519 Shares 396 Views
Play Store ပေါ်ကနေ ကိုယ့်နိုင်ငံမှာမရနိုင်တဲ့ app တွေကိုဒေါင်းလုပ်ဆွဲနည်း
May 17, 2018
519 396
[Zawgyi]
၎. Connection request တောင်းလာခဲ့ရင် agree လုပ်ပေးလိုက်ပါ။
[Unicode]
အမိုက်စားဂိမ်းတစ်ခု ဒါမှမဟုတ် streaming service app တစ်ခုကိုတွေ့ထားတယ်ဆိုပါစို့။ ဒေါင်းဖို့ Google Play ကိုဝင်တော့မှ “not available in your country” ဒီနိုင်ငံမှာမရနိုင်ဘူးဆိုတာကြီးများပေါ်လာလို့ စိတ်တွေများညစ်ဖူးပါသလား??  Android မှာ ဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းကောင်းတွေရှိပါတယ်။ အဲ့ထဲက အလွယ်ဆုံးနည်းလမ်းတစ်ခုကိုဖော်ပြပေးလိုက်ပါတယ။်
ပထမဆုံးက VPN ေကျာ်ဖို့ပါ။ VPN ကျော်တဲ့နေရာမှာကျွန်တော်သုံးသလောက်အလွယ်ဆုံးကတော့ TunnelBear ပါပဲ။
AndroidPIT Nexus 6P tunnel bear vpn
၁။ ပထမဆုံး TunnelBear ကိုဒေါင်းလိုက်ပါ။ TunnelBear တောင်မှ Google Play မှာ “not available” ပြနေတာမို့ တခြား app store တစ်ခုခုကဖြစ်ဖြစ် apkpure တို့ကနေဖြစ်ဖြစ်အရင်ဒေါင်းလိုက်ပါ။
၂. ပြီးသွားရင် app ကိုဖွင့်ပြီး အကောင့်ဖွင့်ပါ။
၃. ပေါ်လာတဲ့မြေပုံရဲ့အပေါ်နားမှာ switch ခလုတ်လေးရှိပါတယ်။ switch လေးကိုဖွင့်ပြီး အောက်နားမှာ ကိုယ်ကြိုက်တဲ့နိုင်ငံရွေးပေးလိုက်တာနဲ့ ဝက်ဝံလေးကအဲ့နေရာကိုသွားလို့ရောက်တဲ့အချိန်ထိ ခနစောင့်ပေးရုံပါ။
AndroidPIT TunnelBear VPN
၄. Connection request တောင်းလာခဲ့ရင် agree လုပ်ပေးလိုက်ပါ။
၅. VPN အသစ်ကိုရောက်သွားပြီဆိုရင် “connected” ဆိုတာလေးပြလာပါလိမ့်မယ်။ ကဲဒါဆိုရင်တော့ Google Play Store မှာ ကြိုက်တဲ့ app ( သူ့နိုင်ငံမှာခွင့်ပြုထားတဲ့ app တွေ) ကို ဒေါင်းလို့ရပါပြီ။
AndroidPIT install hulu region restriction
ဒါပေမယ့် တစ်ချက်မှတ်စရာကျန်ပါသေးတယ်။ “not available in your country” ပြနေသေးတယ်ဆိုရင် Setting> Apps> Google Play Store ကိုဝင်ပြီး Clear Cache, Clear Data လုပ်ပစ်လိုက်ပါ။ နောက်တစ်ကြိမ်လောက်ထပ်လုပ်ပြီး Play Store ကိုပြန်ဝင်ကြည့်လိုက်ရင်တော့ “not available in your country” ဆိုတာပျောက်ပြီး install အေးဆေးလုပ်လို့ရပါပြီ။ တစ်ခါတစ်လေ Google Play မှာကိုယ်လိုချင်တဲ့ app ကိုရှာရင် မဆိုင်တဲ့ ဆင်တူတဲ့ app တွေအများကြီးကျလာပြီး ဘယ်ဟာအမှန်မှန်း ရှာရခက်တာမို့ Google Chrome ကိုဖွင့်ပြီး app နာမည်ရိုက်ရှာ အဲ့ကမှ Play Store ကိုသွားတဲ့လင့်ခ်ကို နှိပ်ပြီးတိုက်ရိုက်သွားတာက ပိုအဆင်ပြေပါလိမ့်မယ်။ ဒါဆို VPN ကျော်ပြီး ကိုယ့်နိုင်ငံကိုမပေးတဲ့ ကိုယ့်ဆီမှာမရတဲ့ app တွေကို အားရပါးရဒေါင်းလုပ်ဆွဲလိုက်ရအောင်…
You may be interested
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
Ko Thuya - Jan 16, 2019
ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Ko Thuya - Jan 16, 2019
တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Ko Thuya - Jan 16, 2019
Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…
Leave a Comment
Most from this category