Sony Computer Entertainment ကုမ္ပဏီ နာမည်ပြောင်း
Sony ကော်ပိုရေးရှင်းကြီးရဲ့ ကုမ္ပဏီခွဲ၊ PlayStation ဂိမ်းစက်တွေကို အဓိကဖန်တီးသူကုမ္ပဏီဖြစ်တဲ့ Sony Computer Entertainment ဟာ ဧပြီ (၁) ရက်နေ့ မှာ ‘Sony Interactive Entertainment (SIE)’ ကုမ္ပဏီလီမိတက် အဖြစ် တရားဝင်နာမည်ပြောင်းလိုက်ပြီဖြစ်ပါတယ်။
အခုလို ကုမ္ပဏီနာမည်ပြောင်းမယ်ဆိုတာ၊ ဇန်န၀ါရီလ (၁) ရက်နေ့ကတည်းက ကြေငြာခဲ့တာဖြစ်ပြီး၊ ဧပြီလ (၁) ရက်နေ့ မှာ တရားဝင်နာမည်ပြောင်းလိုက်တာပါ။
ဗီဒီယိုဂိမ်းလောကမှာ အထင်ကရကုမ္ပဏီတစ်ခုဖြစ်တဲ့ Sony Computer Entertainment ကို Sony Network Entertainment နဲ့ ပူးပေါင်းကာ Sony Interactive Entertainment ကုမ္ပဏီဆိုပြီး ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ Sony ရဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦးက ပြောကြားပါတယ်။
ကျနော်တို့ ကလေးဘ၀ကတည်းက PlayStation စက်တွေမှာ မြင်တွေ့ခဲ့ရတဲ့ စိန်ပုံစံ Sony Computer Entertainment လိုဂိုကတော့ မပြောင်းလဲပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။
အခုလိုနာမည်ပြောင်းလိုက်ရတဲ့အကြောင်းရင်းကတော့ Sony အနေနဲ့ PlayStation ဂိမ်းတွေအပြင်၊ မိုဘိုင်းဂိမ်းတွေဘက်ကိုပါ ခြေဦးလှည့်ဖို့အတွက် ဖြစ်တယ်လို့ ယူဆရပြီး၊ အဓိကအားဖြင့် အာရှဈေးကွက်ကို အာရုံစိုက်ဦးတည်သွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Ref: Cnet
You may be interested

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Nwe Oo Thant - Apr 19, 2018[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Nwe Oo Thant - Apr 19, 2018[Zawgyi] Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…

ဖုန်းအသစ်လဲသင့်ပြီဆိုတာပြနေတဲ့ အချက်၅ချက်
Nwe Oo Thant - Apr 19, 2018[Zawgyi] အစားအသောက်တွေတောင်မှ တစ်ယောက်နဲ့တစ်ယောက်ကြိုက်တဲ့အရသာချင်းမတူနိုင်ပါဘူး။ ဒီတော့ ဖုန်းတစ်လုံးကို ဘယ်လောက်ကြာကြာသုံးလဲ ဘယ်လို user အမျိုးအစားလဲဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက်တူနိုင်မှာမဟုတ်ပါဘူး။ အခုဖော်ပြလိုက်တာကလည်း ကိုယ်သုံးနေတဲ့စမတ်ဖုန်းတစ်လုံး လဲချိန်တန်ပြီလား ဆက်သုံးလို့ရသေးလားဆိုတာ ကိုယ်တိုင်ဆန်းစစ်လို့ရနိုင်မယ့်အချက်လေးတွေပါပဲ။ တစ်ချို့လည်း ဒီနှစ်ထွက်တဲ့နောက်ဆုံးပေါ် Galaxy S9 လေးဝယ်လိုက် နောက်နှစ်အသစ်ထွက်လည်း လဲရင်လဲနိုင်လောက်အောင် ဝယ်နိုင်တဲ့သူတွေရှိပါလိမ့်မယ်။…
Most from this category

Leave a Comment
You must be logged in to post a comment.