1603 Shares 589 Views

တန္ဖုိးနည္း Sony Xperia L2 ကို ေလ့လာၾကည့္ရေအာင္

May 17, 2018
1603 589

Sony က စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းမ်ားသာမက တန္ဖုိးနည္း စမတ္ဖုန္းမ်ားကိုပါ ထုတ္လုပ္ေရာင္းခ်ေပးေနပါတယ္။ သူ႔ရဲ႕ တန္ဖုိးနည္း စမတ္ဖုန္း အသစ္ Xperia L2 ဟာ တန္ဖိုးနည္း ဖုန္းေစ်းကြက္မွာ လူႀကိဳက္မ်ားေနတဲ့ Xiaomi ရဲ႕ ဖုန္းမ်ားကို ယွဥ္ႏိုင္သလားဆိုတာ ေလ့လာၾကည့္ရေအာင္။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

ဆိုနီဟာ ေလးေထာင့္က်က် စမတ္ဖုန္း ဒီဇိုင္းကို ကိုင္စြဲထားပါတယ္။ Xperia L2 ဟာလည္း ဒီအတိုင္းပဲ ျဖစ္ပါတယ္။ ထိပ္နဲ႔ ေအာက္ေျခမ်ားဟာ ျပားခ်ပ္ၿပီး ဖုန္းေထာင့္စြန္းမ်ားဟာ ေထာင့္မွန္က်ပါတယ္။ သူဟာ ထူထဲၿပီး အေလးခ်ိန္ စီးပါတယ္။ ၉.၈ မီလီမီတာ အထူရွိၿပီး ၁၇၈ ဂရမ္ အေလးခ်ိန္ရွိပါတယ္။ ပလတ္စတစ္ကိုယ္ထည္ကို သံုးထားတာကလည္း အားနည္းခ်က္ျဖစ္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္နဲ႔ ေအာက္မွ ေဘာင္မ်ားဟာလည္း ထူထဲတဲ့အတြက္ ေခတ္စားေနတဲ့ ေဘာင္ေပ်ာက္ ဒီဇိုင္းမ်ားနဲ႔ ဆန္႔က်င္ေနပါတယ္။

သူ႔မွာ ၅.၅ လက္မ HD IPS LCD Display တပ္ဆင္ထားပါတယ္။ ဒီေန႔ေခတ္ တန္ဖိုးနည္း စမတ္ဖုန္းမ်ားမွာ Full HD Display ကို စံႏႈန္းအေနျဖင့္ ထည့္သြင္းေပးထားတဲ့အတြက္ သူ႔ရဲ႕ မ်က္ႏွာျပင္ဟာ အားနည္းေနပါတယ္။ အလင္းေရာင္နဲ႔ အေရာင္တိက်မႈမ်ားက အေျခခံအားျဖင့္ ေကာင္းပါတယ္။ ဒါေပမယ့္ ေနေရာင္ေအာက္ထဲမွာေတာ့ စကရင္ကို ၾကည့္ရတာ အေတာ္ဆိုးပါတယ္။

ကင္မရာ

သူ႔ရဲ႕ အေနာက္ဘက္မွာ 13MP f/2.0 Main Camera တပ္ဆင္ထားတာက တန္ဖိုးနည္း ဖုန္းတစ္လံုးအတြက္ေတာ့ ေကာင္းေနပါတယ္။ အေရာင္တိက်ၿပီး သဘာ၀က်တဲ့ ဓါတ္ပံုေကာင္းမ်ား ဖမ္းယူေပးႏိုင္ပါတယ္။ ဒါေပမယ့္ တန္ဖိုးနည္း ဖုန္းမ်ားရဲ႕ ထံုးစံအတိုင္း အလင္းေရာင္ နည္းပါးတဲ့ အေျခအေနမ်ားမွာေတာ့ ဓါတ္ပံုမ်ားဟာ အရည္အေသြး သိပ္မေကာင္းပါဘူး။ Shutter Speed နဲ႔ Autofocus System မ်ားကလည္း ေႏွးေကြးပါတယ္။ Auto Mode မွာ ရိုက္တဲ့ အခါေတြ႕ရတဲ့ အားနည္းခ်က္ အနည္းငယ္ကို HDR Mode က ေဖ်ာက္ထားေပးႏုိင္ပါတယ္။

သူ႔ရဲ႕ အေရွ႕ဘက္မွာ ၁၂၀ ဒီဂရီ ျမင္ကြင္းက်ယ္ 8MP Camera ထည့္ေပးထားပါတယ္။ Group Selfie မ်ား ရိုက္ကူးဖို႔အတြက္ အလြန္ ေကာင္းပါတယ္။ ဒါ့အျပင္ ျမင္ကြင္းက်ယ္ ရႈခင္းမ်ားကို သင္နဲ႔ အတူ ဖမ္းယူဖို႔အတြက္လည္း အလြန္ မိုက္ပါတယ္။

စြမ္းေဆာင္ရည္

သူ႔မွာ Quad-Core MediaTek MT6737T Chipset ထည့္သြင္းထားပါတယ္။ RAM ကေတာ့ 3GB ပါ။ သူ႔မွာ Navigation မ်ား ျပဳလုပ္တဲ့အခါ အိုေကပါတယ္။ ဒါေပမယ့္ သူ႔ကို Wake လုပ္ၿပီး App မ်ားဖြင့္ျခင္း၊ မီႏူးမ်ား ဆြဲခ်ျခင္းမ်ား ျပဳလုပ္တဲ့အခါမွာေတာ့ အနည္းငယ္ တုန္႔ဆိုင္းပါတယ္။ ဂိမ္းမ်ား ကစားတဲ့အခါမွာ အေရာင္အေသြးမ်ားက ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ စြမ္းအင္စားသံုးမႈမ်ားတဲ့ ဂိမ္းမ်ား ကစားတဲ့အခါမွာေတာ့ တုန္႔ဆိုင္းမႈမ်ားကို ရင္ဆိုင္ရပါတယ္။

ဘက္ထရီ သက္တမ္း

သူ႔မွာ 3300mAh Battery တပ္ဆင္ထားပါတယ္။ တစ္ခါအားအျပည့္သြင္းထားရင္ မနက္ကေန ညဘက္အထိ အသံုးခံတဲ့အတြက္ ဘက္ထရီ သက္တမ္းေကာင္းမြန္ပါတယ္။ သာမာန္သာသံုးရင္ ႏွစ္ရက္ေလာက္ေတာင္ အသံုးခံပါတယ္။ Screen Brightness ကို အျပည့္ထားၿပီး မိနစ္ ၉၀ ၾကာ HD Video ကို ၾကည့္တဲ့အခါမွာ ၁၇ ရာခုိင္ႏႈန္းသာ ကုန္တာက အထင္ႀကီးစရာပါ။

အနွစ္ခ်ဳပ္

Sony Xperia L2 ဟာ ျမန္မာေငြ သံုးသိန္းသာ တန္ေၾကးရွိပါတယ္။ အဲဒီ ေစ်း၀န္းက်င္ ဖုန္းမ်ားထဲမွာေတာ့ သူ႔ရဲ႕ ပလတ္စတစ္ ကိုယ္ထည္နဲ႔ HD Display က အားနည္းပါတယ္။ Chipset ရဲ႕ စြမ္းရည္ကေတာ့ မဆိုးပါဘူး။ လက္ေဗြရာ အာရံုခံ ကိရိယာပါေပမယ့္ သိပ္ၿပီး မွီခိုလို႔ မရပါဘူး။ သူ႔ရဲ႕ အားသာခ်က္မ်ားကေတာ့ ျမင္ကြင္းက်ယ္ Selfie Camera နဲ႔ အလြန္ ေကာင္းတဲ့ ဘက္ထရီ သက္တမ္း ျဖစ္ပါတယ္။

Ref : techradar

unicode

တန်ဖိုးနည်း Sony Xperia L2 ကို လေ့လာကြည့်ရအောင်

Sony က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများသာမက တန်ဖိုးနည်း စမတ်ဖုန်းများကိုပါ ထုတ်လုပ်ရောင်းချပေးနေပါတယ်။ သူ့ရဲ့ တန်ဖိုးနည်း စမတ်ဖုန်း အသစ် Xperia L2 ဟာ တန်ဖိုးနည်း ဖုန်းဈေးကွက်မှာ လူကြိုက်များနေတဲ့ Xiaomi ရဲ့ ဖုန်းများကို ယှဉ်နိုင်သလားဆိုတာ လေ့လာကြည့်ရအောင်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ဆိုနီဟာ လေးထောင့်ကျကျ စမတ်ဖုန်း ဒီဇိုင်းကို ကိုင်စွဲထားပါတယ်။ Xperia L2 ဟာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ထိပ်နဲ့ အောက်ခြေများဟာ ပြားချပ်ပြီး ဖုန်းထောင့်စွန်းများဟာ ထောင့်မှန်ကျပါတယ်။ သူဟာ ထူထဲပြီး အလေးချိန် စီးပါတယ်။ ၉.၈ မီလီမီတာ အထူရှိပြီး ၁၇၈ ဂရမ် အလေးချိန်ရှိပါတယ်။ ပလတ်စတစ်ကိုယ်ထည်ကို သုံးထားတာကလည်း အားနည်းချက်ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာလည်း ထူထဲတဲ့အတွက် ခေတ်စားနေတဲ့ ဘောင်ပျောက် ဒီဇိုင်းများနဲ့ ဆန့်ကျင်နေပါတယ်။

သူ့မှာ ၅.၅ လက်မ HD IPS LCD Display တပ်ဆင်ထားပါတယ်။ ဒီနေ့ခေတ် တန်ဖိုးနည်း စမတ်ဖုန်းများမှာ Full HD Display ကို စံနှုန်းအနေဖြင့် ထည့်သွင်းပေးထားတဲ့အတွက် သူ့ရဲ့ မျက်နှာပြင်ဟာ အားနည်းနေပါတယ်။ အလင်းရောင်နဲ့ အရောင်တိကျမှုများက အခြေခံအားဖြင့် ကောင်းပါတယ်။ ဒါပေမယ့် နေရောင်အောက်ထဲမှာတော့ စကရင်ကို ကြည့်ရတာ အတော်ဆိုးပါတယ်။

ကင်မရာ

သူ့ရဲ့ အနောက်ဘက်မှာ 13MP f/2.0 Main Camera တပ်ဆင်ထားတာက တန်ဖိုးနည်း ဖုန်းတစ်လုံးအတွက်တော့ ကောင်းနေပါတယ်။ အရောင်တိကျပြီး သဘာဝကျတဲ့ ဓါတ်ပုံကောင်းများ ဖမ်းယူပေးနိုင်ပါတယ်။ ဒါပေမယ့် တန်ဖိုးနည်း ဖုန်းများရဲ့ ထုံးစံအတိုင်း အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာတော့ ဓါတ်ပုံများဟာ အရည်အသွေး သိပ်မကောင်းပါဘူး။ Shutter Speed နဲ့ Autofocus System များကလည်း နှေးကွေးပါတယ်။ Auto Mode မှာ ရိုက်တဲ့ အခါတွေ့ရတဲ့ အားနည်းချက် အနည်းငယ်ကို HDR Mode က ဖျောက်ထားပေးနိုင်ပါတယ်။

သူ့ရဲ့ အရှေ့ဘက်မှာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် 8MP Camera ထည့်ပေးထားပါတယ်။ Group Selfie များ ရိုက်ကူးဖို့အတွက် အလွန် ကောင်းပါတယ်။ ဒါ့အပြင် မြင်ကွင်းကျယ် ရှုခင်းများကို သင်နဲ့ အတူ ဖမ်းယူဖို့အတွက်လည်း အလွန် မိုက်ပါတယ်။

စွမ်းဆောင်ရည်

သူ့မှာ Quad-Core MediaTek MT6737T Chipset ထည့်သွင်းထားပါတယ်။ RAM ကတော့ 3GB ပါ။ သူ့မှာ Navigation များ ပြုလုပ်တဲ့အခါ အိုကေပါတယ်။ ဒါပေမယ့် သူ့ကို Wake လုပ်ပြီး App များဖွင့်ခြင်း၊ မီနူးများ ဆွဲချခြင်းများ ပြုလုပ်တဲ့အခါမှာတော့ အနည်းငယ် တုန့်ဆိုင်းပါတယ်။ ဂိမ်းများ ကစားတဲ့အခါမှာ အရောင်အသွေးများက ကောင်းမွန်ပါတယ်။ ဒါပေမယ့် စွမ်းအင်စားသုံးမှုများတဲ့ ဂိမ်းများ ကစားတဲ့အခါမှာတော့ တုန့်ဆိုင်းမှုများကို ရင်ဆိုင်ရပါတယ်။

ဘက်ထရီ သက်တမ်း

သူ့မှာ 3300mAh Battery တပ်ဆင်ထားပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် မနက်ကနေ ညဘက်အထိ အသုံးခံတဲ့အတွက် ဘက်ထရီ သက်တမ်းကောင်းမွန်ပါတယ်။ သာမာန်သာသုံးရင် နှစ်ရက်လောက်တောင် အသုံးခံပါတယ်။ Screen Brightness ကို အပြည့်ထားပြီး မိနစ် ၉၀ ကြာ HD Video ကို ကြည့်တဲ့အခါမှာ ၁၇ ရာခိုင်နှုန်းသာ ကုန်တာက အထင်ကြီးစရာပါ။

အနှစ်ချုပ်

Sony Xperia L2 ဟာ မြန်မာငွေ သုံးသိန်းသာ တန်ကြေးရှိပါတယ်။ အဲဒီ ဈေးဝန်းကျင် ဖုန်းများထဲမှာတော့ သူ့ရဲ့ ပလတ်စတစ် ကိုယ်ထည်နဲ့ HD Display က အားနည်းပါတယ်။ Chipset ရဲ့ စွမ်းရည်ကတော့ မဆိုးပါဘူး။ လက်ဗွေရာ အာရုံခံ ကိရိယာပါပေမယ့် သိပ်ပြီး မှီခိုလို့ မရပါဘူး။ သူ့ရဲ့ အားသာချက်များကတော့ မြင်ကွင်းကျယ် Selfie Camera နဲ့ အလွန် ကောင်းတဲ့ ဘက်ထရီ သက်တမ်း ဖြစ်ပါတယ်။

Ref : techradar

You may be interested

Huawei က Watch GT စမတ္နာရီကို ေၾကညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ္နာရီကို ေၾကညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည္ရ စမတ္နာရီကို ေၾကညာလိုက္ပါတယ္။ နာရီဟာ ဘက္ထရီ သက္တမ္း အလြန္ေကာင္းၿပီး ကိုယ္လက္လႈပ္ရွားမႈမ်ားကို တိုင္းတာေပးႏုိင္ပါတယ္။ သူ႔မွာ Cortex-M4 Chipset ထည့္သြင္းထားပါတယ္။ ႏွလံုးခုန္ႏႈန္း တိုင္းတာျခင္းနဲ႔ GPS မ်ားကို မသံုးရင္ ဘက္ထရီ…

Lenovo က တန္ဖိုးနည္း A5 ကို မိတ္ဆက္
Android, HUBS, Lenovo
0 shares0 views

Lenovo က တန္ဖိုးနည္း A5 ကို မိတ္ဆက္

Ko Thuya - Oct 17, 2018

လီႏိုဗိုက အိႏၵိယမွာ တန္ဖုိးနည္း စမတ္ဖုန္းမ်ားကို ေၾကညာလိုက္ပါတယ္။ အဲဒီအထဲမွာ A5 လည္း ပါ၀င္ၿပီး ေခတ္စားေနတဲ့ Notch ေတာ့ မပါပါဘူး။ A5 ရဲ႕ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ႔ 3GB/32GB Model…

Huawei Mate 20 X နဲ႔ Porsche Design Mate 20 RS တို႔ကို ေၾကညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ႔ Porsche Design Mate 20 RS တို႔ကို ေၾကညာ

Ko Thuya - Oct 17, 2018

ဟြာေ၀းက အရြယ္ႀကီး Mate 20 X နဲ႔ တန္ဖိုးႀကီး Porsche Design Mate 20 RS တို႔ကို ေၾကညာလုိက္ပါတယ္။ Mate 20 X မွာ ၇.၂ လက္မ မ်က္ႏွာျပင္၊ 5000mAh Battery…

Leave a Comment

Most from this category