Android အတွက် အကောင်းဆုံး Dictionary Apps များ

Dictionary များဟာ အလွန် အသုံးဝင်ပါတယ်။ Dictionary အချို့က သင့်ရဲ့ Vocabulary စွမ်းရည်တိုးတက်စေဖို့ တစ်နေ့လျှင် စကားလုံးတစ်ခုကို သင်ကြားပေးကြပါတယ်။ ဘာသာစကား လေ့လာနေသူများအတွက်တော့ ဒါဟာ အလွန် အသုံးဝင်ပါတယ်။ သူတို့ဟာ တန်ဖိုးဖြတ် မရတဲ့ စာပေသင်ကြားရေး ကိရိယာများ ဖြစ်ပါတယ်။ သင့်ရဲ့ မိုဘိုင်းဖုန်းမှာ အဲဒီ Dictionary များကို ထည့်သွင်းထားရင် ပိုလို့တောင် အဆင်ပြေမှာပါ။ Android အတွက် အကောင်းဆုံး Dictionary App ၁၀ ခုကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

Dictionary

Dictionary App ကတော့ အကောင်းဆုံးထဲက တစ်ခုပါ။ သူက Source ၃ ခုကို ရယူထားပါတယ်။ Webster’s Dictionary , The American Heritage Dictionary နဲ့ Roget’s Thesaurus တို့ ဖြစ်ပါတယ်။ သူက တစ်နေ့လျှင် စကားလုံးတစ်ခုရဲ့ Vocabulary ကို သင့်အား သင်ကြားပေးပါတယ်။ ဒါ့အပြင် ဘာသာစကား ၄၀ ကျော်ကို ဘာသာပြန်ပေးနိုင်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ချက် အများစုကို Offline သုံးနိုင်ပါတယ်။ Idioms of The Day က သင့်ကို တစ်နေ့လျှင် Idiom တစ်ခု သင်ကြားပေးမှာပါ။ အသံထွက်ကို သင်ကြားပေးတဲ့ စွမ်းရည်လည်း ပါပါတယ်။ စီးပွားရေး၊ ဆေးပညာနဲ့ ပတ်သက်တဲ့ Dictionary များလည်း ထည့်ပေးထားပါတယ်။ အခမဲ့ ဗားရှင်းမှာ ကြော်ညာများ ထည့်သွင်းထားပြီး ၁.၉၉ ဒေါ်လာတန် အခပေး ဗားရှင်းမှာတော့ ကြော်ညာများ မပါရှိပါဘူး။

Download

Dictionary.com ဟာလည်း နာမည်အကြီးဆုံးတွေထဲက တစ်ခုပါ။ တစ်နေ့လျှင် စကားလုံးတစ်လုံးရဲ့ အဓိပ္ပါယ်ကို သင်ကြားပေးခြင်း၊ အသံထွက်သင်ပေးခြင်းနဲ့ ဘာသာစကား ၃၀ ကျော်ကို ဘာသာပြန်ပေးခြင်း အပါအဝင် စွမ်းဆောင်ချက်များစွာ ပါပါတယ်။ စကားလုံးရဲ့ မူလဇာတ်မြစ်ကိုပါ ဖော်ပြပေးပါတယ်။ Slang, Idioms and Phrases, Medical Dictionary များကို In-App Purchase ကနေ ဝယ်နိုင်ပါတယ်။ အလွန် သင့်တင့် ကောင်းမွန်တဲ့ Dictionary App ဖြစ်ပါတယ်။

Download

Dictionary Linguee

Dictionary Linguee ဟာ အသစ်ထွက်ရှိလာတာ ဖြစ်ပါတယ်။ သူက ဘာသာပြန်ခြင်းနဲ့ အဓိပ္ပါယ်ဖွင့်ဆိုခြင်းကို အလေးပေးထားပါတယ်။ English, Spanish, French, German, Chinese, Japanese နဲ့ အခြား ဘာသာစကား ၁၀ မျိုးကို ထောက်ပံ့ပါတယ်။ အသံထွက်သင်ပေးခြင်း၊ ဝါကျဥပမာများလည်း ပါရှိပါတယ်။ အခမဲ့ အသုံးပြုနိုင်ပြီး ကြော်ညာများလည်း မပါပါဘူး။ ငွေကြေး မသုံးချင်သူများအတွက် ရွေးချယ်သင့်တဲ့ တစ်ခုပါ။


Merriam-Webster Dictionary

နာမည်အကြီးဆုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။ စွမ်းဆောင်ချက်များစွာလည်း ပါရှိပါတယ်။ စကားလုံး အဓိပ္ပါယ်များအပြင် သင့်ရဲ့ Vocabulary စွမ်းရည်ကို တိုးတက်စေတဲ့ Word Games များလည်း ထည့်သွင်းပေးထားပါတယ်။ ဝါကျဥပမာများ၊ အသံထွက်သင်ပေးခြင်းများ၊ Word of the Day စတာတွေ ပါရှိပါတယ်။ အခမဲ့ ဗားရှင်းမှာ ကြော်ညာများစွာ ထည့်သွင်းပေးထားပါတယ်။ ၂.၉၉ ဒေါ်လာဖြင့် ဝယ်ယူရင်တော့ ကြော်ညာများကို တွေ့ရမှာ မဟုတ်ပါဘူး။

English Dictionary

အခမဲ့ အသုံးပြုလို့ရတဲ့ Dictionary App တစ်ခုပါ။ စကားလုံးပေါင်း ၂၃၉ ၀၀၀ ပါရှိပါတယ်။ ကျပန်း စကားလုံးများကို သင်ကြားပေးတဲ့ စွမ်းဆောင်ချက် ပါပါတယ်။ Light နဲ့ Dark Theme များကို ရွေးချယ်နိုင်ပါတယ်။ စာအုပ်တစ်အုပ်ကို လှန်ဖတ်နေရသလို Animation များကို ဖန်တီးပေးထားပါတယ်။ အကောင်းဆုံးကတော့ ကြော်ညာများမပါဘဲ အခမဲ့ သုံးနိုင်တာပါ။

Download

Google Search

Google Search ဟာ Dictionary App တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စကားလုံးများရဲ့ အဓိပ္ပါယ်ကို ရှာနိုင်ပါတယ်။ ပါးစပ်က ပြောလိုက်တာနဲ့တင် ရှာပေးပါတယ်။ စွမ်းရည်ပြည့် Dictionary App မလိုအပ်သူများအတွက် သင့်တော်ပါတယ်။ သူ့မှာ Google Now , Now on Tap အပြင် ဘာသာပြန်စွမ်းဆောင်ချက်၊ Reminder စွမ်းဆောင်ချက်များတောင် ပါပါတယ်။ စကားလုံးများရဲ့ အဓိပ္ပါယ်ကို သိချင်တာထက် ပိုရင်တော့ သူ့ကို မရွေးချယ်သင့်ပါဘူး။

Download

Idioms and Phrases Dictionary

သူကတော့ အနည်းငယ် ကွဲပြားပြီး ဝါကျတစ်ခုလုံးကို အဓိပ္ပါယ်များဖြင့် ဖော်ပြပေးပါတယ်။ ဝါကျပေါင်း ၃၅၀၀ ပါရှိပါတယ်။ ဝါကျများကို ရှာဖွေနိုင်ပြီး နှစ်သက်တာကို သိမ်းထားနိုင်ပါတယ်။ ကဏ္ဍများဖြင့် ပြန်လည် ရှာဖွေနိုင်ပါတယ်။ အသုံးပြုရတာ လွယ်ကူ ရိုးရှင်းပါတယ်။ အင်္ဂလိပ် ဘာသာစကားကို လေ့လာချင်သူများအတွက် ဝါကျများကိုပါ လေ့လာနိုင်မှာပါ။

Download

Offline Dictionary

ဘာသာစကားများစွာအတွက် ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ ဘာသာစကား ၂၀ ကျော်ကို ထောက်ပံ့ပါတယ်။ ဘာသာစကားတစ်ခုအတွက် Offline သုံးဖို့ သက်ဆိုင်ရာ Dictionary များကို ဒေါင်းလုပ်လုပ်ထားနိုင်ပါတယ်။ နှစ်သက်သလောက် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ဝါကျဥပမာများ၊ စာလုံးအမှားပြင်ပေးခြင်း၊ အသံထွက်သင်ပေးခြင်းများလည်း ပါပါတယ်။ ရိုးရှင်းတဲ့ Dictionary ကို အလိုရှိသူများအတွက် သင့်တော်ပါတယ်။

Pocket Thesaurus

သူကတော့ Dictionary App တစ်ခုလို့ ပြောလို့ မရပါဘူး။ အင်္ဂလိပ်ဘာသာစကားကို လေ့လာဖို့အတွက် ပုံစံထုတ်ထားပါတယ်။ စကားလုံးပေါင်း ၉၀ ၀၀၀ ကျော် ပါရှိပါတယ်။ သူ့မှာ စကားလုံးတစ်ခုကို Select လုပ်လိုက်တာနဲ့ အဓိပ္ပါယ်တူ စကားလုံးများကို Floating Mode ဖြင့် ပြသပေးတဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။ အခမဲ့ ဗားရှင်းမှာ ကြော်ညာများ ထည့်သွင်းထားပြီး အခပေး ဝယ်ယူရင် ကြော်ညာများကို ဖျောက်ပေးထားပါတယ်။

Download

WordWeb Dictionary

အခမဲ့ Dictionary များထဲမှာ နာမည်ကြီးတဲ့ တစ်ခု ဖြစ်ပါတယ်။ သူ့မှာ စကားလုံးပေါင်း ၂၈၅ ၀၀၀ နဲ့ ဝါကျပေါင်း ၂၂၅ ၀၀၀ ပါရှိပါတယ်။ အသံထွက်သင်ပေးတဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။ ထူးခြားတာက အများစု နားလည်မှုလွဲတတ်တဲ့ စကားလုံးများကို ရှာဖွေနိုင်တာပါ။ Offline အသုံးပြုနိုင်ပြီး ကြော်ညာများလည်း မပါပါဘူး။

Download

ref : android authority

unicode

Android အတွက် အကောင်းဆုံး Dictionary Apps များ

%d bloggers like this: