568 Shares 99 Views

Nokia 3(2018) ရဲ႕ ေက်ာဘက္ကိုယ္ထည္ဒီဇုိင္းပံုေပၚထြက္လာ

May 17, 2018
568 99

[Zawgyi]

ထြက္လာေတာ့မယ့္ Nokia ဖုန္းသစ္ေလးရဲ႕ ေက်ာဘက္ကိုယ္ထည္ဒီဇုိင္းပံုေလးကေတာ့ အြန္လိုင္းမွာေပါက္ၾကားလာခဲ့ျပန္ပါျပီ။ ဒီ Nokia ဖုန္းေတြကိုထုတ္ေနတဲ့ HMD Global ကေတာ့ လာမယ့္ေမလ ၂၉ရက္ေန႔ ရုရွားမွာက်င္းပမယ့္ပြဲမွာ ဖုန္းအသစ္ေတာ္ေတာ္မ်ားမ်ားကုိ မိတ္ဆက္သြားဖို႔ရိွတယ္လို႔ ဆိုျပီးသားပါ။ ဘယ္စမတ္ဖုန္းေတြကိုမိတ္ဆက္လာမလဲမသိရေပမယ့္ အခုအသစ္ထြက္လာတဲ့ပံုေလးကေတာ့ ဒီပြဲမွာမိတ္ဆက္လာမယ့္ဖုန္းသစ္တစ္လံုးရဲ႕ ေက်ာဘက္ကုိယ္ထည္ဒီဇုိင္းျဖစ္မယ္လုိ႔ မွန္းရပါတယ္။

ပံုကိုၾကည့္လိုက္ရင္ ေက်ာဘက္ကိုယ္ထည္ကို ပလတ္စတစ္အမာသားနဲ႔ျပဳလုပ္ထားတဲ့ပံုေပါက္တဲ့အတြက္ low-end စမတ္ဖုန္းတစ္လံုးျဖစ္ပါလိ့မ္မယ္။ လာမယ့္ပြဲမွာမိတ္ဆက္မယ္လို႔မွန္းထားတဲ့ဖုန္း၂လံုးထဲက တစ္လံုးကေတာ့ မႏွစ္က Nokia 5 ရဲ႕ေနာက္မ်ိဳးဆက္ဖုန္းတစ္လံုးျဖစ္ျပီး က်န္တဲ့တစ္လံုးကေတာ့ Nokia 3 ကို 2018 edition နဲ႔ထြက္လာမယ့္တစ္လံုးပါ။ အရင္ Nokia 3 ရဲ႕ဒီဇိုင္းက ေလးေထာင့္စက္စက္ဒီဇုိင္းနဲ႔ ေဘးေလးနည္းနည္းပဲခံုးထားေပမယ့္ Nokia 5 ကေတာ့ ေထာင့္ေတြပိုဝုိင္းျပီး ပိုလည္းခံုးပါတယ။္ အခုထြက္လာတဲ့ေနာက္ေက်ာဘက္ကိုယ္ထည္ဒီဇုိင္းက ေလးေထာင့္စက္စက္ဒီဇုိင္းျဖစ္တဲ့အတြက္ Nokia 3 (2018) ျဖစ္မယ္လို႔ပဲယူဆပါတယ္။ Nokia 5 ကုိဒီဇုိင္းေျပာင္းမယ္ဆိုရင္ေတာ့ မေျပာတတ္ပါဘူး။

ပထမဆံုးအေနနဲ ကင္မရာကို မၾကာေသးခင္ကထြက္ခဲ့တဲ့ Nokia ဖုန္းေတြလို ေသးေသးရွည္ရွည္ဒီဇုိင္းသစ္ေလးလုပ္ထားပါတယ္။ သူ႔ေအာက္နားမွာလည္း အဝုိင္းေလးပါတဲ့အတြက္ ျဖစ္ႏုိင္တာက ေနာက္ဘက္မွာ fingerprint scanner ထားေတာ့မယ့္ပံုပါ။ fingerprint ကိုေနာက္ဖက္ပို႔လိုက္ရတဲ့အေၾကာင္းကေတာ့ Nokia X6 ေတြလို display ရွည္ရွည္ထားခ်င္လို႔ျဖစ္ႏုိင္ပါတယ္။ ေနာက္ဆံုးတစ္ခ်က္ကေတာ့ ေအာက္ဘက္နားမွာရွင္းရွင္းၾကီးျမင္ေနရတဲ့ Android One ဆုိတဲ့တံဆိပ္ပါ။ ဒါဆိုရင္ေတာ့ Google နဲ႔တြဲဖက္ထုတ္ထားတဲ့ Nokia ရဲ႕ဖုန္းသစ္တစ္လံုးကို လာမယ့္ ၂၉ရက္ေန႔မွာ ျမင္ရဦးမွာပါ။

လာမယ့္ပြဲမွာ Nokia 3(2018), Nokia 5 အျပင္ Nokia X5 န႔ဲ X7 တုိ႔ကလည္း Nokia X6 လိုဒီဇုိင္းပံုစံမ်ိဳးနဲ႔ထြက္လာႏုိင္ပါေသးတယ္။ အေသးစိတ္ကိုေတာ့ ၂၉ရက္ေန႔မွ တေခါက္ျပန္ၾကည့္ရေအာင္..

Ref: PhoneArena, GsmArena

 

[Unicode]

ထွက်လာတော့မယ့် Nokia ဖုန်းသစ်လေးရဲ့ ကျောဘက်ကိုယ်ထည်ဒီဇိုင်းပုံလေးကတော့ အွန်လိုင်းမှာပေါက်ကြားလာခဲ့ပြန်ပါပြီ။ ဒီ Nokia ဖုန်းတွေကိုထုတ်နေတဲ့ HMD Global ကတော့ လာမယ့်မေလ ၂၉ရက်နေ့ ရုရှားမှာကျင်းပမယ့်ပွဲမှာ ဖုန်းအသစ်တော်တော်များများကို မိတ်ဆက်သွားဖို့ရှိတယ်လို့ ဆိုပြီးသားပါ။ ဘယ်စမတ်ဖုန်းတွေကိုမိတ်ဆက်လာမလဲမသိရပေမယ့် အခုအသစ်ထွက်လာတဲ့ပုံလေးကတော့ ဒီပွဲမှာမိတ်ဆက်လာမယ့်ဖုန်းသစ်တစ်လုံးရဲ့ ကျောဘက်ကိုယ်ထည်ဒီဇိုင်းဖြစ်မယ်လို့ မှန်းရပါတယ်။

ပုံကိုကြည့်လိုက်ရင် ကျောဘက်ကိုယ်ထည်ကို ပလတ်စတစ်အမာသားနဲ့ပြုလုပ်ထားတဲ့ပုံပေါက်တဲ့အတွက် low-end စမတ်ဖုန်းတစ်လုံးဖြစ်ပါလိ့မ်မယ်။ လာမယ့်ပွဲမှာမိတ်ဆက်မယ်လို့မှန်းထားတဲ့ဖုန်း၂လုံးထဲက တစ်လုံးကတော့ မနှစ်က Nokia 5 ရဲ့နောက်မျိုးဆက်ဖုန်းတစ်လုံးဖြစ်ပြီး ကျန်တဲ့တစ်လုံးကတော့ Nokia 3 ကို 2018 edition နဲ့ထွက်လာမယ့်တစ်လုံးပါ။ အရင် Nokia 3 ရဲ့ဒီဇိုင်းက လေးထောင့်စက်စက်ဒီဇိုင်းနဲ့ ဘေးလေးနည်းနည်းပဲခုံးထားပေမယ့် Nokia 5 ကတော့ ထောင့်တွေပိုဝိုင်းပြီး ပိုလည်းခုံးပါတယ။် အခုထွက်လာတဲ့နောက်ကျောဘက်ကိုယ်ထည်ဒီဇိုင်းက လေးထောင့်စက်စက်ဒီဇိုင်းဖြစ်တဲ့အတွက် Nokia 3 (2018) ဖြစ်မယ်လို့ပဲယူဆပါတယ်။ Nokia 5 ကိုဒီဇိုင်းပြောင်းမယ်ဆိုရင်တော့ မပြောတတ်ပါဘူး။

ပထမဆုံးအနေနဲ ကင်မရာကို မကြာသေးခင်ကထွက်ခဲ့တဲ့ Nokia ဖုန်းတွေလို သေးသေးရှည်ရှည်ဒီဇိုင်းသစ်လေးလုပ်ထားပါတယ်။ သူ့အောက်နားမှာလည်း အဝိုင်းလေးပါတဲ့အတွက် ဖြစ်နိုင်တာက နောက်ဘက်မှာ fingerprint scanner ထားတော့မယ့်ပုံပါ။ fingerprint ကိုနောက်ဖက်ပို့လိုက်ရတဲ့အကြောင်းကတော့ Nokia X6 တွေလို display ရှည်ရှည်ထားချင်လို့ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အောက်ဘက်နားမှာရှင်းရှင်းကြီးမြင်နေရတဲ့ Android One ဆိုတဲ့တံဆိပ်ပါ။ ဒါဆိုရင်တော့ Google နဲ့တွဲဖက်ထုတ်ထားတဲ့ Nokia ရဲ့ဖုန်းသစ်တစ်လုံးကို လာမယ့် ၂၉ရက်နေ့မှာ မြင်ရဦးမှာပါ။

လာမယ့်ပွဲမှာ Nokia 3(2018), Nokia 5 အပြင် Nokia X5 နဲ့ X7 တို့ကလည်း Nokia X6 လိုဒီဇိုင်းပုံစံမျိုးနဲ့ထွက်လာနိုင်ပါသေးတယ်။ အသေးစိတ်ကိုတော့ ၂၉ရက်နေ့မှ တခေါက်ပြန်ကြည့်ရအောင်..

Ref: PhoneArena, GsmArena

You may be interested

Huawei က Watch GT စမတ္နာရီကို ေၾကညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ္နာရီကို ေၾကညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည္ရ စမတ္နာရီကို ေၾကညာလိုက္ပါတယ္။ နာရီဟာ ဘက္ထရီ သက္တမ္း အလြန္ေကာင္းၿပီး ကိုယ္လက္လႈပ္ရွားမႈမ်ားကို တိုင္းတာေပးႏုိင္ပါတယ္။ သူ႔မွာ Cortex-M4 Chipset ထည့္သြင္းထားပါတယ္။ ႏွလံုးခုန္ႏႈန္း တိုင္းတာျခင္းနဲ႔ GPS မ်ားကို မသံုးရင္ ဘက္ထရီ…

Lenovo က တန္ဖိုးနည္း A5 ကို မိတ္ဆက္
Android, HUBS, Lenovo
0 shares0 views

Lenovo က တန္ဖိုးနည္း A5 ကို မိတ္ဆက္

Ko Thuya - Oct 17, 2018

လီႏိုဗိုက အိႏၵိယမွာ တန္ဖုိးနည္း စမတ္ဖုန္းမ်ားကို ေၾကညာလိုက္ပါတယ္။ အဲဒီအထဲမွာ A5 လည္း ပါ၀င္ၿပီး ေခတ္စားေနတဲ့ Notch ေတာ့ မပါပါဘူး။ A5 ရဲ႕ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ႔ 3GB/32GB Model…

Huawei Mate 20 X နဲ႔ Porsche Design Mate 20 RS တို႔ကို ေၾကညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ႔ Porsche Design Mate 20 RS တို႔ကို ေၾကညာ

Ko Thuya - Oct 17, 2018

ဟြာေ၀းက အရြယ္ႀကီး Mate 20 X နဲ႔ တန္ဖိုးႀကီး Porsche Design Mate 20 RS တို႔ကို ေၾကညာလုိက္ပါတယ္။ Mate 20 X မွာ ၇.၂ လက္မ မ်က္ႏွာျပင္၊ 5000mAh Battery…

Leave a Comment

Most from this category