975 Shares 293 Views

Xiaomi က ၈ ႏွစ္ျပည့္ Anniversary Phone ထုတ္မည္

May 18, 2018
975 293

ေရွာင္မီကို ၂၀၁၀ ခုႏွစ္က စတင္ တည္ေထာင္ခဲ့ၿပီး အခုဆိုရင္ ကမာၻ႕ ထိပ္တန္း စမတ္ဖုန္း ကုမၸဏီမ်ားထဲမွ တစ္ခု ျဖစ္လာပါၿပီ။ အခုေတာ့ ေရွာင္မီက ၈ ႏွစ္ျပည့္ Anniversary Phone ကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းထြက္လာပါတယ္။

ဒီသတင္းကို ေရွာင္မီက တရား၀င္ အတည္ျပဳေျပာၾကားျခင္း မရွိေသးေပမယ့္ တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ Teaser Image မ်ား ထြက္ေပၚလာပါတယ္။ ဓါတ္ပံုမွာ 8 ဂဏန္းကို ေရးသားထားပါတယ္။ ဓါတ္ပံုမွ အရိပ္အျမြက္ ျပသထားတဲ့ သတင္းအခ်က္အလက္မ်ားအရ အဲဒီ စမတ္ဖုန္းမွာ Qualcomm Snapdragon 845 SoC ၊ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ 3D Face Scanning မ်ား ပါလာႏုိင္ပါတယ္။ အဲဒီ စမတ္ဖုန္း အလံုး ၁၀၀ ကို Xiaomi Fans မ်ားအတြက္ မဲေဖာက္ေပးမယ္လို႔လည္း ေရးသားထားပါတယ္။

ဒီလထဲမွာေတာ့ ေရွာင္မီရဲ႕ ဖုန္း အသစ္တစ္လံုးကို မိတ္ဆက္ဖို႔ ရွိေနပါတယ္။ Xiaomi Mi 7 ကို ယခုလ ၂၃ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ေနပါတယ္။ Geekbench မွာ ထြက္ေပၚခဲ့ဖူးတဲ့ သတင္းအခ်က္အလက္မ်ားအရ စြမ္းေဆာင္ရည္ျမင့္ Xiaomi Mi 7 မွာ ၅.၆၅ လက္မ Full HD+ Display တပ္ဆင္ထားၿပီး အခုေခတ္စားေနတဲ့ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္း ျဖစ္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ 16MP+16MP Dual Camera မ်ား ပါလာႏုိင္ပါတယ္။ 64GB နဲ႔ 128GB Storage Model မ်ား ထုတ္လုပ္ေပးထားႏုိင္ၿပီး ႀကိဳးမဲ့အားသြင္းစနစ္ ပါလာႏုိင္ပါတယ္။ စြမ္းေဆာင္ရည္ျမင့္ Qualcomm Snapdragon 845 Chipset ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

Xiaomi Mi 7 မွာ 6GB RAM ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ယခင္ေပါက္ၾကားခဲ့ဖူးတဲ့ သတင္းမ်ားအရ သူ႔အတြက္ 8GB RAM ေမာ္ဒယ္ကိုလည္း ထုတ္လုပ္ေရာင္းခ်ႏုိင္ပါတယ္။ Mi 6 တုန္းကလည္း 4GB နဲ႔ 6GB RAM ေမာ္ဒယ္ႏွစ္မ်ိဳးကို ထုတ္လုပ္ေရာင္းခ်ေပးခဲ့ဖူးပါတယ္။ Geekbench ရဲ႕ စမ္းသပ္ခ်က္အရ Mi 7 ရဲ႕ Single နဲ႔ Multi-Cores ရမွတ္မ်ားဟာ အျခား Snapdragon 845 Phone မ်ားနဲ႔ မတိမ္းမယိမ္း ရွိေနပါတယ္။ သူ႔ရဲ႕ တန္ဖိုုးဟာ ၄၇၅ ေဒၚလာ ၀န္းက်င္ ရွိႏုိင္ပါတယ္။

Ref : gsmarena

unicode

Xiaomi က ၈ နှစ်ပြည့် Anniversary Phone ထုတ်မည်

ရှောင်မီကို ၂၀၁၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အခုဆိုရင် ကမ္ဘာ့ ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်လာပါပြီ။ အခုတော့ ရှောင်မီက ၈ နှစ်ပြည့် Anniversary Phone ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

ဒီသတင်းကို ရှောင်မီက တရားဝင် အတည်ပြုပြောကြားခြင်း မရှိသေးပေမယ့် တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Teaser Image များ ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံမှာ 8 ဂဏန်းကို ရေးသားထားပါတယ်။ ဓါတ်ပုံမှ အရိပ်အမြွက် ပြသထားတဲ့ သတင်းအချက်အလက်များအရ အဲဒီ စမတ်ဖုန်းမှာ Qualcomm Snapdragon 845 SoC ၊ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ 3D Face Scanning များ ပါလာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်း အလုံး ၁၀၀ ကို Xiaomi Fans များအတွက် မဲဖောက်ပေးမယ်လို့လည်း ရေးသားထားပါတယ်။

ဒီလထဲမှာတော့ ရှောင်မီရဲ့ ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ဖို့ ရှိနေပါတယ်။ Xiaomi Mi 7 ကို ယခုလ ၂၃ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ Geekbench မှာ ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအချက်အလက်များအရ စွမ်းဆောင်ရည်မြင့် Xiaomi Mi 7 မှာ ၅.၆၅ လက်မ Full HD+ Display တပ်ဆင်ထားပြီး အခုခေတ်စားနေတဲ့ မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ အနောက်ဘက်မှာ 16MP+16MP Dual Camera များ ပါလာနိုင်ပါတယ်။ 64GB နဲ့ 128GB Storage Model များ ထုတ်လုပ်ပေးထားနိုင်ပြီး ကြိုးမဲ့အားသွင်းစနစ် ပါလာနိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 845 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Xiaomi Mi 7 မှာ 6GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ယခင်ပေါက်ကြားခဲ့ဖူးတဲ့ သတင်းများအရ သူ့အတွက် 8GB RAM မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။ Mi 6 တုန်းကလည်း 4GB နဲ့ 6GB RAM မော်ဒယ်နှစ်မျိုးကို ထုတ်လုပ်ရောင်းချပေးခဲ့ဖူးပါတယ်။ Geekbench ရဲ့ စမ်းသပ်ချက်အရ Mi 7 ရဲ့ Single နဲ့ Multi-Cores ရမှတ်များဟာ အခြား Snapdragon 845 Phone များနဲ့ မတိမ်းမယိမ်း ရှိနေပါတယ်။ သူ့ရဲ့ တန်ဖိုုးဟာ ၄၇၅ ဒေါ်လာ ဝန်းကျင် ရှိနိုင်ပါတယ်။

Ref : gsmarena

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ

Ko Thuya - Aug 21, 2018

ေရွာင္မီက Pocophone F1 အမည္ရ စမတ္ဖုန္း အသစ္ကို ဖန္တီးေနတဲ့ သတင္းမ်ား မၾကာခဏ ထြက္ေပၚလာပါတယ္။ သူ႔ကို ယခုလ ၂၂ ရက္ေန႔မွာ အိႏၵိယမွာ ေၾကညာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ အခုေတာ့ Geekbench မွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာၿပီး…

နယ္သာလန္မွ Apple Store တစ္ခုမွာ iPad ေပါက္ကြဲမႈ ျဖစ္ပြား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ္သာလန္မွ Apple Store တစ္ခုမွာ iPad ေပါက္ကြဲမႈ ျဖစ္ပြား

Ko Thuya - Aug 21, 2018

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က နယ္သာလန္ ႏိုင္ငံ အမ္စတာဒမ္မွ Apple Store တစ္ခုမွာ အိုင္ပတ္ တစ္လံုး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ပါတယ္။ ဒါဟာ ဘက္ထရီ ျပႆနာ သို႔မဟုတ္ အပူလြန္ကဲမႈေၾကာင့္ ျဖစ္တယ္လို႔ နယ္သာလန္မွ မီဒီယာတစ္ခု ျဖစ္တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ႕ တရားဝင္ထြက္ရွိလာျပီျဖစ္တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares77 views

Waterdrop Notch ပါ Display နဲ႕ တရားဝင္ထြက္ရွိလာျပီျဖစ္တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ႕ ကိုယ္ပိုင္ Digital Assistant ျဖစ္တဲ့ Jovi က ေျပာထားတဲ့အတိုင္း Vivo X23 ဖုန္းဟာ ယေန႕၊ ၾသဂုတ္လ ၂၀ ရက္ေန႕မွာ တရားဝင္ထြက္ရွိလာျပီ ျဖစ္ပါတယ္။ Vivo ရဲ႕ တရုတ္ႏိုင္ငံဝဘ္ဆိုဒ္ကေန တရားဝင္ထြက္ရွိလာတာျဖစ္ျပီး၊…

Leave a Comment

Most from this category