1 Shares 77 Views
FIFA World Cup Russia 2018 ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို အူရီဒူးဆင်းမ်ကဒ်သုံးပြီး မိုဘိုင်းဖုန်းမှာတိုက်ရိုက်ကြည့်ရှုနိုင်
May 18, 2018
1 77
[Zawgyi]
[Unicode]
အူရီဒူးဆင်းကတ်အသုံးပြုသူများအနေဖြင့် FIFA World Cup Russia 2018 ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံး ဘောလုံးပြိုင်ပွဲကြီးကို မိမိ၏မိုဘိုင်းဖုန်းမှ တိုက်ရိုက်ကြည့်ရှုနိုင်မည့် အခွင့်အလမ်းကို အခမဲ့ ရရှိရန်အတွက် အူရီဒူးမြန်မာသည် Sky Net ရုပ်သံနှင့် ပူးပေါင်းပြီး Official Broadcast Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့ပါသည်။
          ယခုအခါတွင် အူရီဒူးဆင်းကတ်အသုံးပြုသူများအနေဖြင့် စာရင်းသွင်းခ ပေးစရာမလိုဘဲ FIFA World Cup Russia 2018 ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးတွင်ပါဝင် ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးအသင်းများထဲမှာ မိမိတို့နှစ်သက်ရာအသင်း၏ပွဲစဉ်ကို မိမိ၏ မိုဘိုင်းဖုှန်းဖြင့် တိုက်ရိုက်ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲကို မိုဘိုင်းဖုန်းဖြင့်တိုက်ရိုက်ကြည့်ရှုရန် My Ooredoo App သာလိုအပ်ပြီး အူရီဒူး၏ အမြန်ဆုံး 4G နှင့် 3G ကွန်ရက်ကို အသုံးပြုပြီး အားပေးကြည့်ရှုနိုင်ပါသည်။
          FIFA World Cup 2018 ကို မိုဘိုင်းဖုန်းဖြင့် တိုက်ရိုက်ကြည့်ရှုရန် My Ooredoo App ကို မိမိ၏ မိုဘိုင်းဖုန်းနံပါတ်ဖြင့် လွယ်ကူစွာဖြင့် ဝင်ရောက်ပြီးသည့်အခါ FIFA World Cup 2018 ၏ နဖူးစည်းကြော်ငြာကို တွေ့ရမည်ဖြစ်ပြီး အဆိုပါ နဖူးစည်းကြော်ငြာကို ကလစ်နှိပ်လိုက်သည်နှင့် တပြိုင်နက် ဘောလုံးပွဲစဉ်တိုက်ရိုက်ထုတ်လွင့်မှုကို စတင်ကြည့်ရှူနိုင်မည်ဖြစ်ပါသည်။
          ဘောလုံးပွဲဝါသနာရှင် ပရိတ်သတ်များအနေဖြင့် ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးအား မိုဘိုင်းဖုန်းဖြင့် တိုက်ရိုက်ကြည့်ရှူနိုင်ရန်အတွက် Google Play Store, Apple App Store (သို့) *565# သို့ ဖုန်းခေါ်ဆိုပြီး My Ooredoo App  ဒေါင်းလုပ်ရယူပြီး ထည့်သွင်းနိုင်ပါသည်။
          အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က “အူရီဒူးဆင်းကတ်အသုံးပြုသူတွေအနေနဲ့ FIFA World Cup Russia 2018 ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး မိမိရဲ့ မိုဘိုင်းဖုန်းကတဆင့် တိုက်ရိုက်ကြည့်ရှူခွင့်ရဖို့  Sky Net နဲ့ ပူးပေါင်းခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အရင်ကဆိုရင် တီဗွီရှေ့မှာသာ ကမ္ဘာ့ဖလား ဘောလုံးပွဲကြည့်ရှူကြရပါတယ်။ အခုဆိုရင် အူရီဒူး ဆင်းကတ်အသုံးပြုသူတွေဟာ ကမ္ဘာ့ဖလား ဘောလုံးပွဲတိုက်ရိုက်ကြည့်ရှုဖို့ကို အခွင့်အလမ်းကို ပုံစံနောက်တမျိုးအနေနဲ့ ထပ်မံရရှိပါတယ်။ သူတို့တွေအနေနဲ့ အူရီဒူးဆင်းနဲ့ My Ooredoo App ကို ဒေါင်းလုပ်ရယူအသုံးပြီးပြီး ကိုယ့်ရဲ့ မိုဘိုင်းဖုန်းကနေတဆင့် FIFA World Cup Russia 2018 က ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အချိန်နေရာမရွေးမှာ ကြည့်ရှုခွင့်ရပြီဖြစ်ပါတယ်။” ဟု ပြောကြားလိုက်ပါသည်။
အူရီဒူးမှ ဘောလုံးဝါသနာရှင်ပရိတ်သတ်များအတွက် မိုဘိုင်းဖုန်းကနေ ကမ္ဘာဖလားဘောလုံးပွဲစဉ်တွေကို တိုက်ရိုက်ကြည့်ရှုခွင့်အပြင် ကမ္ဘာ့ဖလားဘောလုံးပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကစားကြမည့် အသင်း ၃၂သင်းကို ကိုယ်စားပြုတဲ့ ဖုန်းငွေဖြည့်ကဒ်တွေကို အရေအတွက် အကန့်အသတ်ဖြင့် အထူးအစီစဉ်အနေနဲ့ ထပ်မံပြီး ရောင်းချပေးမှာဖြစ်ပါသည်။ ကမ္ဘာဖလားဘောလုံးပွဲကာလအတွင်း ထူးခြားသော အစီအစဉ်များ ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် အူရီဒူးဆင်းမ်ကဒ်အသုံးပြူသူများအနေဖြင့် အူရီဒူးမြန်မာ၏ တရားဝင် Facebook Page, Viber, Instagram နဲ့ ဝဘ်ဆိုက်ကို မျက်ခြေမပြတ်စောင့်ကြည့်လိုက်ပါ။ သင့်အနေနဲ့ ကမ္ဘာဖလားဘောလုံးပွဲကို စိတ်လှုပ်ရှားရင်ခုန်စွာနဲ့အားပေးဖို့ အူရီဒူးဆင်းမ်ကဒ်ကို အသုံးပြုပြီး My Ooredoo App ကို ဒေါင်းလုပ်ရယူအသုံးပြုထားလိုက်ပါ။
You may be interested
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
Ko Thuya - Jan 16, 2019
ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Ko Thuya - Jan 16, 2019
တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Ko Thuya - Jan 16, 2019
Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…
Leave a Comment
Most from this category