0 Shares 123 Views

နောက်ထွက်မယ့် iPhone မှာ နားကြပ်အပေါက် ပါဝင်လာဖို့ မရှိ

Jan 08, 2016
0 123

2EEE588E00000578-0-image-a-3_1448897563910

Apple ဟာ နောက်ထပ် iPhone မျိုးဆက်အသစ်မှာ နားကြပ်အပေါက်ကို ဖြုတ်ပစ်သွားဖို့ ရှိပြီး ကြိုးမဲ့အားသွင်းနည်းစနစ်ကို ထည့်သွင်းပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

နားကြပ်အပေါက်ကိုဖြုတ်ပစ်လိုက်တာကြောင့် လာမယ့် iPhone 7 ဟာ ပိုမိုပါးလျသွားဖွယ်ရှိနေပါတယ်။

“ Apple ဟာ သူတို့ နဲ့ ကာလကြာရှည်လက်တွလြာတဲ့ အသံပိုင်းဆိုင်ရာချစ်ပ်ပြားထုတ်လုပ်မှုကုမ္ပဏီ Cirrus Logic နဲ့  အတူလက်တွဲကာ ယခု iPhone တွေရဲ့အားသွင်းပေါက် Lightning port နဲ့ အလုပ်လုပ်နိုင်မယ့် အသံပိုင်းဆိုင်ရာချစ်ပ်ပြားတစ်မျိုးကို iPhone မှာ ထည့်သွင်းသွားဖို့ ရှိတယ်လို့ ကျွန်တော်တို့ ရဲ့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေအရ သိရပါတယ်” လို့  Fast Company ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

Apple ဟာ ဒီ Lightning အားသွင်းအပေါက်မှာ တပ်နိုင်မယ့် Beats တံဆိပ် နားကြပ်တစ်မျိုးကိုလည်း ဖန်တီးလုပ်ဆောင်နေတယ်လို့ ယူဆရပြီး အဆိုပါနားကြပ်မှာ အသံဆူညံမှုဖယ်ရှားပေးတဲ့နည်းပညာပါ ပါဝင်လာနိုင်ပါတယ်။

ဒါပေမယ့် ယခုလက်ရှိ ၃.၅ မီလီမီတာနားကြပ်တွေနဲ့ လည်း နားထောင်နိုင်အောင်အတွက် adapter တစ်မျိုးကိုပါ လာမယ့် iPhone မှာ ထည့်သွင်းပေးသွားဖို့ ရှိပါတယ်။

Apple ဟာ လာမယ့်မျိုးဆက်သစ် iPhone ရဲ့ အထူကို လျော့ချနိုင်ဖို့ အတွက် လက်ရှိ ၃.၅ မီလီမီတာ နားကြပ်အပေါက်တွေကို ဖြုတ်ပစ်နိုင်ဖို့ နည်းလမ်းကို ရှာဖွေနေတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေတာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။

ဒါပေမယ့် ယခုထွက်ပေါ်လာတဲ့ သတင်းအရတော့ Apple ဟာ နည်းလမ်းရှာတွေ့ သွားပြီလို့ ယူဆရပါတယ်။ ကျွန်တော်တို့ အနေနဲ့ နောက် iPhone 7 မှာ အားသွင်းပေါက်အနေနဲ့ ကော၊ နားကြပ်ပေါက်အနေနဲ့ ပါ လုပ်ဆောင်နိုင်မယ့်၊ စွယ်စုံသုံး lightning port ကို တွေ့ မြင်ရဖို့ ရှိနေပါတယ်။

တရုတ်သတင်းဝက်ဘ်ဆိုဒ် Anzhuo ရဲ့ သတင်းတစ်ပုဒ်အရလည်း Apple ဟာ ၃.၅ မီလီမီတာ နားကြပ်အပေါက်ကိုဖြုတ်ပစ်ကာ  ကြိုးမဲ့နားကြပ်တွေကိုပဲ အာရုံစိုက်ထုတ်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပြီး iPhone 7 မှာ ယခု ‘Earpod’ နားကြပ်တွေကို ကြိုးမဲ့သဏ္ဍာန် မြင်တွေ့ ရဖို့ ရှိတယ်လို့ ဆိုပါတယ်။

Ref: DailyMail

 

 

 

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
56 shares7 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
92 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Leave a Comment

Most from this category