0 Shares 88 Views


May 23, 2018
0 88




Ref : techradar

unicode

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ

Apple ဟာ စက်တင်ဘာလလောက်မှာ အိုင်ဖုန်း အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများမှာ iPhone XI Plus , iPhone XI နဲ့ ဈေးသက်သာတဲ့ LCD iPhone X တို့ ဖြစ်ပြီး LCD Model ကို iPhone 9 လို့ အမည်ပေးထားနိုင်ပါတယ်။ Apple ဟာ ယခင်နှစ်မှာ iPhone X အတွက် A11 Chip ကို မေလလောက်မှာ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း Bloomberg က ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို အမြောက်အများ စတင် ထုတ်လုပ်နေပြီလို့ ပြောပါတယ်။

A12 Chip များကို ထိုင်ဝမ် ကုမ္ပဏီ TSMC က ထုတ်လုပ်ပေးထားတာ ဖြစ်ပြီး 7nm Design ကို သုံးထားပါတယ်။ A12 ဟာ ဟာ ယခင်မျိုးဆက်များထက် ပိုမို အရွယ်သေးငယ်ပြီး ပိုမို မြန်လာပါတယ်။ A12 Chipset ဟာ iPhone X , iPhone 8 , iPhone 8 Plus များမှာ သုံးထားတဲ့ 10nm A11 Bionic Chip ထက် စွမ်းအင် စားသုံးမှု ပိုမို နည်းပါးလာပါတယ်။

လွန်ခဲ့တဲ့ နှစ်က 12nm များနေရာကို 10nm Chips များ ဝင်လာတဲ့ အခါမှာလည်း စွမ်းဆောင်ရည်နဲ့ အမြန်နှုန်းများဟာ တိုးတက်လာခဲ့ကြပါတယ်။ 10nm ကို ပထမဆုံး သုံးထားတဲ့ ဖုန်းများကတော့ Samsung Galaxy S8 , S8 Plus တို့ဖြစ်ကြပါတယ်။ Samsung , Qualcomm နဲ့ အခြား Chip Maker များဟာလည်း 7nm Chip များကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

Ref : techradar

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category