116 Shares 43 Views
May 17, 2018
116 43
[Zawgyi]
Ref: theverge
[Unicode]
အနာဂတ်ရဲ့ ရုံးလုပ်ငန်းတွေ အတွက် Microsoft Surface Hub 2
Microsoft အနေနဲ့ Surface Hub ရဲ့ ဒုတိယ မျိူးဆက်ဖြစ်တဲ့ Surface Hub 2 ကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ မူလ ပထမ Surface Hub ကို ၂၀၁၆ခုနှစ်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး 1080p 55” နဲ့ 4K 84” ဆိုပြီး ၂မျိူး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Surface Hub 2 ကတော့ ၅၀.၅လက်မ အရွယ်အစားရှိတဲ့ Display ကို အသုံးပြုထားပြီး 4K ထက် ပိုမိုကောင်းမွန်တဲ့ Resolution နဲ့ ဖြစ်ပါတယ်။ 3:2 Aspect Ratio Display အမျိူးအစားဖြစ်ပြီး အလွန်ပါးလွှာတဲ့ ဘေးဘောင်တွေကို အသုံးပြုထားပါတယ်။ Landscape နဲ့ Portrait ကို လိုအပ်သလို လှည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Microsoft က Surface Hub 2 နဲ့ ပတ်သတ်ပြီး အချက်အလက်တွေကို စုံလင်အောင် ပြောပြ မသွားပါဘူး။ ထွက်ရှိမယ့် နေ့ရက်နဲ့ ရောင်းချသွားမယ့် စျေးနှုန်းကို အတိအကျ မသိရသေးပေမယ့် ၂၀၁၉ခုနှစ်လောက်မှာ မြင်တွေ့နိုင်ပါတယ်။ Surface Hub 2 ရဲ့ Hardware အပိုင်း တည်ဆောက်ပုံတွေကတော့ တော်တော်လေး ကြီးကျယ် ခမ်းနားပုံ ရပါတယ်။ Software အပိုင်းမှာလည်း ပိုမိုကောင်းမွန်လာတယ် ဆိုပေမယ့် Windows 10 ကိုဘဲ အသုံးပြုထားဆဲ ဖြစ်ပါတယ်။ Login ဝင်ဖို့အတွက် Fingerprint Reader ကို ထည့်သွင်းပေးထားပြီး လူအများက အလုပ်တစ်ခုကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ Video Calls ပြောဖို့အတွက် 4K Camera နဲ့ အရည်အသွေးမြင့် Far-field Microphone များ ထည့်သွင်းပေးထားပါတယ်။ 4K Webcam တွေက USB-C ကနေ တစ်ဆင့် တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် အလွယ်တကူ ဖြုတ်နိုင်၊ တပ်နိုင်မှာ ဖြစ်ပါတယ်။
Surface Hub 2 တွေကို ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒ့ါကြောင့် ဝန်ထမ်းတွေဟာ Surface Hub 2 တွေကို ရုံးအတွင်းမှာ အလွယ်တကူ ရွေ့ပြောင်းသယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Surface Hub 2 ရဲ့ Dimensions နဲ့ Weight တွေကိုတော့ Microsoft က ပြောကြားသွားခြင်း မရှိပါဘူး။ Microsoft ဟာ Surface Hub 2 တွေကို စမတ်ကျကျ အသုံးပြုနိုင်ဖို့နဲ့ နံရံတွေမှာ ကပ်ပြီး အသုံးပြုနိုင်ဖို့အတွက် Steelcase ကုမ္ပဏီနဲ့အတူ လက်တွဲလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ၄င်း Monitors ၄လုံးကို ပေါင်းပြီး တစ်လုံးတည်း အဖြစ် အသုံးပြုနိုင်သလို ၄လုံးတွဲလျက်ကိုလည်း တစ်လုံးချင်းစီ ခွဲပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Microsoft ဟာ ပထမမျိူးဆက် Surface Hub ရဲ့ လိုအပ်ချက်များကို Surface Hub 2 မှာ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် မလိုအပ်တဲ့ အရာများကိုလည်း ဖယ်ရှားပြီး ပိုမိုကောင်းမွန်တဲ့ Surface Hub 2 အဖြစ် ပွဲထွက်လာနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
Ref: theverge
You may be interested
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Ko Thuya - Jan 16, 2019
တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares25 views
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Ko Thuya - Jan 16, 2019
Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…
iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
916 shares187 views
iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Nigma - Jan 15, 2019
(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…
Leave a Comment
Most from this category