704 Shares 135 Views

Samsung Galaxy Note 9 မှာ Bixby 2.0 ပါမည်

May 18, 2018
704 135

ဆမ်ဆောင်းက Galaxy Note 9 မှာ Bixby Version 2.0 ပါမယ်လို့ ကြေညာလိုက်ပါတယ်။ ဗားရှင်းအသစ်ဟာ လူတွေမေးတဲ့မေးခွန်းများကို ပိုမိုနားလည်လာပြီး လျှင်မြန်စွာ အဖြေများ ပြောပြနိုင်လာမှာ ဖြစ်ပါတယ်။ ဆူညံတဲ့ ပတ်ဝန်းကျင်မှာတောင် သခင်ရဲ့ အသံကို နားလည်ပါတယ်။ သူဟာ Version 1.0 ထက် လုပ်ဆောင်ချက်များ ပိုမို ပါဝင်လာမှာပါ။

ဆမ်ဆောင်းဟာ AI ဌာနအတွက် ၀န်ထမ်း ၁၀၀၀ ကိုလည်း တိုးချဲ့ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ကမ္ဘာအ၀န်းမှာ AI Centers အသစ်များကိုလည်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ ဆမ်ဆောင်းရဲ့ Device ပေါင်း ၁၄ သန်းမှာ Bixby ကို ထည့်သွင်းပေးဖို့ စီစဉ်ထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဆမ်ဆောင်း Devices အားလုံးဟာ စမတ်နေအိမ် အတွက် အသုံးပြုလာနိုင်မှာပါ။

Samsung က Galaxy Note 9 ကို ၂၀၁၈ ခုနှစ် ဒုတိယ နှစ်ဝက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ယခင်ကလည်း တရုတ် လူမှုကွန်ရက် ၀ီဘိုကနေ သူ့ရဲ့ မျက်နှာပြင်နဲ့ ဘက်ထရီ အရွယ်အစားများ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

Note 9 မှာ Note 8 ရဲ့ မျက်နှာပြင် အရွယ်အစားထက် အနည်းငယ် ပိုမို ကြီးမားတဲ့ ၆.၄ လက်မ အရွယ် မျက်နှာပြင်ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Aspect Ratio ကတော့ တူညီမယ်လို့ သိရပါတယ်။ မျက်နှာပြင် အရွယ်အစား အပိုင်းမှာ Note 9 နဲ့ S9+ တို့ဟာ မတိမ်းမယိမ်း ဖြစ်လာပါတယ်။ Note 9 မှာ Note 8 ရဲ့ 3300mAh Battery ထက် ပိုမိုကြီးမားတဲ့ 3850mAh or 4000mAh Battery များ ပါလာနိုင်ပါတယ်။

Note 9 မှာ S9, S9+ တို့ရဲ့ Snapdragon 845 Chipset ပဲ ပါလာမှာပါ။ Apple က နည်းပညာအခက်အခဲကြောင့် iPhone X မှာ လက်လျှော့ခဲ့ရတဲ့ မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံတဲ့ နည်းပညာကို Samsung Galaxy Note 9 မှာ ပါမယ်လို့ KGI Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က ယခင်က တွက်ဆထားပါတယ်။ အဲဒီအတွက် Galaxy Note 9 ပိုင်ရှင်များဟာ လက်ဗွေရာကို မျက်နှာပြင်ပေါ်တင်လိုက်တာနဲ့ စမတ်ဖုန်းကို Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena

unicode







Ref : gsmarena

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category