133 Shares 62 Views

Messaging Apps များစွာမှာ Facebook Messenger Chat Head လို သုံးနိုင်မယ့် Flychat

May 17, 2018
133 62

စမတ်ဖုန်းများရဲ့ အရွယ်အစားဟာ သေးငယ်တဲ့အတွက် Apps များကို တစ်ပြိုင်နက် အသုံးပြုဖို့ ခက်ခဲပါတယ်။ အဲဒီအတွက် Developers များက စကရင်တစ်ခုထဲမှာ Apps များကို ဘေးချင်းယှဉ် အသုံးပြုနိုင်တဲ့ Multi-Windows စွမ်းဆောင်ချက်များကို တီထွင်လာကြပါတယ်။ Flychat ဟာလည်း ဒီလို Multitasking ပြုလုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ Flychat ဟာ ဆန်းသစ်တဲ့ နည်းလမ်းဖြင့် သင့်ရဲ့ Messengers များမှ Messages များကို ဖတ်နိုင်အောင် ပံ့ပိုးပေးပါတယ်။ သင့်ထံ Messenger များမှ စာများ ၀င်လာရင် Flychat က Facebook Messenger ရဲ့ Chat Head လို အခြား App များအပေါ်မှာ Floating Bubble အနေဖြင့် ပြသပေးတာ ဖြစ်ပါတယ်။ Bubble ကို တစ်ချက်နှိပ်ပြီး ၀င်လာတဲ့ စာကို ဖတ်နိုင်သလို စာပြန်နိုင်ပါတယ်။ အဲဒီအတွက် လက်ရှိ သုံးနေတဲ့ App ကို ပိတ်စရာမလိုဘဲ Messenger များကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Flychat က WhatsApp, Telegram , Hangouts , Facebook Messenger တို့ကို ထောက်ပံ့ပါတယ်။ Material Design ဖြစ်တဲ့အတွက် လှပ သေသပ်ပါတယ်။ ဖိုင်အရွယ်အစား သေးငယ်ပြီး ပေါ့ပါးပါတယ်။

သူ့ကို ပထမဆုံး အကြိမ်ဖွင့်ရင် Permissions တောင်းမှာပါ။ Receive notifications မှ ခလုတ်ကို On ပေးပါ။

နောက်အဆင့်မှာ အမှန်ခြစ်ကို နှိပ်ပါ။

ဒါဆိုရင် သင့်ဖုန်းထဲမှာ အင်စတောလုပ်ထားတဲ့ Messenger များကို ပြသထားတဲ့ Home Screen ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ Floating Bubble ဖြင့် အသုံးပြုချင်တဲ့ Messenger များရဲ့ ညာဘက်ဘေးမှ ခလုတ်ကို On ပေးပါ။

Messenger တစ်ခုရဲ့ Settings ထဲသွားပါ။ Color မှာ Bubble ရဲ့ အရောင်ကို ပြောင်းလဲနိုင်ပါတယ်။ Light Theme နဲ့ Dark Theme ၂ ခုထဲက နှစ်သက်ရာကို သုံးနိုင်ပါတယ်။ မဖတ်ရသေးတဲ့ စာအရေအတွက်ကို ပြသပေးတဲ့ Badge ကို On နိုင်ပါတယ်။ Badge color ကို ပြောင်းလဲနိုင်ပါတယ်။

အောက်ဘက်မှ Screen on ကို On ပေးရင် Message ၀င်လာတာနဲ့ စကရင်ကို ဖွင့်ပေးမှာပါ။ Bind to notification မှာ On ပေးရင် Status Bar မှ Notification ကို ဖယ်ရှားလိုက်တာနဲ့ Flychat ကို ပိတ်ပေးမှာပါ။ Flychat ဖွင့်ထားစဉ်မှာ Status Bar မှာ Notification မရချင်ရင် Cancel notification မှာ On ပေးပါ။ Flychat ကို ပိတ်လိုက်တာနဲ့ Status Bar မှ Notification ကို ဖယ်ရှားစေချင်ရင် Remove notification မှာ On ပေးပါ။

Flychat ရဲ့ အလုပ်လုပ်ပုံကို သိချင်ရင် Home Screen ရဲ့ ဘယ်ဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ Intro ထဲ ၀င်ပါ။ Try a Flychat ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် Floating Bubble တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီ Floating Bubble ကို တစ်ချက်နှိပ်ပြီး စာများကို ကြည့်နိုင်ပါတယ်။ အဲဒီကနေ စာပြန်နိုင်ပါတယ်။

Floating Bubble ကို ပိတ်ချင်ရင် လက်နဲ့ ဖိပြီး အောက်ဘက်ကို ပွတ်ဆွဲပါ။ အမှိုက်ပုံးပေါ် တင်ပေးရင် ပိတ်ပေးမှာပါ။

သူ့ရဲ့ ဖိုင်အရွယ်အစားဟာ 2.9MB ရှိပြီး Android Version 4.4 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။ အောက်ပါ လင့်မှာ ရယူပါ။

Download

unicode

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category