6826 Shares 3433 Views
Apple iPhone အဟောင်းတွေအသစ်တွေကိုလှောင်ပြောင်လိုက်တဲ့ Samsung Galaxy S9 ကြော်ငြာ
May 18, 2018
6826 3433
[Zawgyi]
[Unicode]
Samsung ကတော့ ကြော်ငြာဗီဒီယိုရိုက်တိုင်း Apple ကိုခနဲ့တတ်တာအရင်ကတည်းကပါ။ အခုလည်းနောက်ဆုံးထွက် Galaxy S9 ရဲ့ကြော်ငြာဗီဒီယိုနဲ့ Apple ကို ခနဲ့လိုက်ပုံက fan တွေကို စိတ်ဆွနေသလိုဖြစ်နေမှာကျိန်းသေပါပဲ။
ခေါင်းစည်းကိုတော့ “Moving On” လို့ပေးထားပြီး iPhone 6 အဟောင်းကို ဆက်သုံးနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ တစ်နေ့တာအခက်အခဲတွေကို အသားပေးရိုက်ပြသွားတာပါ။ ဖုန်းနှေးနေတာတွေ၊ ရေစိုမခံတာတွေ ဆော့ဖ်ဝဲလ်အဆင်မပြေတာတွေ စတာတွေက သူ့ကို စိတ်ဆင်းရဲရလောက်တဲ့အထိ အမျိုးမျိုးဒုက္ခပေးနေတာကို အပီအပြင်ရိုက်ပြထားပါတယ်။
Apple Store ကိုရောက်တဲ့အချိန်မှာ Apple Genius က တစ်ယောက်က iPhone X ကိုပြောင်းသုံးဖို့ အစီအစဉ်ရှိမရှိမေးလိုက်တဲ့အခါ သူမရဲ့ ဆုံးဖြတ်ချက်က??  သိချင်ရင်တော့ အောက်ကဗီဒီယိုလေးကိုကြည့်ကြည့်လိုက်ပါ။
အပြင်မှာဆိုရင်တော့ Apple fan က iPhone X ကိုပြောင်းသုံးဖို့အလားအလာများပါတယ်။ ကြော်ငြာဆိုတော့လည်း….
iPhone X ရဲ့ notch ပုံစံ ဆံပင်ကေနဲ့ လူကိုမြင်ပြီးမှ Samsung ဖုန်းကိုပြောင်းလိုက်တဲ့ပုံစံမျိုးပြထားတာဆိုတော့ notch ကိုလှောင်ပြောင်ချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။ Samsung အနေနဲ့ သူ့ရဲ့နောက်ဆုံးထွက်ဖုန်းနဲ့ လွန်ခဲ့တဲ့ ၃နှစ်ခွဲလောက်ကထွက်ခဲ့တဲ့ဖုန်းကို ယှဉ်လိုက်တာကတော့ နည်းနည်းများပါတယ်။ ဒါပေမယ့် ဒီကြော်ငြာရဲ့ပေးချင်တဲ့ message ကိုက အဲလို iPhone အဟောင်းတွေကိုဆက်သုံးနေတဲ့ သန်းနဲ့ချီတဲ့ iPhone user တွေကို Samsung ရဲ့ Galaxy S9 နဲ့ S9+ ပြောင်းသုံးဖို့တိုက်တွန်းချင်နေတယ် ဆိုတာလေးပါပဲ။
Ref: PhoneArena, MacRumors
You may be interested
Huawei က Watch GT စမတ်နာရီကို ကြေညာ
Gadgets, Huawei, HUBS
0 shares0 views
Huawei က Watch GT စမတ်နာရီကို ကြေညာ
Ko Thuya - Oct 17, 2018
Huawei က Watch GT အမည်ရ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ နာရီဟာ ဘက်ထရီ သက်တမ်း အလွန်ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ သူ့မှာ Cortex-M4 Chipset ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ GPS များကို မသုံးရင် ဘက်ထရီ…
Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Android, HUBS, Lenovo
0 shares0 views
Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Ko Thuya - Oct 17, 2018
လီနိုဗိုက အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ A5 လည်း ပါဝင်ပြီး ခေတ်စားနေတဲ့ Notch တော့ မပါပါဘူး။ A5 ရဲ့ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ့ 3GB/32GB Model…
Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Android, Huawei, HUBS
0 shares21 views
Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Ko Thuya - Oct 17, 2018
ဟွာဝေးက အရွယ်ကြီး Mate 20 X နဲ့ တန်ဖိုးကြီး Porsche Design Mate 20 RS တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 X မှာ ၇.၂ လက်မ မျက်နှာပြင်၊ 5000mAh Battery…
Leave a Comment
Most from this category