0 Shares 90 Views

Google နဲ့ Acer တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ၂၄ လက်မအရွယ် Chromebase all-in-one ကွန်ပြူတာ

Apr 04, 2016
0 90

အင်တာနက်ကုမ္ပဏီကြီး Google နဲ့ ထိုင်ဝမ်အီလက်ထရောနစ်ကုမ္ပဏီ Acer တို့ ပူးပေါင်းကာ၊ အလုပ်ခွင်ဗီဒီယိုအစည်းအဝေးတွေပြုလုပ်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ Chromebase all-in-one ကွန်ပြူတာ ထွက်ပေါ်လာပါပြီ။

တန်ကြေး ၇၉၉ ဒေါ်လာရှိတဲ့ Chromebase all-in-one pc ဟာ မျက်နှာပြင်အကျယ် ၂၄ လက်မ ၊ 1080 p touchscreen ပါရှိပြီး၊ အရည်အသွေးမြင့်ကင်မရာ၊ မိုက်ခရိုဖုန်းလေးလုံးနဲ့၊ စတီရီယိုစပီကာနှစ်လုံးပါရှိပါတယ်။ ဒီ့အပြင် ဗီဒီယိုအစည်းအဝေးတွေလုပ်ရာမှာ အသုံးပြုတဲ့ device တွေကို ထိန်းချုပ်နိုင်မယ့် tools တွေလည်း တပါတည်းပါရှိတာကြောင့် လုပ်ငန်းရှင်တွေအကြိုက်တွေ့မယ့်ကွန်ပြူတာတစ်လုံးပါ။

Acer ရဲ့ အဆိုအရတော့၊ ဒီကွန်ပြူတာဟာ Chrome OS သုံး ကွန်ပြူတာတွေထဲမှာ မျက်နှာပြင်အကြီးမားဆုံး ကွန်ပြူတာဖြစ်တယ်လို့ သိရပါတယ်။

Chromebook တွေဟာ အသုံးပြုရလွယ်ကူသလို၊ ဗိုင်းရပ်စ်ကာကွယ်မှုတပါတည်းပါရှိပြီး၊ ဘက်ထရီသက်တမ်းလည်း တော်တော်ကြာတဲ့ ကွန်ပြူတာတွေဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည်ကျဆင်းတာမျိုးမရှိသလို၊ OS တက်တဲ့အချိန်လည်း မြန်ဆန်တာကြောင့် အလုပ်ခွင်တွေအတွက် တော်တော်အဆင်ပြေတဲ့ကွန်ပြူတာမျိုးပါ။

ဒီ့အပြင် Chromebase ကွန်ပြူတာဟာ Android ဖုန်းတွေနဲ့ပါ sync လုပ် ချိတ်ဆက်နိုင်တာကြောင့်၊ အပြင်တစ်နေရာရာရောက်နေလို့ ကွန်ပြူတာပါမလာဘူးဆိုရင်တောင် ဖုန်းနဲ့တင် ဗီဒီယိုအစည်းအဝေးပြုလုပ်နိုင်ပါတယ်။

အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ အိုင်ယာလန် နဲ့ သြစတြေးလျနိုင်ငံတွေမှာ မကြာမီရောင်းချသွားမှာဖြစ်ပြီး၊ အာမခံသက်တမ်းတစ်နှစ်ပါ ပါရှိတယ်လို့ သိရပါတယ်။

Ref: Indian express

 

You may be interested

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Microsoft, NEWS, Softwares & Application
0 shares0 views

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft

Nwe Oo Thant - Apr 19, 2018

[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Apple, NEWS
669 shares162 views

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်

Nwe Oo Thant - Apr 19, 2018

[Zawgyi]           Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone  တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…

ဖုန်းအသစ်လဲသင့်ပြီဆိုတာပြနေတဲ့ အချက်၅ချက်
FEATURES, Mobiles & Tablets
553 shares218 views

ဖုန်းအသစ်လဲသင့်ပြီဆိုတာပြနေတဲ့ အချက်၅ချက်

Nwe Oo Thant - Apr 19, 2018

[Zawgyi] အစားအသောက်တွေတောင်မှ တစ်ယောက်နဲ့တစ်ယောက်ကြိုက်တဲ့အရသာချင်းမတူနိုင်ပါဘူး။ ဒီတော့ ဖုန်းတစ်လုံးကို ဘယ်လောက်ကြာကြာသုံးလဲ ဘယ်လို user အမျိုးအစားလဲဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက်တူနိုင်မှာမဟုတ်ပါဘူး။ အခုဖော်ပြလိုက်တာကလည်း ကိုယ်သုံးနေတဲ့စမတ်ဖုန်းတစ်လုံး လဲချိန်တန်ပြီလား ဆက်သုံးလို့ရသေးလားဆိုတာ ကိုယ်တိုင်ဆန်းစစ်လို့ရနိုင်မယ့်အချက်လေးတွေပါပဲ။ တစ်ချို့လည်း ဒီနှစ်ထွက်တဲ့နောက်ဆုံးပေါ် Galaxy S9 လေးဝယ်လိုက် နောက်နှစ်အသစ်ထွက်လည်း လဲရင်လဲနိုင်လောက်အောင် ဝယ်နိုင်တဲ့သူတွေရှိပါလိမ့်မယ်။…

Leave a Comment

Most from this category