164 Shares 44 Views

PC ဂိမ္းေတြကို Android ဖုန္းေတြမွာကစားလို႔ရမယ့္ Steam Link beta ဗားရွင္းထြက္ရိွ

May 18, 2018
164 44

[Zawgyi]

Download Steam Link beta and start playing your PC games on an Android device

PC မွာပဲကစားလို႔ရတဲ့ဂိမ္းေတြကို မိုဘုိင္းလ္ဖုန္းေတြမွာပါေဆာ့ကစားလုိ႔ရမယ့္ App တစ္ခု Android ေရာ iOS အတြက္ပါထုတ္ေပးမယ့္အေၾကာင္း အရင္တစ္ပတ္က Valve ကေၾကညာခဲ့ျပီးပါျပီ။ သူကေတာ့ PC/ Mac ေတြမွာဖြင့္ထားတဲ့ဂိမ္းေတြကို စမတ္ဖုန္းမွာ streaming ဖြင့္ျပီးေဆာ့လို႔ရႏုိင္မယ့္ app ေလးပါ။

Android အတြက္ beta ဗားရွင္းေတာ့ထြက္လာျပီျဖစ္လို႔ Google Play Store မွာေဒါင္းခ်င္ေဒါင္းလို႔ရႏုိင္ပါျပီ။ iOS ေတြအတြက္ကေတာ့ နည္းနည္းေစာင့္ရဦးမယ္ထင္ပါတယ္။

ဒီ PC ဂိမ္းၾကီးေတြကို စမတ္ဖုန္းလို device ေသးေသးေလးမွာ ဘယ္လိုေဆာ့ႏုိင္မွာလဲဆိုတဲ့သူေတြအတြက္ အရင္ဆံုး Steam Link beta app ကိုေဒါင္းလိုက္ပါ။

Download Steam Link beta and start playing your PC games on an Android device

Steam Controller ရိွတယ္ဆိုရင္ေတာ့ Android phone/ tablet နဲ႔ခ်ိတ္လုိက္ပါ။ တျခား Bluetooth controller ေတာ္ေတာ္မ်ားမ်ားလည္း Steam Link app နဲ႔အဆင္ေျပတဲ့အတြက္ ကိစၥမရိွပါဘူး။

ျပီးရင္ေတာ့ ကုိယ့္ရဲ႕ Android ဖုန္း၊တက္ဘလက္ကို Steam run ထားတဲ့ကြန္ပ်ဴတာနဲ႔ခ်ိတ္ဆက္ရပါမယ္။ ေကာင္းေကာင္းေဆာ့လို႔ရႏုိင္ဖို႔ 5GHz Wi-Fi ျဖစ္ျဖစ္ Ethernet ၾကိဳးနဲ႔ပဲျဖစ္ျဖစ္ခ်ိတ္လိုက္ပါ။ Wi-Fi နဲ႔ဆိုရင္ ဖုန္းေရာကြန္ပ်ဴတာေရာ Wi-Fi network တူရမွာပါ။

Performance ပိုေကာင္းခ်င္ရင္ေတာ့ advanced setting ကေန setting သြားခ်ိန္လို႔ရႏိုင္ပါတယ္။ Valve ကေတာ့ 5GHz network နဲ႔ဆိုရင္ 1080p ကို 60fps နဲ႔ေဆာ့ႏုိင္မယ္လို႔ ဆိုထားပါတယ္။ ၾကိဳး network ကိုမွ ဖုန္းကလည္းလုိင္းဆြဲအားေကာင္းေကာင္းဆိုရင္ေတာ့ 4K 60fps နဲ႔ေတာင္ေဆာ့လို႔ရႏုိင္ပါတယ္။

ဖုန္းနဲ႔ေဆာ့တဲ့အခ်ိန္ ေဘးေတြမွာအနက္ေရာင္တန္းေတြပါရင္ေတာ့ ဒါ aspect ratio ကြာျခားခ်က္ေၾကာင့္ပါ။ iOS ေတြအတြက္ ဘယ္ခ်ိန္ထြက္မလဲမသိေသးေပမယ့္ ထြက္လာရင္ေတာ့ iOS 10 နဲ႔ေနာက္ပိုင္းဖုန္းေတြမွာ ေဆာ့လို႔ရႏုိင္မွာျဖစ္ပါတယ္။

[Unicode]

Download Steam Link beta and start playing your PC games on an Android device

PC မှာပဲကစားလို့ရတဲ့ဂိမ်းတွေကို မိုဘိုင်းလ်ဖုန်းတွေမှာပါဆော့ကစားလို့ရမယ့် App တစ်ခု Android ရော iOS အတွက်ပါထုတ်ပေးမယ့်အကြောင်း အရင်တစ်ပတ်က Valve ကကြေညာခဲ့ပြီးပါပြီ။ သူကတော့ PC/ Mac တွေမှာဖွင့်ထားတဲ့ဂိမ်းတွေကို စမတ်ဖုန်းမှာ streaming ဖွင့်ပြီးဆော့လို့ရနိုင်မယ့် app လေးပါ။

Android အတွက် beta ဗားရှင်းတော့ထွက်လာပြီဖြစ်လို့ Google Play Store မှာဒေါင်းချင်ဒေါင်းလို့ရနိုင်ပါပြီ။ iOS တွေအတွက်ကတော့ နည်းနည်းစောင့်ရဦးမယ်ထင်ပါတယ်။

ဒီ PC ဂိမ်းကြီးတွေကို စမတ်ဖုန်းလို device သေးသေးလေးမှာ ဘယ်လိုဆော့နိုင်မှာလဲဆိုတဲ့သူတွေအတွက် အရင်ဆုံး Steam Link beta app ကိုဒေါင်းလိုက်ပါ။

Download Steam Link beta and start playing your PC games on an Android device

Steam Controller ရှိတယ်ဆိုရင်တော့ Android phone/ tablet နဲ့ချိတ်လိုက်ပါ။ တခြား Bluetooth controller တော်တော်များများလည်း Steam Link app နဲ့အဆင်ပြေတဲ့အတွက် ကိစ္စမရှိပါဘူး။

ပြီးရင်တော့ ကိုယ့်ရဲ့ Android ဖုန်း၊တက်ဘလက်ကို Steam run ထားတဲ့ကွန်ပျူတာနဲ့ချိတ်ဆက်ရပါမယ်။ ကောင်းကောင်းဆော့လို့ရနိုင်ဖို့ 5GHz Wi-Fi ဖြစ်ဖြစ် Ethernet ကြိုးနဲ့ပဲဖြစ်ဖြစ်ချိတ်လိုက်ပါ။ Wi-Fi နဲ့ဆိုရင် ဖုန်းရောကွန်ပျူတာရော Wi-Fi network တူရမှာပါ။

Performance ပိုကောင်းချင်ရင်တော့ advanced setting ကနေ setting သွားချိန်လို့ရနိုင်ပါတယ်။ Valve ကတော့ 5GHz network နဲ့ဆိုရင် 1080p ကို 60fps နဲ့ဆော့နိုင်မယ်လို့ ဆိုထားပါတယ်။ ကြိုး network ကိုမှ ဖုန်းကလည်းလိုင်းဆွဲအားကောင်းကောင်းဆိုရင်တော့ 4K 60fps နဲ့တောင်ဆော့လို့ရနိုင်ပါတယ်။

ဖုန်းနဲ့ဆော့တဲ့အချိန် ဘေးတွေမှာအနက်ရောင်တန်းတွေပါရင်တော့ ဒါ aspect ratio ကွာခြားချက်ကြောင့်ပါ။ iOS တွေအတွက် ဘယ်ချိန်ထွက်မလဲမသိသေးပေမယ့် ထွက်လာရင်တော့ iOS 10 နဲ့နောက်ပိုင်းဖုန်းတွေမှာ ဆော့လို့ရနိုင်မှာဖြစ်ပါတယ်။

You may be interested

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ္ထြက္ရွိလာတဲ့ စစ္တိုက္တဲ့ ဂိမ္း ျဖစ္ပါတယ္။ ပင္လယ္ျပင္ထဲမွာ တိုက္ေရယာဥ္မ်ားျဖင့္ တိုက္ခိုက္ၾကရမွာပါ။ သင့္ရဲ႕ သေဘၤာနဲ႔ သင့္ တပ္သားမ်ားကို ထိန္းခ်ဳပ္ ကြပ္ကဲရမွာ ျဖစ္ပါတယ္။ Strategy…

Quick Charge 4.0+ ပါေထာက္ပံ့ေပးထားမယ့္ Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါေထာက္ပံ့ေပးထားမယ့္ Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ႔ပတ္သတ္ျပီး feature အမုိက္စားၾကီးေတြပါမယ္လုိ႔သတင္းထြက္ထားတဲ့အတြက္ အားလံုးရင္ခုန္ေနၾကပါျပီ။ in-display fingerprint sensor, ထြင္းေဖာက္ျမင္ႏုိင္တဲ့ေက်ာဘက္ကိုယ္ထည္၊ 3D face unlock, screen, internal အစိတ္အပိုင္းေတြနဲ႔ ေစ်းႏႈန္းကစလို႔ စိတ္ဝင္စားစရာျဖစ္ေနတဲ့အျပင္ ေနာက္ထပ္ feature တစ္ခုထပ္ပါလာျပန္ျပီဆုိေတာ့…

သင့္ Android မွ ေဒတာမ်ားကို သူမ်ားေတြ ျပန္ရွာမရေအာင္ ဘယ္လို ဖ်က္မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares42 views

သင့္ Android မွ ေဒတာမ်ားကို သူမ်ားေတြ ျပန္ရွာမရေအာင္ ဘယ္လို ဖ်က္မလဲ?

Ko Thuya - May 26, 2018

သင့္ Android ကို ျပန္ေရာင္းခ်င္လို႔ပဲ ျဖစ္ျဖစ္၊ အျခားလူကို ေပးခ်င္လို႔ပဲ ျဖစ္ျဖစ္ သင့္ရဲ႕ ကိုယ္ေရး ကိုယ္တာ ေဒတာမ်ားကို ရွင္းလင္းၿပီး Factory Reset ျပဳလုပ္ဖုိ႔ လိုအပ္ပါတယ္။ ဒါေပမယ့္ Factory Reset ခ်လိုက္ရံုနဲ႔ သင့္ ေဒတာမ်ားကို…

Leave a Comment

Most from this category