2385 Shares 361 Views
May 23, 2018
2385 361
[Zawgyi]
Ref: gadgets.ndtv
[Unicode]
Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ
Xiaomi အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေကို မေလကုန်လောက်မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကလည်း ဒီလကုန်မှာ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေ မိတ်ဆက်မယ့် အကြောင်းကို Weibo ကနေ တစ်ဆင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မိတ်ဆက်ပွဲမှာ Mi ရဲ့ ၈နှစ်မြောက် ကြေးရတု စမတ်ဖုန်းကို မြင်တွေ့ရနိုင်ပါတယ်။ တချိူ့ Mi ချစ်ပရိတ်သတ်များကတော့ Mi Max 3 ကိုပါ မြင်တွေ့နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လည်း Mi Max 3 ကို ဇူလိုင်လ မတိုင်ခင်ထိ မြင်တွေ့နိုင်မှာ မဟုတ်ဘူးလို့ CEO Lei Jun က ပြောကြားထားပါတယ်။ Mi Max ရဲ့ ဒုတိယ မျိူးဆက် Mi Max 2 ကို ၂၀၁၇ခုနှစ် မေလက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာလည်း Mi Max 3 ကို မေလထဲမှာ မိတ်ဆက်နိုင်တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။
Xiaomi Mi Max 3 နဲ့ ပတ်သတ်ပြီး အရင်က ထွက်ရှိထားတဲ့ ကောလ ဟလ သတင်းများအရ Mi Max 3 ရဲ့ တန်ကြေးဟာ တရုတ်ငွေ ၁၆၉၉ ယွမ် ( မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်) ကျသင့်နိုင်မယ်လို့ သိရပါတယ်။ Snapdragon 660 SoC ကို အသုံးပြုထားတဲ့ မော်ဒယ်နဲ့ Snapdragon 630 SoC ကို အသုံးပြုထားတဲ့ မော်ဒယ်ဆိုပြီး ၂မျိူး ထုတ်လုပ်နိုင်ဖွယ် ရှိပါတယ်။ ပါဝင်လာနိုင်ဖွယ် ရှိတဲ့ ဘက်ထရီ ပမာဏကတော့ 5500mAh ဖြစ်ပါတယ်။ Mi Max 3 ရဲ့ Display အပိုင်းအတွက် ၆.၉၉ လက်မ မျက်နှာပြင် အကျယ်ရှိ 18:9 Display အမျိူးအစားကို အသုံးပြုထားနိုင်တယ်။ Wireless Charging ပါဝင်လာနိုင်ပြီး Android 8.1 Oreo နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ ကင်မရာ အပိုင်းအတွက် Sony IMX 363 Sensor ဒါမှမဟုတ် Samsung S5K217+S5K5E8 Dual Camera Setup ကို ကျောဘက်မှာ တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Samsung S5K4H7 Sensor ကို တပ်ဆင်ထားနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် Mi Max 3 မှာ Omnivision 2281 Iris Scanner ကိုလည်း ထည့်သွင်းထားနိုင်တယ်လို့ သိရပါတယ်။
အထက်ပါ အကြောင်းအရာများကတော့ Xiaomi Mi Max 3 မှာ ပါဝင်လာနိုင်ဖွယ် ရှိတဲ့ Specification များ ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်တဲ့အခါ ကျရင်လည်း Mi Max 3 ရဲ့ Specifications အပြည့်အစုံနဲ့ Features များကို ထပ်မံ တင်ဆက် ရေးသား ပေးမှာမို့ စောင့်မျှော် ရှု့စား အားပေးကြပါအုံး ခင်ဗျာ။
Ref: gadgets.ndtv
You may be interested
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
Ko Thuya - Jun 25, 2018
Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ရောင်းချပေးလိုက်ပါပြီ။ Apple ရဲ့ iPhone အသစ်များကို ပိုင်ဆိုင်ထားသူများအတွက် အကောင်းဆုံး အသုံးချနိုင်မယ့် Tips & Tricks (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။…
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Android, Huawei, HUBS
0 shares14 views
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Ko Thuya - Jun 25, 2018
ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor…
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
NEWS, Vivo
204 shares342 views
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
Nwe Oo - Jun 25, 2018
[Zawgyi] ဖုန်းတစ်လုံးကို တစ်စစီဖြုတ်ကြည့်ရတဲ့ ရည်ရွယ်ချက်ကိုက ဒီဖုန်းဟာ ဘယ်လောက်ဖွင့်ရခက်လဲ ပြင်ဖို့ရောလွယ်ရဲ့လားဆိုတာကို သိနိုင်ဖို့ပါ။ ဒီလိုတစ်စစီဖြုတ်ကြည့်တဲ့အခါမျိုးမှာ ထူးထူးဆန်းဆန်းပစ္စည်းတွေဆို ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ ဥပမာ- Vivo NEX စမတ်ဖုန်းဆိုရင် ရိုက်မယ့်အချိန်မှ ကင်မရာလေးထွက်လာတဲ့ ပထမဆုံးဖုန်းပါ။ အခု MyFixGuide က ဒီ Vivo…
Leave a Comment
Most from this category