4K Display, Intel Core i9 Processor တွေနဲ့ ပွဲထွက်လာတဲ့ Asus Zenbook Pro 15

Asus ဟာ 4K Display နဲ့ Intel Core i9 Processor တွေကို အသုံးပြုထားတဲ့ Asus Zenbook Pro 15 (UX550GD) Laptop ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Zenbook Pro 15 ရဲ့ အထူက 18.9 mm ရှိပြီး အလေးချိန်ကတော့ 1.86 kg ရှိပါတယ်။ Zenbook Pro 15 ဟာ Intel Core i9 ကို အသုံးပြုထားတဲ့ အပေါ့ပါးဆုံး Laptops တွေထဲက တစ်လုံး ဖြစ်ပါတယ်။

Asus Zenbook Pro 15 (UX550GD) Specifications

Operating System အပိုင်းအတွက် Windows 10 ကို ထည့်သွင်းပေးထားပါတယ်။ ၁၅.၆ လက်မ မျက်နှာပြင် အကျယ်ရှိ LED-backlit Display ကို အသုံးပြုထားပြီး 16:9 Aspect ratio ဖြစ်ပါတယ်။ Resolution 3840 x 2160 pixels ပါဝင်တဲ့ 4K Display နဲ့ Resolution 1920 x 1080 pixels ပါဝင်တဲ့ Full-HD Display ဆိုပြီး ၂မျိူး ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

Processors အပိုင်းအတွက် 8th Generation Intel Core i5-8300H (2.3GHz), Core i7-8750H (2.2GHz) နဲ့ Core i9-8950H (2.9GHz) ဆိုပြီး ၃မျိူး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ DDR4 RAM အနေနဲ့ 8GB ဒါမှမဟုတ် 16GB ကြိုက်နှစ်သက်ရာကို ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Graphic အပိုင်းမှာ Nvidia GeForce GTX 1050 GPU နဲ့အတူ 4GB GDDR5 VRAM ကို ထည့်သွင်းပေးထားပါတယ်။ Storage အပိုင်းမှာတော့ 1TB/ 512GB PCIe SSD နဲ့ 512GB/ 256GB SATA3 SSD ဆိုပြီး ၂မျိူး ရွေးချယ် ဝယ်ယူနိုင်မှာပါ။ Windows Hello နဲ့အတူ တွဲဖက် အသုံးပြုနိုင်မယ့် Fingerprint Sensor ကို ထည့်သွင်းပေးထားပြီး Backlit Keyboard လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Audio အပိုင်းအတွက် SonicMaster အသံစနစ်ကို အသုံးပြုထားပြီး Cortana voice recognition အသုံးပြုနိုင်မယ့် Microphone ကို တပ်ဆင်ပေးထားပါတယ်။ Video Calls ပြောဖို့အတွက် VGA webcam ပါရှိမှာ ဖြစ်ပါတယ်။ ၉နာရီ အကြာထိ အသုံးပြုနိုင်မယ့် 71Whr 8-cell lithium-polymer ဘက်ထရီကို ထည့်သွင်းထားပေးထားပါတယ်။ Connectivity အပိုင်းမှာတော့ USB Type-C Gen 2 (Thunderbolt) ၁ပေါက်၊ USB Type-A 3.1 Gen 2 ၂ပေါက်၊ HDMI ၊ 3.5mm Headphone jack ၊ microSD card reader ၊ Wi-Fi 802.11 ac နဲ့ Bluetooth 5.0 တို့ ပါဝင်မှာ ဖြစ်ပါတယ်။

Zenbook Pro 15 ကို Deep Dive Blue အရောင် တစ်မျိူးတည်းသာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းနဲ့ စတင်ထွက်ရှိမယ့် နေ့ကိုတော့ အတိအကျ မသိရသေးပါဘူး။

Ref: gadgets.ndtv

4K Display, Intel Core i9 Processor တွေနဲ့ ပွဲထွက်လာတဲ့ Asus Zenbook Pro 15

%d bloggers like this: