262 Shares 46 Views
May 18, 2018
262 46
[Zawgyi]
Ref: androidauthority
[Unicode]
HTC U12 Plus ရဲ့ Specification များ ပေါက်ကြား
HTC အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် Flagship စမတ်ဖုန်းကို နောက် ၅ရက် အလိုမှာ မိတ်ဆက်နိုင်ဖွယ် ရှိပါတယ်။ ဒီနေ့မှာတော့ HTC 12 Plus ရဲ့ Specification တွေဟာ တရားဝင် မိတ်ဆက်တဲ့ နေ့ကို မရောက်ခင် Evan Blass ရဲ့ တွစ်ကနေတစ်ဆင့် ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ ( Evan Blass ဟာ စမတ်ဖုန်းတွေရဲ့ အချက်အလက်ကို ကြိုသိတဲ့ နေရာမှာတော့ ဆရာကြီး တစ်ပါးပါ။ သူ့ဆီက ထွက်လာတဲ့ အချက်အလက်တွေဟာ လွဲခဲပါတယ်)
Evan Blass ရဲ့ တွစ်ကနေ တစ်ဆင့် ထွက်ရှိလာတဲ့ အရာတွေကတော့ HTC U12 Plus ရဲ့ Specification စာရွက်စာတမ်းနဲ့ ဒီဇိုင်း ကာလာ အနေအထား ဓာတ်ပုံများ ဖြစ်ကြပါတယ်။ တစ်ဖက်မှာလည်း Roland Quandt ဆိုသူက HTC U12 Plus ကို Black, Red Rose, Violet နဲ့ Translucent ဆိုပြီး အရောင် ၄မျိူးနဲ့ ထုတ်လုပ်ပြီး စျေးကြီးနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားပါတယ်။
Evan Blass ရဲ့ တွစ်တာမှ အချက်အလက်များ အရ HTC U12 Plus ဟာ Notch ပါဝင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ Dual Selfie Camera ကို တပ်ဆင်ထားလို့ပါ။ U12 Plus မှာ Operating System အပိုင်းအတွက် Android 8.0 Oreo ကို ထည့်သွင်းထားပြီး Android P ကိုလည်း Upgrade ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် “Pressure-sensitive” feature နဲ့ “Touch Feedback” experience တို့ပါဝင်လာပါတယ်။ အဲဒီ အရာတွေက ဘာတွေပြုလုပ်နိုင်လဲ၊ ဘယ်လို စွမ်းဆောင်ရည်တွေ ရှိလဲ ဆိုတာကိုတော့ တရားဝင် မိတ်ဆက်တဲ့ အခါကျမှဘဲ သိရမှာပါ။
HTC U12 Plus မှာ Water & Dust Resistance အတွက် IP68 Certification ပါဝင်နိုင်ပါတယ်။ ၆လက်မ မျက်နှာပြင် အကျယ်ရှိ Display ကို အသုံးပြုနိုင်ပြီး Resolution 1440 x 2880 pixels ပါဝင်နိုင်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 845 SoC ကို အသုံးပြုထားပြီး RAM 6GB ပါဝင်နိုင်ပါတယ်။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ရောင်းချနိုင်ဖွယ် ရှိပါတယ်။ MicroSD Card Slot လည်း ပါဝင်နိုင်ပါတယ်။
နောက်ကျောဘက်မှာ 12MP + 16MP Camera တွေကို အလျားလိုက် တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP + 8MP Camera တွေကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3500mAh ပါဝင်နိုင်ဖွယ် ရှိပါတယ်။
HTC U12 Plus နဲ့ ပတ်သတ်ပြီး ရောင်းချသွားမယ့် စျေးနှုန်းကို အတိအကျ မသိရသေးပါဘူး။ တရားဝင် မိတ်ဆက်တဲ့ အခါကျရင်လည်း HTC U12 Plus ရဲ့ Specification အပြည့်အစုံကို ထပ်မံ တင်ဆက် ရေးသားပေးပါ့မယ် ခင်ဗျာ။
Ref: androidauthority
You may be interested
Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း
FEATURES, HUBS, Vivo
0 shares16 views
Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း
Creepy Tyler - Oct 15, 2018
(Zawgyi) ၂၀၁၈ ခုနှစ်ဟာ စခရင်အပြည့်ဖုန်းတွေရဲ့ နှစ်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ စမတ်ဖုန်းတွေမှာ ဘောင်တွေ တဖြည်းဖြည်းပျောက်လာပြီး၊ အသုံးပြုသူတွေအတွက် ပိုမိုထဲထဲဝင်ဝင် ခံစားနိုင်တဲ့ Immersive Experiences ကို ပေးစွမ်းလာနိုင်ကြပါတယ်။ ဒါပေမယ့် စခရင်အပြည့်နဲ့ Immersive အရသာကို ပေးစွမ်းနိုင်ဖို့အတွက် ပြန်ရင်းနှီးပေးလိုက်ရတာ…
Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း
Apple, FEATURES, HOW TO
0 shares25 views
Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း
Ko Thuya - Oct 15, 2018
iOS 12 မှာ Apple Face ID အတွက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သင့် မိသားစုဝင်၊ သူငယ်ချင်းလို အခြား လူတစ်ဦးရဲ့ မျက်နှာကို သင့်ဖုန်းရဲ့ Face ID မှာ ထည့်သွင်းနိုင်တာ…
HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်
Android, HTC, HUBS
0 shares27 views
HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Oct 15, 2018
HTC က Blockchain Smartphone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာ လအနည်းငယ် ရှိနေပါပြီ။ မကြာခင်ကလည်း အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို ကုမ္ပဏီက ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အမည်က HTC Exodus ဖြစ်ပါတယ်။ အခုတော့…
Leave a Comment
Most from this category