႊတ္တင္သြားဖို႔စီစဥ္ထားပါတယ္။ ဒီပမာဏက လက္ရိွပတ္ေနတဲ့ဲ ျဂိဳလ္တုအေရအတြက္ရဲ႕၂ဆေလာက္ေတာင္ရိွေနတဲ့အတြက္ ကမာၻ႔အျပင္ဘက္ ပတ္ပတ္လည္မွာေတာ့ ျမန္ႏႈန္းျမင့္အင္တာနက္ဝန္ေဆာင္မႈေပးႏုိင္တဲ့ျဂိဳလ္တုေပါင္းမ်ားစြာ ဝန္းရံေနေတာ့မွာပါ။

ဒီေနရာမွာ ဘာလို႔ဒီေလာက္အေရအတြက္အမ်ားၾကီးလႊတ္တင္ရသလဲဆိုတဲ့အခ်က္ ေမးစရာရွိလာပါျပီ။ အေျဖကေတာ့ ကမာၻနဲ႔ျဂိဳလ္တုၾကား အကြာအေဝးေၾကာင့္လုိ႔ပဲဆိုရပါမယ္။ အခုတည္ေနရာအခ်က္အလက္ေတြေပးပို႔တဲ့ျဂိဳလ္တုေတြက ကမာၻ႔အျပင္ဘက္ 35,786 km/ 22,236 မိုင္အကြာအေဝးမွာရိွပါတယ္။ ဒီအင္တာနက္ျဂိဳလ္တုေတြက်ေတာ့ ကမာၻနဲ႔ေဝးေလ အင္တာနက္ signal ေတြျဖတ္ရတဲ့အကြာအေဝးပိုမ်ားေလျဖစ္တဲ့အတြက္ ပိုေႏွးႏုိင္ပါတယ္။ ဒါေၾကာင့္ ကမာၻနဲ႔နီးတဲ့ 160km/99မိုင္ ကေန 2000km/1,200မိုင္ ၾကား အကြာအေဝးအတြင္းမွာရိွေနမွ ျမန္ႏႈန္းျမင့္အင္တာနက္ကိုေပးႏုိင္မွာပါ။

starlink-oneweb-constellation

ဒီေတာ့ အကြာအေဝးနဲ႔အေရအတြက္ျပန္ခ်ိန္ရျပန္ပါျပီ။ ဥပမာ ေဘာလံုးတစ္လံုးေပၚကို ဓာတ္မီးနဲ႔ထိုးတဲ့အခါ အေဝးၾကီးကေနထုိးရင္ ေဘာလံုးတစ္လံုးလံုးေပၚကို အလင္းေရာင္ေရာက္ႏုိင္ေပမယ့္ အနီးကပ္ထိုးတဲ့အခါ ေဘာလံုးရဲ႕တစ္ေနရာေလးပဲကြက္ျပီးလင္းေနသလိုမ်ိဳး သေဘာတရားခ်င္းတူတူပါပဲ။

starlink-leo-geo

ေဘာလံုးေနရာမွာ ကမာၻၾကီး၊ ဓာတ္မီးေနရာမွာ ျဂိဳလ္တုအေနနဲ႔ထားစဥ္းစားလိုက္တဲ့အခါမွာ ျဂိဳလ္တုေတြအေနနဲ႔ ကမာၻနဲ႔လည္း နီးနီးကပ္ကပ္ရိွရမယ္။ ဒါေပမယ့္ နီးကပ္ေတာ့လည္း ေနရာနည္းနည္းအတြက္ပဲအင္တာနက္ရမွာဆိုေတာ့ တစ္ကမာၻလံုးကိုေရာက္ဖုိ႔အတြက္ဆို ျဂိဳလ္တုအေရအတြက္အမ်ားၾကီးလိုအပ္လာပါတယ္။ ဒါဟာ ဘာလုိ႔ျဂိဳလ္တုအေရအတြက္အမ်ားၾကီးလႊတ္တင္ဖို႔လိုအပ္သလဲဆိုတဲ့အေၾကာင္းရင္းပါပဲ။

အားသာခ်က္ေတြ?

တစ္ကမာၻလံုးအင္တာနက္ရဖို႔ရည္ရြယ္တာဆိုေတာ့ လက္ရိွအင္တာနက္မရတဲ့ ေက်းလက္ေဒသေတြအတြက္လည္း ေတာ္ေတာ္အဆင္ေျပသလို ျမိဳ႕ျပမွာလည္း အင္တာနက္ရေပမယ့္ connection ေႏွးတာတို႔ (အဝိုင္းလည္တာတို႔) အင္တာနက္ခေစ်းၾကီးတာမ်ိဳးေတြရိွတဲ့အတြက္ အင္တာနက္ျဂိဳလ္တုေတြနဲ႔သာဆို ဒီျပႆနာေတြကို ေအးေဆးေက်ာ္ႏုိင္ပါလိ့မ္မယ္။ ေစ်းႏႈန္းကလည္းအသင့္ပဲဆိုရင္ေတာ့ တစ္ကမာၻလံုးက အင္တာနက္ျဂိဳလ္တုေတြကိုပဲ ဦးစားေပးသံုးလာၾကပါလိမ့္မယ္။

starlink-junk

လက္ရိွအေျခအေနကေတာ့ ကုန္က်စရိတ္ေတြ ႏုိင္ငံတကာနဲ႔ အာကာသဆုိင္ရာစည္းမ်ဥ္းကန္႔သတ္ခ်က္ေတြစတဲ့ ရွင္းရမယ့္ျပႆနာေလးေတြရိွေနပါေသးတယ္။ ေနာက္ျပႆနာတစ္ခုက အာကာသထဲမွာ ျဂိဳလ္တုေတြအခ်င္းခ်င္းတုိက္ႏုိင္မယ့္ကိစၥပါ။ ျဂိဳလ္တုေပါင္း ေထာင္ခ်ီေသာင္းခ်ီသာလႊတ္တင္မယ္ဆိုရင္ ေသခ်ာေပါက္ကိုျဖစ္မွာပါပဲ။ ဒီအတြက္ SpaceX က အာကာသမွာ ျဂိဳလ္တုေတြသြားလာတဲ့လမ္းေၾကာင္းကို ေထာက္လွမ္းရွင္းလင္းတဲ့နည္းပညာတစ္မ်ိဳးကိုဖန္တီးထားတဲ့အတြက္ ဒီတစ္ရန္ေတာ့ ေအးသြားမယ္ထင္ပါတယ္။

အင္တာနက္ျဂိဳလ္တုေတြရဲ႕ေနာက္ကြယ္မွာ ??

starlink-players

ဒီအင္တာနက္ျဂိဳလ္တုေတြရဲ႕ ေနာက္ကြယ္မွာျပိဳင္ဆုိင္ေနတဲ့ အၾကီးဆံုးျပဳိင္ဘက္ေတြကေတာ့..

Starlink: သူကေတာ့ SpaceX ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္ျပီး အရမ္းလည္းလူသိမ်ားပါတယ္။ သူကေတာ့ ၂၀၂၁ ေလာက္က်ရင္ ျဂိဳလ္တုအင္တာနက္ဝန္ေဆာင္မႈ စတင္ေပးႏုိင္ပါလိမ့္မယ္။

OneWeb: သိပ္ျပီးေတာ့ လူသိမမ်ားေပမယ့္ သူလည္းလုပ္ငန္းၾကီးေပါင္းမ်ားစြာက ရင္းႏွီးျမွဳပ္ႏွံထားျပီး အေျခခိုင္တဲ့ကုမၸဏီတစ္ခုပါပဲ။ သူကေတာ့ ၂၀၁၉ ေလာက္မွာ ျဂိဳလ္တုအင္တာနက္ဝန္ေဆာင္မႈ စတင္ေပးႏုိင္မယ္လို႔ ခန္႔မွန္းထားပါတယ္။

Telesat Canada: သူကေတာ့ ကေနဒါျဂိဳလ္တုကုမၸဏီတစ္ခုျဖစ္ျပီး သူစမ္းသပ္လႊတ္တင္လုိက္တဲ့ဲျဂိဳလ္တုေတြက ကမာၻပတ္လမ္းေၾကာင္းေပၚေတာင္ ေရာက္ေနပါျပီ။ သူကေတာ့ ၂၀၂၀ မွာ ဝန္ေဆာင္မႈစေပးႏုိင္မယ္လို႔ မွန္းထားပါတယ္။

ျဂိဳလ္တုအင္တာနက္ဝန္ေဆာင္မႈစတင္ေပးမယ့္အခ်ိန္က ႏွစ္အနညး္ငယ္ေလာက္ေတာ့လိုေသးတဲ့အတြက္ ၾကားထဲမွာေျပာင္းလဲသြားႏုိင္တာေတြလည္း အမ်ားၾကီးပါပဲ။ ျမန္မာႏုိင္ငံလို ဖြ႔ံျဖိဳးဆဲႏုိင္ငံေတြမွာသာ ေစ်းအသင့္အတင့္နဲ႔ ျမန္ႏႈန္းျမင့္အင္တာနက္ကိုရႏိုင္မယ္ဆိုရင္ေတာ့ ေတာ္ေတာ္အက်ိဳးရိွမယ့္ အင္တာနက္ဝန္ေဆာင္မႈလို႔ဆုိရမွာပါ။ အားလံုးအတြက္ တကယ္အက်ဳိးရိွမယ့္ တစ္ကမာၻလံုးကိုအင္တာနက္ျဖန္႔ေဝေပးႏုိင္မယ့္ အင္တာနက္ျဂိဳလ္တုေတြ ျမန္ျမန္လႊတ္တင္ႏုိင္တဲ့အခ်ိန္ေရာက္ရင္ေတာ့ တကယ္အသံုးဝင္မဝင္သိရမွာပါ။

Source: MakeTechEasier

 

[Unicode]

အင်တာနက်ဆိုတာအရေးပါလာတဲ့ဒီခေတ်မှာ နောက်ထပ်ရွေးချယ်စရာတစ်ခုတိုးလာပြန်ပါပြီ။ သူကတော့ ဂြိုလ်တုကနေ တစ်ကမ္ဘာလုံးကို အင်တာနက်ထုတ်လွှတ်ပေးနိုင်မယ့် အင်တာနက်ဂြိုလ်တုတွေပါ။

ဒါပေမယ့် သူ့ရဲ့ဖြစ်နိုင်တဲ့အားနည်းချက်ကတော့ ရာသီဥတုဆိုးဝါးတဲ့အချိန်မှာ Fiber ေတွ cable ေတွထက် ပိုကြန့်ကြာနိုင်ချေများတဲ့အပြင် attack လုပ်ခံရရင်လည်း ပိုဆိုးကျိုးများစေမယ့်ကွန်ယက်တစ်ခုလို့ပြောလို့ရပါတယ။် ဒီပြဿနာတွေသာဖြေရှင်းပြီးရင်တော့ ကမ္ဘာ့နေရာအနှံ့အပြားကို အမြန်ဆုံးနှုန်းနဲ့အင်တာနက်ဝန်ဆောင်မှုပေးမယ့် ဒီဂြိုလ်တုတွေက နံပါတ်၁ဖြစ်လာနိုင်ပါတယ်။

လက်ရှိ ဒီအင်တာနက်ဂြိုလ်တုအတွက် ပရောဂျက်တွေအများကြီးရှိနေတဲ့ထဲမှာ SpaceX ရဲ့ Starlink ကလည်း တစ်ခုအပါအဝင်ပါပဲ။ ၂၀၁၈ ဖေဖော်ဝါရီတုန်းကပဲ Starlink ဂြိုလ်တု၂လုံးကို ပထမဆုံးလွှတ်တင်ခဲ့ပြီးဖြစ်လို့ လာမယ့် ၂၀၂၀ ခုနှစ်မှာ ဂြိုလ်တုအင်တာနက်တွေစတင်ရလာနိုင်ချေရှိပါတယ်။ ၂၀၂၄ ခုနှစ်ကိုရောက်ရင်တော့ တစ်ကမ္ဘာလုံးကိုအင်တာနက်ချိတ်ဆက်မှုပေးနိုင်တော့မယ့် ကွန်ယက်တစ်ခုဖြစ်လာနိုင်မယ်ထင်ပါတယ်။

အင်တာနက်ဂြိုလ်တုတွေ ဘယ်လိုအလုပ်လုပ်သလဲ?

starlink-connected-earth

အင်တာနက်ဂြိုလ်တုတွေက လက်ရှိကမ္ဘာကိုပတ်နေတဲ့ဂြိုလ်တုတွေလိုပဲ သူ့လမ်းကြောင်းပေါ်မှာ သူပတ်နေမှာပါ။ GPS ကိုသုံးတဲ့အခါ ဂြိုလ်တုကနေ တည်နေရာအချက်အလက်တွေပေးပို့သလိုမျိုး ဒီအင်တာနက်ဂြိုလ်တုတွေကလည်း ကမ္ဘာကိုလှမ်းပြီးအင်တာနက်ဝန်ဆောင်မှုပေးပို့နေမှာပါ။

လက်ရှိ Starlink ကတော့ အင်တာနက်ဂြိုလ်တုပေါင်း ၈၀၀ ကနေ ၁၂၀၀၀ ေလာက်ထိ တည်ဆောက်လွှတ်တင်သွားဖို့စီစဉ်ထားပါတယ်။ ဒီပမာဏက လက်ရှိပတ်နေတဲ့ဲ ဂြိုလ်တုအရေအတွက်ရဲ့၂ဆလောက်တောင်ရှိနေတဲ့အတွက် ကမ္ဘာ့အပြင်ဘက် ပတ်ပတ်လည်မှာတော့ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုပေးနိုင်တဲ့ဂြိုလ်တုပေါင်းများစွာ ဝန်းရံနေတော့မှာပါ။

ဒီနေရာမှာ ဘာလို့ဒီလောက်အရေအတွက်အများကြီးလွှတ်တင်ရသလဲဆိုတဲ့အချက် မေးစရာရှိလာပါပြီ။ အဖြေကတော့ ကမ္ဘာနဲ့ဂြိုလ်တုကြား အကွာအဝေးကြောင့်လို့ပဲဆိုရပါမယ်။ အခုတည်နေရာအချက်အလက်တွေပေးပို့တဲ့ဂြိုလ်တုတွေက ကမ္ဘာ့အပြင်ဘက် 35,786 km/ 22,236 မိုင်အကွာအဝေးမှာရှိပါတယ်။ ဒီအင်တာနက်ဂြိုလ်တုတွေကျတော့ ကမ္ဘာနဲ့ဝေးလေ အင်တာနက် signal တွေဖြတ်ရတဲ့အကွာအဝေးပိုများလေဖြစ်တဲ့အတွက် ပိုနှေးနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာနဲ့နီးတဲ့ 160km/99မိုင် ကနေ 2000km/1,200မိုင် ကြား အကွာအဝေးအတွင်းမှာရှိနေမှ မြန်နှုန်းမြင့်အင်တာနက်ကိုပေးနိုင်မှာပါ။

starlink-oneweb-constellation

ဒီတော့ အကွာအဝေးနဲ့အရေအတွက်ပြန်ချိန်ရပြန်ပါပြီ။ ဥပမာ ဘောလုံးတစ်လုံးပေါ်ကို ဓာတ်မီးနဲ့ထိုးတဲ့အခါ အဝေးကြီးကနေထိုးရင် ဘောလုံးတစ်လုံးလုံးပေါ်ကို အလင်းရောင်ရောက်နိုင်ပေမယ့် အနီးကပ်ထိုးတဲ့အခါ ဘောလုံးရဲ့တစ်နေရာလေးပဲကွက်ပြီးလင်းနေသလိုမျိုး သဘောတရားချင်းတူတူပါပဲ။

starlink-leo-geo

ဘောလုံးနေရာမှာ ကမ္ဘာကြီး၊ ဓာတ်မီးနေရာမှာ ဂြိုလ်တုအနေနဲ့ထားစဉ်းစားလိုက်တဲ့အခါမှာ ဂြိုလ်တုတွေအနေနဲ့ ကမ္ဘာနဲ့လည်း နီးနီးကပ်ကပ်ရှိရမယ်။ ဒါပေမယ့် နီးကပ်တော့လည်း နေရာနည်းနည်းအတွက်ပဲအင်တာနက်ရမှာဆိုတော့ တစ်ကမ္ဘာလုံးကိုရောက်ဖို့အတွက်ဆို ဂြိုလ်တုအရေအတွက်အများကြီးလိုအပ်လာပါတယ်။ ဒါဟာ ဘာလို့ဂြိုလ်တုအရေအတွက်အများကြီးလွှတ်တင်ဖို့လိုအပ်သလဲဆိုတဲ့အကြောင်းရင်းပါပဲ။

အားသာချက်တွေ?

တစ်ကမ္ဘာလုံးအင်တာနက်ရဖို့ရည်ရွယ်တာဆိုတော့ လက်ရှိအင်တာနက်မရတဲ့ ကျေးလက်ဒေသတွေအတွက်လည်း တော်တော်အဆင်ပြေသလို မြို့ပြမှာလည်း အင်တာနက်ရပေမယ့် connection နှေးတာတို့ (အဝိုင်းလည်တာတို့) အင်တာနက်ခဈေးကြီးတာမျိုးတွေရှိတဲ့အတွက် အင်တာနက်ဂြိုလ်တုတွေနဲ့သာဆို ဒီပြဿနာတွေကို အေးဆေးကျော်နိုင်ပါလိ့မ်မယ်။ ဈေးနှုန်းကလည်းအသင့်ပဲဆိုရင်တော့ တစ်ကမ္ဘာလုံးက အင်တာနက်ဂြိုလ်တုတွေကိုပဲ ဦးစားပေးသုံးလာကြပါလိမ့်မယ်။

starlink-junk

လက်ရှိအခြေအနေကတော့ ကုန်ကျစရိတ်တွေ နိုင်ငံတကာနဲ့ အာကာသဆိုင်ရာစည်းမျဉ်းကန့်သတ်ချက်တွေစတဲ့ ရှင်းရမယ့်ပြဿနာလေးတွေရှိနေပါသေးတယ်။ နောက်ပြဿနာတစ်ခုက အာကာသထဲမှာ ဂြိုလ်တုတွေအချင်းချင်းတိုက်နိုင်မယ့်ကိစ္စပါ။ ဂြိုလ်တုပေါင်း ထောင်ချီသောင်းချီသာလွှတ်တင်မယ်ဆိုရင် သေချာပေါက်ကိုဖြစ်မှာပါပဲ။ ဒီအတွက် SpaceX က အာကာသမှာ ဂြိုလ်တုတွေသွားလာတဲ့လမ်းကြောင်းကို ထောက်လှမ်းရှင်းလင်းတဲ့နည်းပညာတစ်မျိုးကိုဖန်တီးထားတဲ့အတွက် ဒီတစ်ရန်တော့ အေးသွားမယ်ထင်ပါတယ်။

အင်တာနက်ဂြိုလ်တုတွေရဲ့နောက်ကွယ်မှာ ??

starlink-players

ဒီအင်တာနက်ဂြိုလ်တုတွေရဲ့ နောက်ကွယ်မှာပြိုင်ဆိုင်နေတဲ့ အကြီးဆုံးပြိုင်ဘက်တွေကတော့..

Starlink: သူကတော့ SpaceX ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အရမ်းလည်းလူသိများပါတယ်။ သူကတော့ ၂၀၂၁ လောက်ကျရင် ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု စတင်ပေးနိုင်ပါလိမ့်မယ်။

OneWeb: သိပ်ပြီးတော့ လူသိမများပေမယ့် သူလည်းလုပ်ငန်းကြီးပေါင်းများစွာက ရင်းနှီးမြှုပ်နှံထားပြီး အခြေခိုင်တဲ့ကုမ္ပဏီတစ်ခုပါပဲ။ သူကတော့ ၂၀၁၉ လောက်မှာ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု စတင်ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Telesat Canada: သူကတော့ ကနေဒါဂြိုလ်တုကုမ္ပဏီတစ်ခုဖြစ်ပြီး သူစမ်းသပ်လွှတ်တင်လိုက်တဲ့ဲဂြိုလ်တုတွေက ကမ္ဘာပတ်လမ်းကြောင်းပေါ်တောင် ရောက်နေပါပြီ။ သူကတော့ ၂၀၂၀ မှာ ဝန်ဆောင်မှုစပေးနိုင်မယ်လို့ မှန်းထားပါတယ်။

ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုစတင်ပေးမယ့်အချိန်က နှစ်အနည်းငယ်လောက်တော့လိုသေးတဲ့အတွက် ကြားထဲမှာပြောင်းလဲသွားနိုင်တာတွေလည်း အများကြီးပါပဲ။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသာ ဈေးအသင့်အတင့်နဲ့ မြန်နှုန်းမြင့်အင်တာနက်ကိုရနိုင်မယ်ဆိုရင်တော့ တော်တော်အကျိုးရှိမယ့် အင်တာနက်ဝန်ဆောင်မှုလို့ဆိုရမှာပါ။ အားလုံးအတွက် တကယ်အကျိုးရှိမယ့် တစ်ကမ္ဘာလုံးကိုအင်တာနက်ဖြန့်ဝေပေးနိုင်မယ့် အင်တာနက်ဂြိုလ်တုတွေ မြန်မြန်လွှတ်တင်နိုင်တဲ့အချိန်ရောက်ရင်တော့ တကယ်အသုံးဝင်မဝင်သိရမှာပါ။

Source: MakeTechEasier

You may be interested

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ
NEWS
845 shares280 views

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ ျမန္မာႏိုင္ငံအေၾကာင္း ခ်ီးက်ဴးေျပာဆိုမွဳေၾကာင့္ ေဝဖန္ခံေနရပါတယ္။ လူ႕အခြင့္အေရးခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ထြက္ေနတဲ့ ျမန္မာႏိုင္ငံကို လည္ပတ္ဖို႕ အေကာင္းဆုံးေနရာတခု ျဖစ္ေၾကာင္း Jack Dorsey က တနဂၤေႏြေန႕မွာ ေရးသားခဲ့အျပီးမွာ ေဝဖန္ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ

Ko Thuya - Dec 10, 2018

ZTE က မၾကာခင္ကပဲ မ်က္ႏွာျပင္ ႏွစ္ခု ပါတဲ့ Nubia X ကို ေၾကညာခဲ့ပါတယ္။ သူ႕အတြက္ 64 or 256GB မ်ား ထုတ္လုပ္ေပးထားပါတယ္။ အခုေတာ့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ေခါင္းစဥ္နဲ႔အတူ မိတ္ဆက္ေပးလာတဲ့ high-end R series အသစ္ OPPO R17 Pro ကိုေတာ့ (၈၉၉,၉၀၀) က်ပ္ျဖင့္ ဒီဇင္ဘာ (၁၀) ရက္ေန႕ ကစၿပီး…

Leave a Comment

Most from this category